ရိုနယ်ဒို ရဲ့ လျော့တွက်ခြင်း ခံထားရတဲ့ အရည်အချင်းတစ်ခု ( သို့မဟုတ် ) ဂိုးဖန်တီးခြင်း

ခရစ္စတီယာနို ရိုနယ်ဒို အကြောင်း ပြောရမယ် ဆိုရင် သွင်းဂိုးတွေ ကို ချန်ရစ် ထားလို့ မရနိုင် ပါဘူး ။ ပေါ်တူဂီ တိုက်စစ်မှုးကြီး ဟာ စပို့တင်း လစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ လာ အပြီးမှာ ထိပ်တန်း အဆင့် ခြေစွမ်းတွေ ကို ပိုင်ဆိုင် လာခဲ့ပြီး လက်ရှိ မှာတော့ ရွှေဘောလုံး ၅ ဆုရှင် ဖြစ်လာ ခဲ့ ပါတယ် ။ ဒီလို အောင်မြင်မှုတွေ မှာ အဓိက ပံ့ပိုး ပေးခဲ့တာ ကတော့ ရိုနယ်ဒို ရဲ့ သွင်းဂိုးတွေ ပဲဆိုတာ ငြင်းလို့ မရနိုင် ခဲ့ ပါဘူး ။

ဒါပေမယ့် သွင်းဂိုးတွေ ဟာ ရိုနယ်ဒို ပိုင်ဆိုင် ထားတဲ့ တစ်ခု တည်းသော အရည် အသွေး မဟုတ်ပါဘူး ။ ပေါ်တူဂီသား ဟာ အနိုင် မခံ အရှုံးမပေး လိုတဲ့ စိတ်ဓါတ် ကြောင့်လည်း ဘောလုံး လောက မှာ ကျော်ကြားခဲ့ ပါတယ် ။ သူ့ရဲ့ အကောင်းဆုံးကိုသာ လိုချင်ပြီး မဖြစ်ဖြစ်အောင် ကြိုးစားနိုင်တဲ့ စွမ်းရည် ဟာ မျိုးဆက်သစ် အားကစား သမား တွေ အတွက် စံနမူနာ ကောင်း ဖြစ်စေခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ လူငယ် ကစား သမား ဘ၀ မှာ တုန်းက အလိမ် အခေါက် နဲ့ အလှပြ ကစားမှုတွေ ကို မကြာခဏ ပြုလုပ်ခဲ့ ပါတယ် ။ နောက်ပိုင်း မှာတော့ ဂိုးသွင်းဖို့ ကိုသာ အဓိက ထားလာ ခဲ့တာ ကြောင့် သူ့ရဲ့ ဖျော်ဖြေမှု ဆန်တဲ့ ဘောလုံး အရည်အသွေးတွေ ဟာ မသွေးတော့တဲ့ ဓားတစ်ချောင်းလို ထက်မြက်ခြင်း မရှိတော့ ပါဘူး ။

ဒါပေမယ့် သူ့ရဲ့ ခေါင်းတိုက် စွမ်းရည် ၊ အမြင့်ခုန် စွမ်းရည် ၊ ထိပ်တန်း တိုက်စစ်မှုး တစ်ယောက် မှာ ရှိသင့် ရှိထိုက်တဲ့ အရည်အသွေးတွေ ကတော့ အတုယူ အားကျ စရာတွေ ဖြစ်ခဲ့ ရပါတယ် ။ ယမန်နေ့ ညက စီးရီးအေ ပွဲ အပြီးမှာတော့ ရိုနယ်ဒို ဟာ နောက်ဆုံး ဆယ်ရာသီ ဆက်တိုက် သွင်းဂိုး ၃၀ ပြည့်မြောက် အောင် သွင်းယူ နိုင်ခဲ့ပြီ လည်း ဖြစ်ပါတယ် ။

 

ဒီလို ကောင်းမွန်တဲ့ အရည်အသွေးများစွာ ပိုင်ဆိုင် ထားပေမယ့် ရိုနယ်ဒို နဲ့ ပတ်သက်ပြီး ပရိသတ်တွေ လျော့တွက် ထားကြတဲ့ အရည်အသွေးကောင်း တစ်ခု ရှိနေ ပါတယ် ။ အဲ့ဒါ ကတော့ ဂိုးဖန်တီးမှုပါ ။ ရိုနယ်ဒို လို့ ပြောလိုက်ရင် တော်တော် များများက သွင်းဂိုးတွေ ကိုသာ မြင်တတ် ကြပါတယ် ။ ဒါပေမယ့် ဂိုးဖန်တီးမှု ကလည်း မခေ ခဲ့ပါဘူး ။

ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ် ကနေ လက်ရှိ ၂၀၂၀ ခုနှစ် အတွင်း နှစ်ပေါင်း ၂၀ မှာ ရိုနယ်ဒို ရဲ့ ဂိုးဖန်တီးမှု ဟာ ၂၅၀ ကျော် ရှိနေပါတယ် ။ ဒါဟာ နှစ် ၂၀ အတွင်း မှာ ဒုတိယ အများဆုံး ဖြစ်ပြီး King of Assist လို့ နာမည်ကျော်တဲ့ အိုဇေးလ် ၊ လက်ရှိ ပရီးမီးယားလိဂ် မှာ တောက်ပ နေတဲ့ ဒီဘရိုင်း ၊ ဘာစီလိုနာ ဂန္ထဝင်တွေ ဖြစ်တဲ့ ဇာဗီ နဲ့ အင်နီယေစတာ ၊ တစ်ချိန်က လန်ဒန် ကလပ်တို့ရဲ့ အသည်းကျော် ဆက် ဖာဘရီဂတ် တို့ထက် ပိုမို များပြား နေခဲ့ တာကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ရိုနယ်ဒို ဟာ ဂိုးဖန်တီးမှုပေါင်း ၂၅၈ ကြိမ်ပြုလုပ် ထားခဲ့ပြီး သူ့ရဲ့ နောက်မှာတော့ လူးဝစ် ဆွာရက် က ၂၅၆ ကြိမ် နဲ့ ကပ်လိုက်နေခဲ့ ပါတယ် ။ အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် ကလည်း ၂၅၃ ကြိမ် နဲ့ ဆွာရက် နောက်မှာ ရှိနေပြီး ကျန်တဲ့ ကစား သမားတွေ ကတော့ အကြိမ် ၂၅၀ အောက်မှာသာ ရှိခဲ့ကြ ပါတယ် ။

ဘာစီလိုနာ ဂန္ထဝင် ၂ ဦး ဖြစ်တဲ့ ဇာဗီ နဲ့ အင်နီယေစတာ တို့ ဟာ ၂၃၀ နဲ့ ၁၈၂ ကြိမ် တို့သာ ဖန်တီးထား နိုင်ခဲ့ ကြပြီး ရိုနယ်ဒို နဲ့ ဝေးကွာ ခဲ့ပါတယ် ။ ဟာဇက် ၊ ရွန်းနီ ၊ ဒေးဗစ် ဘက်ခမ်း ၊ နေမာ ၊ ရော်ဘင် ၊ အွန်နရီ ၊ ဇလာတန် အီဘရာဟီမိုဗစ်ချ် စတဲ့ နာမည်ကျော်တွေ ဟာ ဖန်တီးမှု ၂၀၀ အောက်မှာသာ ရှိခဲ့ ကြပါတယ် ။

ဒီလို မှတ်တမ်းကောင်းတွေ ရှိနေပေမယ့် ရိုနယ်ဒို ရဲ့ ဂိုးဖန်တီးမှု ဟာ ဘာကြောင့် အသိအမှတ်ပြု မခံ ခဲ့ရတာလဲ ? အဖြေကရှင်း ပါတယ် ။ မက်ဆီ က ပိုများ နေပြီး အရေအတွက် ကလည်း ကွာလွန်းနေတာကြောင့် ပါ ( ၂၅၈ – ၃၁၉ ) ။ ဒါပေမယ့် ရိုနယ်ဒို ရဲ့ ဂိုးဖန်တီးမှု အရေအတွက် ဟာ မက်ဆီ က လွဲရင် ကျန်တဲ့ ကစား သမား အားလုံးထက် သာလွန်နေတာ ကိုတော့ ငြင်းလို့ မရနိုင် ပါဘူး ။

ဒါကြောင့် မက်ဆီ ဟာ ဘောလုံး သမိုင်းမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ အကောင်းတကာ့ အကောင်းဆုံး ကစား သမားလို့ သတ်မှတ် မယ်ဆိုရင် ရိုနယ်ဒို ဟာ အဲ့ဒီ ကစား သမား ကို အကောင်းဆုံး ယှဉ်ပြိုင် ဖိအားပေး နိုင်တဲ့ အံ့ဖွယ် ကစား သမား လို့ လက်ခံ ရမှာ အမှန်ပါပဲ ။

SPORTS MYANMAR