လာမယ့် ရာသီ မှာ ဇီယက်ချ် ကို ကိုင်တွယ်ရမယ့် လမ်းပတ် ကို ကြိုတင် သတိပေး မက်ဆေ့ချ် ပေးခဲ့တဲ့ #တမ်ဟက်

လက်ရှိ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာတဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ဟာ မနက်ဖြန် မှာ ချယ်လ်ဆီး အသင်း ရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကြီး သို့ တရားဝင် အခြေချဖို့ အတွက် ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ် ။

ယူရို သန်း ၄၀ တန်ကြေးရှိ ဇီယက်ချ် ဟာ ဒီရာသီ အေဂျက်ဇ် အသင်း ရဲ့ တိုက်စစ် ဖန်တီးမှု စွမ်းဆောင်ရည် အမြင့်မားဆုံး ကစားသမား ဖြစ်ခဲ့သလို ၊ အေဂျက်ဇ် အသင်း ရဲ့ တနှစ်တာ အကောင်းဆုံး ဆုကို ၃ကြိမ် ဆက်တိုက် ဆွတ်ခူးထားနိုင်ခဲ့သူ လည်း ဖြစ်ပါတယ် ။

၂၀၁၉ – ၂၀၂၀ ပရီးမီးယားလိဂ် ရာသီ ကတော့ မကုန်ဆုံးသေးတာကြောင့် ဇီယက်ချ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ ဒီရာသီ လက်ကျန် ပွဲတွေကို ကစားပေးလို့ မရသေးပါဘူး ။ သို့ပေမယ့် ဝတ္တရား ရှိတဲ့ အတိုင်း ဇူလိုင် ၁ရက်နေ့မှာ လန်ဒန် ကို ရောက်ရှိလာမှာ ဖြစ်ပြီး ၊ ဂျာစီကိုင်ပြီး မိတ်ဆက်မှု တွေတော့ ပြုလုပ်သွားဖို့ ရှိပါတယ် ။

ဇီယက်ချ် နဲ့ ပတ်သက်ပြီး တချို့ ကတော့ ပရီးမီးယားလိဂ် ရဲ့ ကြံ့ခိုင်မှု အသားပေး ကစားဟန် က ၎င်းအပေါ် သက်ရောက်မှု တွေ ရှိနိုင်တဲ့ အကြောင်း သုံးသပ်ကြပါတယ် ။ နည်းစနစ် နဲ့ အခွင့်အရေး ဖန်တီးမှု အပိုင်းတွေမှာတော့ ဇီယက်ချ် ရဲ့ ထက်မြက်မှု တွေကို အေဂျက်ဇ် အသင်း နဲ့ အတူ မြင်တွေ့ထားရပြီး ဖြစ်ပါတယ် ။

ဒီတော့ ချယ်လ်ဆီး အသင်း မှာရော ဇီယက်ချ် တယောက် လမ်းပတ် ရဲ့ မြန်နှုန်းမြင့် တိုက်စစ် အသားပေး ကစားဟန် မှာ အံဝင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဇီယက်ချ် ဟာ လွတ်လွတ်လပ်လပ် ကစားဟန် ကို နှစ်သက်တဲ့ တိုက်စစ် ကစားသမား တဦး ဖြစ်တာကြောင့် လမ်းပတ် တယောက် သူ့ကို ဘယ်လို role မျိုးမှာ ကစားစေမှာလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် စတမ်းဖို့ဒ်ဘရစ်ချ် မှာ ချယ်လ်ဆီး နဲ့ ရင်ဆိုင်ခဲ့ရစဉ် ကတော့ ဇီယက်ချ် ဟာ အေဂျက်ဇ် အသင်း ရဲ့ သွင်းဂိုး ၃ဂိုး မှာ ပါဝင် ပတ်သက်ခဲ့ပြီး ၊ လမ်းပတ် ရဲ့ အာရုံ ကို ဖမ်းစားစေနိုင်ခဲ့ပါတယ် ။ ၎င်းရဲ့ ဖန်တီးနိုင်မှု စွမ်းရည် က မေးခွန်း ထုတ်စရာ မရှိအောင် ကောင်းတယ် လို့ ဆိုရမှာပါ ။

အေဂျက်ဇ် အသင်း နည်းပြ အဲရစ် တမ်ဟက် ကတော့ ဇီယက်ချ် ဟာ အများထင်သလို ကိုင်တွယ်ရ လွယ်ကူတဲ့ ကစားသမားမျိုး မဟုတ်ကြောင်း ၊ ဖိအား အလွန်အကျွံ ပေးလို့ရတဲ့ ကစားသမားမျိုး မဟုတ်ကြောင်း ၊ အနည်း နဲ့ အများ လွတ်လပ်မှုတွေ ဇီယက်ချ် ကို ပေးဖို့လိုကြောင်း အကြံပြု ပြောဆိုခဲ့ပါတယ် ။

ဇီယက်ချ် ရဲ့ နောက်ဆုံး လေ့ကျင့်ရေး အစီအစဉ် အပြီး Ajax TV နဲ့ အင်တာဗျူး မှာ တမ်ဟက် က ” ဟာကင် ဟာ ခင်ဗျား အလိုရှိတဲ့ အရာ ကို ပေးစွမ်းနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ဒီနေ့ လေ့ကျင့်ရေး အစီအစဉ် မှာ ခင်ဗျားတို့ အနေနဲ့ သူ့ရဲ့ စိတ်ခံစားချက် ကို ထပ်တူကျ ခံစားရမှာပါ ။ ဒါကို သူ အမှတ်တရကောင်း အနေနဲ့ ပြန်လှန်ကြည့်ရှုမယ် လို့ ကျွန်တော် မျှော်လင့်မိပါတယ် ။ ”

” သူဟာ ချယ်လ်ဆီး အသင်း ကို ကြီးကျယ်တဲ့ ကစားသမား တယောက် အဖြစ် ပြောင်းရွှေ့မှာပါ ။ သူတို့ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အရည်အသွေးမြင့် လူငယ်တွေကို နေရာပေးထားပါတယ် ။ ပထမဆုံး အနေနဲ့ အကောင်းဆုံး ကြိုးစားပြီး စွမ်းဆောင်ပြပါ ။ နောက်မှ ဆုဖလား ၊ တဦးချင်း ဆုတံဆိပ် ကို စဉ်းစားသင့်ပါတယ် ။ ”

” ဟာကင် ဟာ စိတ်ဓာတ်ပိုင်း အရ အရမ်း ကြံ့ခိုင်သူ ဖြစ်ပြီး ၊ သူ့မှာ ခံယူချက်ကောင်း တွေ ရှိနေတဲ့ အတွက် သူ့ကို ကြီးကျယ်တဲ့ ကစားသမား တယောက် အဖြစ် သတ်မှတ်နေကြတာပါ ။ နောက်ပြီး တခြား တိုက်စစ် ကစားသမား တွေ မမြင်တတ်တဲ့ အရာတွေကို သူ မြင်နိုင်စွမ်း ရှိပါတယ် ။ ”

” တခါတလ ကျရင် ဟာကင် ဟာ trainer တွေအတွက် အိပ်မက်ဆိုးပါပဲ ။ ခင်ဗျား အနေနဲ့ သူ့ကို ဖိအား အလွန်အကျွံ ပေးလို့မဖြစ်ပါဘူး ။ တာဝန်ယူစိတ် အပြည့်ရှိတဲ့ ကစားသမား တွေမှာ တိုးတက်မှု အစဉ်တွေ့ရပါတယ် ။ သူဟာ ဒီမတိုင်ခင် အေဂျက်ဇ် အသင်း ကို ရွေးချယ်ခဲ့တယ် ၊ ကျွန်တော်တို့နဲ့ အတူ အောင်မြင်တဲ့ ရာသီတွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR