ယူနိုက်တက် အသင်းရဲ့ ပရိသတ် တစ်ဦးဖြစ်ကြောင်း ဝန်ခံရင်း စောင့်ကြည့် အားပေးခဲ့တဲ့ သရဲနီ ကစားသမား နှစ်ဦး အမည်ကို ပြောပြလိုက်တဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်

ကိုလံဘီယာ လက်ရွေးစင် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဂျိမ်းစ် ရိုဒရီဂွက်ဇ် က သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ချစ်ခင် နှစ်သက်သူ ဖြစ်ကြောင်း ၊ ဒါပေမယ့် အိုးလ် ထရပ်ဖို့ဒ်ကို ပြောင်းရွှေ့ခွင့် ပယ်ချ ခဲ့ ရတဲ့ အကြောင်း တွေကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ ရီးယဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစား သမား ဖြစ်သူ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ 2010 – 2013 ( 3 နှစ် ) အတွင်း ပေါ်တို အသင်း နဲ့ အတူ ဆု ဖလား ရှစ်လုံး ဆွတ်ခူးပြီး တောက်ပတဲ့ ကစားသမား ဘဝ ကို စတင် ပိုင်ဆိုင် ခဲ့တဲ့ အချိန် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ စိတ်ဝင်စားမှု တွေကို ပိုင်ဆိုင် ခဲ့သူပဲ ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် ကိုလံဘီယာ လက်ရွေးစင် အသင်းရဲ့ ကွင်းလယ်လူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို မပြောင်းရွှေ့ ခဲ့ပဲ ပြင်သစ် လီဂူးဝမ်း မှ မိုနာကို အသင်း ဆီကို ပေါင် 38.5 သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့ တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီက တစ်ဆင့် 2014 ကမ္ဘာ့ ဖလား ပြိုင်ပွဲ အပြီးမှာ သူဟာ ရီးယဲ မက်ဒရစ် အသင်းဆီ ရောက်ရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္ဓဝင် ဖာဒီနန် နဲ့ လုပ်ဆောင် ခဲ့တဲ့ အင်တာဗျူး အစီအစဉ် မှာ ဂျိမ်းစ် ရိုဒရီဂွက်ဇ် က သူဟာ ယူနိုက်တက် ဂန္ဓဝင် ပေါလ် စခိုးလ် နဲ့ ရိုင်ယန်ဂစ် တို့ကို စောင့်ကြည့် ခဲ့တဲ့ ပရိသတ် တစ်ဦး ဖြစ်ခဲ့ကြောင်း ၊ အဆိုပါ အချိန် တုန်းက သူဟာ ပရီးမီးယား လိဂ်ကို ပြောင်းဖို့ မှန်ကန်တဲ့ အချိန် တစ်ခု မဟုတ်သေးဘူး လို့ ခံစားခဲ့ ရကြောင်း ဖွင့်ဟ ခဲ့လိုက် ပါတယ် ။

” ကျွန်တော့်ရဲ့ အသင်း ပြောင်းရွှေ့ရေး နဲ့ ပတ်သက်လို့ စကား တွေ ပြောဆို ဆွေးနွေးတာ ရှိခဲ့တယ် လို့ ထင်ပါတယ် ။ ကျွန်တော့် ရဲ့ မန်နေဂျာ ( အေးဂျင့် ) ကလည်း ယူနိုက်တက် အသင်း နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တွေ ရှိနေ ခဲ့တယ် လေ ။ သူ့ရဲ့ နာမည် က ဂျောချ် မန်ဒက်စ် ပါ ”

” ဟုတ်ပါတယ် ၊ ကျွန်တော် တို့ဟာ ထိပ်သီး ကလပ် အသင်း တစ်ခုဆီ ပြောင်းရွှေ့ နိုင်ဖို့ အတွက် အမြဲတမ်း အိပ်မက် ထားရှိ ခဲ့ကြ ပါတယ် ။ ကျွန်တော်ဟာ ကလေး ဘဝ ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို ချစ်ခင် သဘောကျခဲ့ ပါတယ် ။ ကျွန်တော်ဟာ ရီယို နဲ့ အတူ ကစားခဲ့ ကြတဲ့ ပေါလ် စခိုးလ် ၊ ရိုင်ယန် ဂစ် တို့ရဲ့ ပွဲစဉ် တွေကို အမြဲတမ်း စောင့်ကြည့် ဖြစ်ခဲ့ ပါတယ် ”

” အဲ့ဒီ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း မှာ တစ်ကယ့် ကစားသမား ကောင်းတွေ အများကြီး ရှိနေ ခဲ့ကြ ပါတယ် ။ အဲ့ဒီ တုန်းက ကျွန်တော် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပြောင်းရွှေ့ ချင်ခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့တာက လက်တွေ့မှာ ဖြစ်ပွာ မလာခဲ့ ပါဘူး ”

” ကျွန်တော်က သိပ်ပြီး မကြီးကျယ် လှတဲ့ ကလပ် အသင်း တစ်ခုမှာ ကစားသင့် သေးတယ်လို့ တွေးတော နေခဲ့ ပါတယ် ။ အဲ့ဒီနောက် ကျွန်တော်ဟာ ပြင်သစ် မြေကို ပြောင်းရွှေ့ ဖြစ်ခဲ့ ပါတယ် ။ ကျွန်တော့် ရဲ့ အကြံအစည် က ပုံစံကောင်း တွေကို ပြသရင်း ကမ္ဘာ့ ဖလား မှာ ကိုလံဘီယာ အတွက် ကစား ပေးဖို့ ဖြစ်ခဲ့တယ် လေ ”

” ကျွန်တော်ဟာ အဲ့ဒီမှာ ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ ၊ ဂိုးတွေ သွင်းယူ နိုင်ဖို့ နဲ့ အဆင့် တစ်ခု ကို တက်လှမ်း နိုင်ဖို့ တွေးတော နေခဲ့ ပါတယ် ။ အဲ့ဒီက တစ်ဆင့် ကျွန်တော်ဟာ ထိပ်သီး ကလပ် တစ်သင်းဆီ ပြောင်းရွှေ့ဖို့ စီစဉ် ထားခဲ့ ပါတယ် ။ အဲ့ဒီလို အချိန် မှာ ရီးယဲ မက်ဒရစ် အသင်း က ကျွန်တော့် ကို ခေါ်ယူ ခဲ့တာ ပါပဲ ” လို့ ဂျိမ်းစ် ရိုဒရီဂွက်ဇ် က 2013 ခုနှစ် လောက်က သူ့ရဲ့ အတွေး တွေကို ပြန်ပြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဂျိမ်းစ် ရိုဒရီဂွက်ဇ် ဟာ အဆိုပါ ဘောလုံး ရာသီ တုန်းက မိုနာကို အသင်း အတွက် အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ 30 ပွဲ ပွဲထွက် ကစားခဲ့ ရပြီး 9 ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် 2014 ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ ခြေစွမ်း ပြနိုင် ခဲ့တဲ့ ဂျိမ်းစ် ဟာ ရီးယဲ မက်ဒရစ် အသင်း ဆီကို ပေါင် 71 သန်းနဲ့ ပြောင်းရွှေ့ ခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar