ပေါ့ဂ်ဘာ နဲ့ ဘရူနို တို့ရဲ့ အရည်အသွေး တွေကို ချီးကျူးရင်း လက်ရှိ သူ ခေါင်းခဲ နေရတဲ့ ကိစ္စ တစ်ခုကို ဖွင့်ဟလိုက်တဲ့ ဆိုးလ်ရှား

ဘောလုံး ပွဲစဉ် တွေ တစ်ဖန် ပြန်လည် စတင် လိုက်တဲ့ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေ မြင်တွေ့ လိုနေခဲ့ ကြတဲ့ ပေါ့ဂ်ဘာ + ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ ကွင်းလယ် အတွဲ စွမ်းဆောင်ရည် တွေကို သုံးပွဲ အထိ မြင်တွေ့ ခဲ့ရ ပါပြီ ။

အဆိုပါ ပွဲစဉ် သုံးပွဲ မှာတော့ သူတို့ တွေဟာ အတူ တွဲဖက် ကစား နိုင်စွမ်း ရှိကြောင်း ၊ ပုံစံကောင်း တွေကို ပြသ နိုင်စွမ်း ရှိကြောင်း သက်သေ ပြထား နိုင်ခဲ့ကြ ပါပြီ ။ အခုတော့ အသင်း မှာ မာတစ် ရဲ့ ခြေစွမ်း ပြနိုင်မှု တွေကြောင့် ယူနိုက်တက် ကွင်းလယ်ဟာ ပြိုင်ဖက် ကွင်းလယ် တွေနဲ့ ယှဉ်ကစား နိုင်ခဲ့ ပါပြီ ။

အခုတော့ Sky Sports နဲ့ လုပ်ဆောင် ခဲ့တဲ့ အင်တာဗျူး အစီအစဉ် မှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ကွင်းလယ်လူ နှစ်ဦး ရဲ့ စွမ်းဆောင်ရည် အပေါ် စိတ်လှုပ်ရှား မိကြောင်း ၊ တိုက်စစ် ကစားသမား တွေလည်း အထောက်အကူ ပိုမို ရနေပြီ ဆိုတဲ့ အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အသင်းရဲ့ တိုက်စစ် ကစားသမား တွေက သူတို့ တွေရဲ့ အနောက် မှာ ဖန်တီးမှု တွေကို လုပ်ဆောင် နိုင်တဲ့ ကစားသမားတွေ ရှိနေတယ် ဆိုတာကို သိရှိ နေကြ ပါပြီ ။ ဘရူနို ဟာ နေရာလွတ် မရှိတဲ့ အချိန်တွေ မှာတောင် အခွင့်အရေး ဖန်တီး နိုင်စွမ်း ရှိသူ တစ်ဦး ပါ ။ သူ့ဆီမှာ ကောင်းမွန်တဲ့ ဘောလုံး အမြင်တွေ ရှိနေ ပါတယ် ”

” သူ့ကို အနောက်မှာ ထားပြီး တိုက်စစ် ကစား ရတာ တစ်ကယ်ပဲ ကောင်းမွန်လှ ပါတယ် ။ ပေါလ် ဟာလည်း ဖန်တီးမှု တွေကို လုပ်ဆောင် နိုင်ပါတယ် ။ သူတို့ နှစ်ဦးလုံးက ဖန်တီး နိုင်မှု စွမ်းရည် ကောင်းမွန် ကြသူတွေ ပါပဲ ။ သူတို့ တွေဟာ ဘောလုံး ပေးပို့မှု အရည်အသွေး ကောင်းမွန်တဲ့ ၊ တစ်ကိုယ်တော် စွမ်းရည် ထူးကဲ လှတဲ့ ကစားသမား တွေ ပါပဲ ”

” ဒါ့ကြောင့် သူတို့ နှစ်ယောက် အရှေ့မှာ တိုက်စစ်မှူး တစ်ဦး အဖြစ် ကစား ရခြင်း က ပျော်ရွှင် စရာ ပါပဲ ။ ကျွန်တော် ကိုယ်တိုင်လည်း စခိုးလ် ၊ ဒေးဗစ် ဘက်ခမ်း ၊ ဗီရွန် နဲ့ ဂစ် တို့ရဲ့ အရှေ့ မှာ ကစားခဲ့ ရသူ ဖြစ်တဲ့ အတွက် ဘယ်လို ပျော်ရွှင်မှု တွေကို ရရှိ နိုင်မလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ။ ဒါဟာ ကစားလို့ ကောင်းတဲ့ နေရာ တစ်ခု ဖြစ်လာခဲ့ ပါပြီ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းမှာ အဓိက ကစားသမားတွေ အားလုံး ကြံ့ခိုင် နေကြတဲ့ အတွက် တိကျတဲ့ ကစားဟန် တစ်ခု ကို တွေ့မြင် ရဖို့ ၊ ပေါလ် နဲ့ ဘရူနို တို့ရဲ့ အကောင်းဆုံး စွမ်းရည် ကို မြင်တွေ့ရဖို့ တောင်းဆိုသူ တွေ ရှိနေခဲ့ ပါပြီ ။ ဒါပေမယ့် ဆိုးလ်ရှား ကတော့ သူတို့ တွေဟာ နည်းလမ်း များစွာ နဲ့ အတူ ပူးတွဲ ကစား နိုင်စွမ်း ရှိကြောင်း ၊ ကွင်းလယ် ကစားသမား ကောင်းတွေ ပိုင်ဆိုင် ထားချိန် ဘယ့်သူကို အရံခုံပေါ် ထားရမလဲ ဆိုတာ ခေါင်းခဲ စရာ ကိစ္စ တစ်ခု အဖြစ် ရှိနေကြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။

” သူတို့ တွေဟာ ခြားနားတဲ့ နည်းလမ်း များစွာ နဲ့ အတူ တွဲဖက် ကစား နိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ဘရူနို က ဗဟို ကွင်းလယ် ၊ ဘယ် ကွင်းလယ် ၊ ညာ ကွင်းလယ် ၊ နံပါတ် 8 နေရာ ၊ နံပါတ် 10 နေရာ ၊ စိန်ပွင့် ကွင်းလယ် ကစားပုံ တွေမှာ ပါဝင် ကစား ပေးခဲ့ ဖူးတဲ့ ကစားသမား တစ်ယောက် ပါပဲ ။ ဒါက ပေါလ် နဲ့ ဆင်တူလှ ပါတယ် ”

” ပြီးတော့ ကျွန်တော့် အသင်း ထဲမှာ စကော့ မက် တော်မီနေး ၊ ဖရက်ဒ် နဲ့ မာတစ် တို့ ရှိနေ ကြပါ သေးတယ် ။ သူတို့ တွေကို ပွဲထွက် ကစားသမား စာရင်း ကနေ ချန်လှပ် ထားရေး ဆိုတာက တစ်ကယ့် ကို ခေါင်းခဲ စရာ ကိစ္စ တစ်ခု ပါပဲ ။ ဒါက သူတို့ အားလုံး အကောင်းဆုံး ကစားပြ နိုင်စွမ်း ရှိတဲ့ နေရာ တစ်ခုလေ ”

” အကယ်လို့ ကျွန်တော် တို့ ကောင်းကောင်း ဆက်လက် ကစားနိုင်မယ် ၊ ဆက်လက် တိုးတက် နေမယ် ၊ ထိပ်ပိုင်း နေရာ တွေကို တက်လှမ်း နိုင်မယ် ဆိုရင် … ကျွန်တော် တို့ဟာ ကစားသမားကောင်း တွေကို ဆွဲဆောင် နိုင်စွမ်း ရှိတယ် ဆိုတာ သိရှိထား ပါတယ် ။ အချိန် တစ်ခု ကျရောက်ရင် ယူနိုက်တက် အသင်း ဟာ ဆုဖလား တွေကို ပြန်လည် စတင် ဆွတ်ခူး နိုင်မယ် ဆိုတာ ကိုလည်း အားလုံး ယုံကြည် ထားကြ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar