ဒီရာသီ PL မှာ လီဗာပူးကိုအပြတ်အသတ် အရေးနိမ့်ခဲ့တဲ့ မန်စီးတီးရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အဖက်ဆယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကို ပြောပြလိုက်တဲ့ ဘာဘာတော့ဖ်

မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရလဒ်တွေ ယိမ်းယိုင် နေခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ခ်ျ မှာ ရှုံးနိမ့် ခဲ့တာကြောင့် ပြိုင်ဘက် လီဗာပူးကို လက်ကျန် ၇ ပွဲ အလိုမှာပဲ ချန်ပီယံဆုကို လွှဲပေး ခဲ့ရပါတယ်။ ဒါဟာ စီးတီး အတွက် ၈ ပွဲမြောက် ရှုံးပွဲ ဖြစ်ပြီး ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီက ချန်ပီယံ ဖြစ်ခဲ့တဲ့ စွမ်းဆောင်မှုကို မရခဲ့ဘဲ ရုန်းကန် ခဲ့ရကာ လက်ရှိမှာ ဆိုရင် ချန်ပီယံ လီဗာပူးနဲ့ ၂၃ မှတ်ထိ ကွာဟလျက် ရှိနေပါတယ်။

ဒီအတွက်ကြောင့် ပက်ရဲ့ အသင်းကို ဝေဖန်မှုတွေ ရှိနေ ခဲ့ပြီး မန်ယူနိုက်တက် နဲ့ စပါး တိုက်စစ်မှုး ဘာဘာတော့ဖ် ကတော့ ဒီရာသီ စီးတီးတို့ လီဗာပူး အသင်းကို အပြတ်အသတ်နဲ့ အရေးနိမ့်ခဲ့မှုကို ပြန်လည် ဖာထေး နိုင်မယ့် နည်းလမ်းတွေ ရှိတယ်လို့ ဆိုလိုက်ပါတယ်။

ဘာဘာတော့ဖ် “စီးတီးရဲ့ ရာသီဟာ အတော် ဆိုးတာပဲလို့ ပြောဆိုနေမှုတွေဟာ ချဲ့ကား လွန်းပါတယ်ဗျာ။ လီဗာပူးဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးဖို့ ထိုက်တန်ပါတယ်။ သူတို့ဟာ ဒီလို အကောင်းဆုံး ရာသီကို ဖြတ်သန်းကာ ကြီးမားတဲ့ ကြေငြာမှုကို လုပ်နိုင် ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ အကြာမှာ သူတို့ အမှတ်ပေးဖလား ပြန်လည် ဆွတ်ခူး နိုင်ခဲ့ခြင်းဟာ ကြီးကြယ် ခမ်းနားတဲ့ အရာပါ။ သူတို့ဟာ ပြန်လာခဲ့ပြီလို့ ကြေငြာ ခဲ့တာ ဖြစ်ပါတယ်။

စီးတီးနဲ့ ပက်ဂွာဒီယိုလာတို့ အတွက် အမှတ်ပေးဖလားကို ဒီလို ရမှတ် ကွာဟမှုနဲ့ ဒူးထောက် ခဲ့ရတာဟာ နာကျင်စရာပါ။ ဒါပေမယ့် သူတို့ဟာ ဒီကနေ သင်ခန်းစာတွေ ရယူကာ လာမည့် ရာသီ အတွက် ပြင်ဆင် သွားနိုင်ဖို့ မျှော်လင့်ရ ပါတယ်။ စီးတီးဟာ လီဗာပူးတို့ ဆုဖလားတွေအကုန် သိမ်းပိုက် နေမှာကို လက်ပိုက်ကြည့် နေမှာ မဟုတ်ပါဘူး။ မန်ယူနိုက်တက် ၊ စပါး ၊ ချဲလ်ဆီး ၊ အာဆင်နယ် တို့ဟာ ဒီအချိန်မှာ ပြသနာတွေ ရှိနေကြတယ် ဆိုတာလည်း မမေ့ပါနဲ့။ ဒါပေမယ့် သူတို့ဟာ လာမည့် ရာသီ ဒီဖလားအတွက် ရေပန်းစားသူတွေ ထဲမှာ ပါ၀င်ချင်ကြ မှာပါ။ အမှတ်ပေးဖလား ရပြီးသွားရင် အားလုံးဟာ လာမည့် နှစ်မှာ ကိုယ့်ကို ပစ်မှတ်ထားလေ့ ရှိပါတယ်။” လို့ ဆိုသွားပါတယ်။

စီးတီးဟာ ဒီရာသီ ကာရာဘောင်ဖလား ကို ဆွတ်ခူး ထားပြီး ဖြစ်တဲ့ အပြင် ချန်ပီယံလိဂ် မှာလည်း ၁၆ သင်း အဆင့် ပထမအကျော့မှာ ရီးရဲယ်ကို ၂-၁ နဲ့ နိုင်ထားခဲ့ကာ ကွာတားကို တက်ရန် အခြေအနေ ကောင်းနေပါတယ်။ ဒါ့အပြင် ပက်ရဲ့ အသင်းဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အာဆင်နယ် နဲ့ တွေ့ဆုံ နေတာကြောင့် ဖိုင်နယ် တက်ရန် အခြေအနေ ကောင်းသွားခဲ့ပြီး အက်ဖ်အေဖလား မျှော်လင့်ချက်လည်း အားကောင်း နေပါတယ်။

“စီးတီးဟာ ချန်ပီယံလိဂ် ဖလားကို မှန်းလို့ ရနေ ပါသေးတယ်။ အကယ်၍ သူတို့ ဒီဖလားကို ဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ် မှာ သူတို့ရဲ့ poor form ကို ပြန်လည် ဖာထေး နိုင်မှာပါ။ ဒါဟာ သူတို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဖြစ်ပျက် ခဲ့တာတွေကို အားလုံး မေ့သွား စေပါလိမ့်မယ်။ များသောအားဖြင့် ဘောလုံးမှာ လာမည့် ရာသီကို ကြိုတင် ကြည့်ရလေ့ ရှိပါတယ်။ ဒါပေမယ့် စီးတီး အတွက် ကတော့ လာမည့် ရာသီ ချန်ပီယံလိဂ် ဆိုတာ ရှိချင်မှ ရှိနိုင်မှာပါ။ ဒါ့ကြောင့် သူတို့ ဒီနှစ်မှာ တအားကို ချန်ပီယံ ဖြစ်ချင် နေကြမှာပါ။

ဂွာဒီယိုလာဟာ လွန်ခဲ့တဲ့ ၂၀၁၆ က မန်စီးတီးကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ လာမည့် ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ စာချုပ်သစ် အတွက် တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးတာကြောင့် ပက်အနေနဲ့ လာမည့် ရာသီကုန်မှာ အသင်း ကနေ ထွက်ခွာ သွားဖို့ များနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ် နေပါတယ်။ ပက်ကတော့ သူ့အနေနဲ့ ဒီကလပ်မှာ အလုပ်လုပ်ရတာ အရမ်းကို သက်တောင့်သက်သာ ဖြစ်တယ်လို့ ဆိုထားပြီး ဘာဘာတော့ဖ် ကလည်း ပက်လို နည်းပြမျိုးကို ပရီးမီးယားလိဂ်မှာ ဆက်ရှိစေချင် နေပါတယ်။

ဆက်လက်ပြီး ယူနိုက်တက် တိုက်စစ်မှုးဟောင်းက “ဂွာဒီယိုလာရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ကောလဟာလတွေ ထွက်နေ ပါတယ်။ ဒါပေမယ့် စီးတီးဟာ သူ့ကို ဆက်လက် ထိန်းထားနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်လည်း သူ့ကို ဆက်ရှိ စေချင်ပါတယ်။ သူထွက်သွားတာ မမြင်ချင်ပါဘူး။ သူဟာ ယာဂန်ကလော့ ၊ ဂျိုဆေးမော်ရင်ညို ၊ ကာလိုအန်ဆယ်လော့တီ စတဲ့ နာမည်ကြီး နည်းပြတွေနဲ့ တိုက်ပွဲ၀င်နေရတာကို နှစ်သက်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒီလိဂ်ဟာ ဘယ်လောက် ကောင်းသလဲ ဆိုတာ သူသိပါတယ်။ အကယ်၍ သူ အခု ထွက်ခွာ သွားခဲ့မယ် ဆိုရင် သူဟာ လီဗာပူးရဲ့ စ်ိန်ခေါ်မှုကို မခံနိုင်ဘဲ ကျရှုံးခဲ့တယ် ဆိုပြီး ၀န်ခံ သွားရမှာပါ။ သူ ဒီကနေ ထွက်သွားစရာ အကြောင်း မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ စီးတီးဟာ အက်ဖ်အေဖလား မျှော်လင့်ချက်လည်း ရှိနေ ပါသေးတယ်။ သူတို့ နောက်တစ်ကြိမ် ဆွတ်ခူး နိုင်ဖို့ အတွက် ကတော့ ခက်ခဲမှု ရှိပါလိမ့်မယ်။ သူတို့မှာ အခွင့်အရေး ရှိပါတယ်။ သူတို့ဟာ လိဂ်ဖလားကို ဗိုလ်စွဲထားပြီ ဖြစ်တာကြောင့် ဒီရာသီ ဖလား ၃ လုံး မှန်းလို့ ရပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM