ယူနိုက်တက် တို့ အဝေးကွင်းမှာ နိုင်မယ်ဆိုတဲ့ ချာလီနီကိုလပ်စ် ရဲ့ ခန့်မှန်းချက်

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယနေ့ည ( မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁း၄၅ နာရီ ) မှာတော့ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် ဘရိုက်တန် အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။ ဒီပွဲ ဟာ ချန်ပီယံ လိဂ် ၀င်ခွင့် ကို ချိန်ရွယ် နေတဲ့ မန်ချက် စတာ ယူနိုက်တက် အတွက် မဖြစ် မနေ အနိုင် ကစားရမယ့် ပွဲ ဖြစ်လို့ နေပါတယ် ။ ယူနိုက်တက် ဟာ အဆင့် ၆ မှာ ၄၉ မှတ် နဲ့ ရှိနေပြီး ၀ုဗ် နဲ့ ချဲလ်ဆီး တို့က အထက် မှာ ရှိနေခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ တုန်းက ဘရိုက်တန် ကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့ပြီး ၃ – ၁ နဲ့ အနိုင် ရခဲ့ ပါတယ် ။ အဆိုပါ ပွဲတုန်းက ယူနိုက်တက် အတွက် ပါရဲရား ၊ ရက်ဖိုဒ့် နဲ့ တော်မီနေး တို့ က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ ကြတာပဲ ဖြစ် ပါတယ် ။

လက်ရှိ မှာတော့ ယူနိုက်တက် ဟာ အဆင့် ၆ မှာ ရပ်တည် နေပြီး ဘရိုက်တန် ကတော့ အဆင့် ၁၅ မှာ ရမှတ် ၃၃ မှတ် နဲ့ ရှိနေခဲ့ ပါတယ် ။ တန်းဆင်း ဇုံ က ဘုန်းမောက် နဲ့ ၆ မှတ် ကွာနေတာ ကြောင့် အရမ်း စိုးရိမ် စရာ မကောင်းသလို ပေါ့ဆလို့လည်း မရနိုင်တဲ့ အနေ အထားမှာ ရှိနေခဲ့ ပါတယ် ။

Sky Sports သတင်း ဌာန ရဲ့ သုံးသပ် ခန့်မှန်းသူ ချာလီ နီကိုလပ်စ် ကတော့ ယူနိုက်တက် အတွက် ခက်ခဲ တဲ့ ပွဲ တစ်ပွဲ ဖြစ်လာဖို့ မရှိဘဲ အဝေးကွင်း မှာ နိုင်ပွဲ ရယူ နိုင်လိမ့်မယ် လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

“မန်ချက်စတာ ယူနိုက်တက် တို့ ဘာဆိုတာ ပြရမယ့် ပွဲပါ ။ မနှစ် တုန်းက သူတို့ ဒီ ကွင်းမှာ ရုန်းကန် ပြီး ၃ – ၂ နဲ့ အရေးနိမ့် ခဲ့ရ ပါတယ် ။ ဒါကို ဒီနှစ် မှာ ပြန်ချေပ ရမှာပါ ။ ဘရိုက်တန် ကတော့ ပြန်ကစားတဲ့ ၂ ပွဲမှာ ၄ မှတ် ရထားပါတယ် ။ ဒါက သူတို့ အတွက် ကျေနပ် စရာပါပဲ”

“အမှတ်ပေး ဇယား မှာ ဘရိုက်တန် ရှိနေတဲ့ နေရာက အသက်ရှူချောင် တဲ့ နေရာလို့ ပြောနိုင် ပါတယ် ။ ဒီပွဲ မှာ အမှတ် မရခဲ့ ရင်တောင် နောက်ပွဲတွေ မှာ ပြန်ပြီး အမှတ်ဆယ် လို့ရတဲ့ အနေအထား မှာ ရှိနေ ပါတယ် ။ ဒါကြောင့် ဒီပွဲ ကို ယူနိုက်တက် တို့ အနိုင် ကစား နိုင်မှာပါ”

“ယူနိုက်တက် ဟာ နောက်ဆုံး ကစားခဲ့တဲ့ အမှတ်ပေး ပွဲမှာ ပုံစံ ကောင်း ရခဲ့ ပါတယ် ။ အန်တိုနီ မာရှယ် ကလည်း ဟက်ထရစ် သွင်းအပြီးမှာ စိတ်ဓါတ် တက်ကြွ နေမှာပါ ။ ဘရူနို ဖာနန်ဒက်စ် နဲ့ ပေါ့ဘာ တို့ရဲ့ ကွင်းလယ် ကလည်း ဘရိုက်တန် ကို လွှမ်းမိုး ထားနိုင် ပါလိမ့်မယ်”

“ရှေ့တန်း မှာ ဘယ်သူတွေ ကစား မလဲ ဆိုတာ ကျွန်တော် သေချာ မသိပါဘူး ။ ဒါပေမယ့် မေဆင် ဂရင်းဝုဒ် ကို မြင်ချင် မိပါတယ် ။ ဒီဗကာင်လေး ဟာ သင်ယူ စရာ အပြည့် နဲ့ အနာဂါတ် ကောင်းတွေ ပိုင်ဆိုင် ထားသူပါ ။ ဒီအချိန် မှာ သူ့အတွက် အစွမ်းပြ ဖို့ အကောင်းဆုံး အချိန် ပါပဲ”

“ဘရိုက်တန် ကတော့ ပိတ် ကစားမှာပါ ။ ယူနိုက်တက် အတွက် ဂိုး စောစော ရဖို့ လိုပါတယ် ။ ဒါဆိုရင် ချေပဂိုး ပြန်ရဖို့ ကြိုးစားမယ့် ဘရိုက်တန် ကို တန်ပြန် တိုက်စစ်တွေ ကနေ ဂိုးထပ် သွင်းနိုင် မှာပါ ။ ဘရိုက်တန် က သာ ဂိုးစရခဲ့ မယ်ဆိုရင်တော့ ပွဲက ပိုပြီး ခက်ခဲ လာပါလိမ့်မယ် ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ယူနိုက်တက် ပဲ အနိုင် ရမှာပါ” လို့ ချာလီ နီကိုလပ်စ် က Sky Sports ကနေ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

ချာလီနီကိုလပ်စ် ရဲ့ ခန့်မှန်းချက် – ဘရိုက်တန် ၁ – ၃ မန်ချက်စတာ ယူနိုက်တက်

SPORTS MYANMAR