Football Manager ကို တရားစွဲမယ့် ယူနိုက်တက် နဲ့ . . . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နာမည်ကျော် မန်နေဂျာ ဂိမ်း ဖြစ်တဲ့ Football Manager 2020 ကို သူတို့ အသင်း ရဲ့ အမည် ၊ အမှတ် တံဆိပ် ၊ အနီ နဲ့ အဖြူရောင် အမှတ် အသား တို့ကို ခွင့်ပြု ချက် မရှိဘဲ အသုံးပြု ခဲ့မှု အတွက် ဥပဒေ အကြောင်း အရ ရင်ဆိုင် တရား စွဲဆို သွားမယ် လို့ သိရ ပါတယ် ။

ပရီးမီးယားလိဂ် ကလပ် ဝက်ဖိုဒ့် ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ပိုး တွေ့ ရှိ မှုကြောင့် အစီအစဉ် တွေ ကမောက် ကမ ဖြစ်နေဆဲ လို့ သိရ ပါတယ် ။ ကစား သမား ၃ ဦး ကွာရင်တိုင်း ဝင်နေ ရစဉ် မှာ နောက်ထပ် ကစား သမား ၂ ဦး ဟာလည်း စောင့်ကြည့် အဆင့် အဖြစ် နဲ့ လေ့ကျင့်ခန်း ဆင်းလို့ မရ နိုင်သေး ဖြစ်နေသလို အသင်း ခေါင်းဆောင် ဒီးနေး ကလည်း လေ့ကျင့်ခန်း ဆင်းဖို့ ငြင်းဆန် ထားတယ် လို့ သိရ ပါတယ် ။

ချဲလ်ဆီး အနေနဲ့ လေဗာကူဆင် ကစား သမားလေး ကိုင် ဟာဗက် ကို ခေါ်ယူ သင့်တယ်လို့ ဘာဘာတော့ဗ် က အကြံပြု သွားပြီး ကိုင် ဟာဗက် ဟာ အီဒင် ဟာဇက် ရဲ့ နေရာကို ဆက်ခံ နိုင်လိမ့်မယ်လို့ ညွှန်းဆိုသွား ခဲ့ ပါတယ် ။

လီဗာပူး ဂန္ထဝင်ကြီး ဂျွန်ဘန်းစ် ကတော့ လက်စတာ မှာ ပုံစံကောင်း ပြနေတဲ့ ခံစစ်မှုး ဆိုရန်ကူ ကို အခြား အသင်းတွေ ထက် လက်ဦးမှု ရယူကာ ခေါ်ယူ သင့်တယ်လို့ အကြံပြု တိုက်တွန်း သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း လူငယ် နောက်ခံလူ ဂျရယ်မီ မန်ဂါကီယာ ဟာ တစ်ပတ် လုပ်ခ ပေါင် ၅ ထောင် ရရှိမယ့် စာချုပ်သစ် ကို လက်မှတ် ရေးထိုးဖို့ ငြင်းဆန် ထားပြီး တစ်ပတ် ပေါင် ၂ သောင်း မရရှိပါက အသင်း ကနေ ထွက်ခွာ မယ်လို့ အေးဂျင့် က တဆင့် သတိပေး ထားခဲ့ ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှုးလေး မားကပ် ရက်ဖိုဒ့် ဟာ ယမန်နေ့ က လေ့ကျင့်မှု ပြန်လည် စတင်ပြီ လို့ သိရ ပါတယ် ။

စပါး နည်းပြဟောင်း ပိုချက်တီနို ကတော့ သူ ဟာ နည်းပြ လောက ထဲ ကို ပြန်လည် ဝင်ရောက်ဖို့ အဆင်သင့် ပါပဲ လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ လက်ရှိ မှာတော့ နယူးကာဆယ် ဟာ ပိုချက်တီနို နဲ့ သတင်း အကြီး ဆုံး အသင်း ဖြစ်နေ ပါတယ် ။

မက္ကဆီကို ပြည်တွင်း ထိပ်သီး လိဂ် ဖြစ်တဲ့ လီဂါမက်စ် ၂၀၂၀ ကတော့ ဆန်းတိုစ့် လာဂူနာ အသင်း ကစား သမား ၁၂ ယောက် မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိမှု နဲ့ အတူ ရာသီကို ရပ်နား လိုက်ပြီ ဖြစ် ပါတယ် ။ ဒါပေမယ့် အဆင့် ၁ နေရာက ခရုဇ် အသင်း ကိုတော့ ဖလား မပေးခဲ့ဘဲ အဆင့် ၁ နဲ့ ၂ က အသင်းတွေ ဟာ လာမယ့် ကွန်ကာကပ် ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိခဲ့ ကြပါတယ် ။

အေစီ မီလန် ဟာ PSG ကနေ အပြီးသတ် ခေါ်ယူဖို့ စီစဉ် နေတဲ့ အင်တာ မီလန် တိုက်စစ်မှုး အီကာဒီ ကို ကြားဖြတ် ခေါ်ယူဖို့ အတွက် လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။

အာဆင်နယ် အသင်း ကတော့ လက်ကျန် ပွဲစဉ်တွေ အတွက် လက်မှတ် ဝယ်ယူ ထားသူတွေ ကို လက်မှတ် ခ တွေ ပြန်လည် ပေးအပ် သွားမယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ကတော့ ဂိုး သမား တာစတီဂျန် ကို ဆက်ထိန်းထား နိုင်တော့မှာ ဖြစ်ပြီး ဂျာမန် ဂိုး သမားကြီး ဟာ ၅ နှစ် ဆက်လက် သက်တမ်းတိုး ဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။

စပါး ဝါရင့် နောက်ခံလူ ဗာတွန်ဂန် ကတော့ တစ်ပတ် ပေါင် 7 သောင်း နဲ့ ၂ နှစ် စာချုပ် သက်တမ်းတိုး ဖို့ တောင်းဆို ခဲ့ ပေမယ့် အသင်း ဘက်က ငြင်းပယ်ပြီး တစ်နှစ် စာချုပ်သာ ကမ်းလှမ်း နိုင်မယ် လို့ အကြောင်း ပြန်ခဲ့ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဟာသာဘာလင် အသင်း ဟာ တစ်မြို့တည်း ပြိုင်ဘက် ယူနီယံ ဘာလင် အသင်း ကို ၄ – ၀ ရလဒ် နဲ့ အပြတ် အသတ် အနိုင် ရရှီ ခဲံ ပါတယ် ။

SPORTS MYANMAR