အာဆင်နယ် အသင်းကို ရောက်ခါစမှာ သူ့ကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့တဲ့ ကစားသမား နှစ်ဦး နာမည်ကို ပြောကြားလိုက်တဲ့ ဒီဂျိုရူး

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရတဲ့ အချိန်မှာ အာဆင်နယ် အသင်းဟာ ကစားသမားဟောင်းတွေကို ဖိတ်ခေါ်ပြီး ‘In Lockdown ‘ ဆိုတဲ့ အစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့ နဲ့ ကြာသပတေး နေ့တွေမှာ ကျင်းပ ပြုလုပ် ပေးနေခဲ့ရာ ယခုတစ်ပတ် အလှည့်ကျလာသူကတော့ နောက်ခံလူ ဒီဂျိုရူး ပါ ။

ဒီဂျိုရူး ဟာ ‘In Lockdown’ အစီအစဉ်မှာ ဘားကမ့် ၊ အွန်နရီ တွဲကစားခဲ့ရတဲ့ အတွေ့အကြုံ ၊ အာဆင်ဝင်းဂါး နဲ့ ဆက်ဆံရေး ၊ ၂၀၁၁ ခုနှစ်တုန်းက နယူးကာဆယ် နဲ့ ၄-၄ သရေကျခဲ့တဲ့ ပွဲအကြောင်း စသည်ဖြင့် အကြောင်းအရာ မျိုးစုံ ပြောကြား ပေးသွားခဲ့တာပါ ။

ဆွစ်ဇာလန် နောက်ခံလူ ဒီဂျိုရူး ဟာ အာဆင်နယ် အသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ ကစားခဲ့သူပါ ။ ဒီဂျိုရူး ဟာ အာဆင်နယ် အသင်းမှာ ကစားစဉ်တုန်းက ဘာမင်ဂမ် ၊ ဟန်နိုဗာ ၊ ဟန်ဗာဂါ အသင်းတွေကို အငှား သွားရောက် ကစားခဲ့ပါတယ် ။

ဒီဂျိုရူး က အွန်နရီ ၊ ဘားကမ့် တို့နဲ့ လေ့ကျင့်ခန်း ဆင်းခဲ့ရပုံကို ” တစ်ခါတစ်လေမှာ လူတွေက ကျနော့်ကို မေးကြပါတယ် ။ အွန်နရီ ၊ ဘားကမ့် တို့နဲ့ အတူ လေ့ကျင့်ခန်း ဆင်းရတဲ့ အခါမှာ ဘယ်လို ရင်ဆိုင် ရသလဲ ဆိုတာကိုပေါ့ ၊ တစ်ခါတစ်လေမှာ သူတို့ကို ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်တွေ့လိုက်ရပါတယ် ၊ အဲ့လောက်အထိ သူတို့က ကောင်းတာပါ ။ ”

” တစ်နေ့ကျတော့ ဒန်းနစ် ဘားကမ့် တစ်ယောက် နှစ်မီတာ အထိ ခုန်ပြီး ဘောလုံး ထိန်းလိုက်ပါတယ် ၊ သူ့အတွက် ဘာမှ မဟုတ်သလိုပါပဲ ၊ ကျနော် လုံးဝ အံ့အား သင့်ခဲ့ရပါတယ် ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အဆင်သင့် ဖြစ်အောင် ပြင်ဆင် ခဲ့ရပါတယ် ၊ အသင်းမှာ ပါဝင်ခွင့် ရချင်တာကြောင့် ဖျက်ထုတ်မှုလေး တစ်ခုလုပ်ဖို့ အခွင့်အရေး ရရင်တောင် သူတို့ကို ခက်ခဲအောင် လုပ်ဖို့ ကြိုးစား ခဲ့ပါတယ် ။ ”

” သီယာရီ က ကျနော့်ကို ပြောပါတယ် ၊ ငါ မင်းရဲ့ မကြောက်မရွှံ ကစားဟန် ကို သဘောကျပါတယ် ၊ အသင်းကို ရောက်လာတဲ့ အခါမှာ တစ်စုံ တစ်ယောက်ကို ဖျက်ထုတ်ဖို့ လိုအပ်ရင် ဖြစ်ဖြစ် ၊ တွန်းဖို့ လိုအပ်ရင် ပဲ ဖြစ်ဖြစ် လုပ်ဖို့ ပြောပါတယ် ။ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစား ခဲ့ရပြီး ကစားရတာ ပျော်ရွှင်အောင် လုပ်ဆောင် ခဲ့ရပါတယ် ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး ဒီဂျိုရူး က အာဆင်နယ် အသင်း ဂန္တဝင် နည်းပြ အာဆင်ဝင်းဂါး နဲ့ ဆက်ဆံရေး အကြောင်းကိုလည်း ” ကျွန်တော် သူ့ကို ချစ်ပါတယ် ၊ သူနဲ့ အတူ အချိန်ကုန်ဆုံးဖို့ အခွင့်အရေး ရခဲ့ပါတယ် ၊ သူက ကစားသမားတွေ အားလုံးကို ပျိုးထောင် ပေးခဲ့သူပါ ၊ ကျွန်တော့်ကိုလည်း ကိုယ့်အရည်အချင်းကို ထုတ်ဖော် ပြသခွင့် ပေးခဲ့ပါတယ် ။ ”

” ဘောစ့် နဲ့ ပတ်သတ်ပြီး ကျွန်တော် သဘောကျမိတဲ့အရာက ကိစ္စရပ်တိုင်း အပေါ် သူ့ရဲ့ ကိုင်တွယ် ဖြေရှင်းတဲ့ နည်းလမ်းပါ ၊ သူ ဖြေရှင်းပုံက ဆင်တူတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ကွဲပြား ပါတယ် ။ ”

” ဥပမာ အနေနဲ့ ပြောရရင် သူက ကျွန်တော့် အပေါ် အမြဲ အကောင်းမြင်ပါတယ် ၊ သူက ကျနော့်ကို ‘အခြေအနေတွေက မင်းအတွက် မတရားရာတော့ ကျနေတယ်ကွာ ၊ မင်းက ပုံစံကောင်းရပြီး ခြေစွမ်းပြနေနိုင်တယ် ၊ ဒါပေမယ့် မင်းအတွက် အချိန်ကောင်း ရောက်လာမှာပါ ။ မင်းက ငယ်သေးတော့ စိတ်ရှည်ရှည်နဲ့ စောင့်ကွာ ။ ‘ လို့ အားပေးပါတယ် ။ ” ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR