လီဗာပူး ခေါ်ယူဖို့ လိုအပ်တဲ့ ကစားသမားမျိုးကို ယာဂန်ကလော့ထံ အကြံပေးလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက လီဗာပူး အသင်းအနေနဲ့ ထိပ်တန်း တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူဖို့ လိုအပ်တယ်လို့ ဆိုလိုက် ပေမယ့် ရက်ဘူးလိုက်ပ်ဇစ် တိုက်စစ်မှုး တီမိုဗက်နာရဲ့ အပြောင်းအရွေ့ ကိုတော့ သံသယ ဖြစ်နေ ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်း ချန်ပီယံလိဂ် ဖလား ၊ ကလပ် ကမ္ဘာ့ဖလား နဲ့ စူပါဖလား တို့ကို ဆွတ်ခူး ထားခဲ့တဲ့ အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား မှာလည်း ၂၅ မှတ် အသာနဲ့ ဦးဆောင်နေပြီး နှစ် ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလားကို ဆွတ်ခူး နိုင်ရန် နောက်ထပ် ၆ မှတ်သာ လိုပါတော့တယ်။

ဒါပေမယ့်လည်း လီဗာပူး အသင်းဟာ လာမည့် နွေရာသီ အပြောင်းအရွေ့မှာ အသင်းကို ထပ်မံ အင်အား မြှင့်တင် သွားဖို့ ရှိနေတယ်လို့ ပြောဆို နေကြ ပါတယ်။ ရက်ဘူးလိုက်ပ်ဇစ် အတွက် ၁၅၁ ပွဲမှာ ၈၈ ဂိုးထိ သွင်းယူ ထားခဲ့ကာ ဒီရာသီ ဘွန်ဒက်လီဂါမှာ ဂိုးသွင်း ခြေစွမ်းပြသ နေတဲ့ တီမိုဗက်နာ ဟာ လီဗာပူး အသင်းရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် သတင်းတွေ ထွက်နေပါတယ်။

ကာရေဂါ က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ရပ်နားမှု မလုပ်မီ လီဗာပူးတို့ အသက် ၂၄ နှစ် အရွယ် ကစားသမားကို ခေါ်ယူ နိုင်လိမ့်မယ်လို့ ယုံကြည် ထားခဲ့ ပေမယ့် လက်ရှိ မှာတော့ အခြေအနေတွေ ပြောင်းလဲ သွားပြီလို့ ဆိုသွား ပါတယ်။

လီဗာပူး နောက်ခံလူဟောင်းက “ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မတိုင်မီ တီမိုဗက်နာဟာ လီဗာပူး ကို ပြောင်းလာဖို့ အတွက် အခွင့်အရေးကောင်း ရှိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ဘဏ္ဍရေးပိုင်းဆိုင်ရာ အရ အခု ဆိုရင် ကလပ်တွေရဲ့ အခြေအနေဟာ ဘယ်လို ဖြစ်နေမလဲ ဆိုတာ ကိုယ်တွေ မသိနိုင် ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဘဏ္ဍာရေး result တွေကို ကြေငြာမှု မတိုင်မီ ကျွန်တော် တွစ်တာမှာ ဒီလိုမျိုး အရာ တွေကို တွေ့ခဲ့ ပါတယ်။ လီဗာပူး အသင်းလည်း ဒီလို သက်ရောက်မှုမျိုး ရှိနေမယ်လို့ မျှော်လင့် ထားနိုင် ပါတယ်။ ကျွန်တော် ကတော့ ဒါဟာ အပြောင်းအရွေ့ ဈေးကွက်ကို သက်ရောက်မှု ရှိသွား လိမ့်မယ်လို့ ယုံကြည် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ဆက်လက်ပြီး ကာရေဂါက “လီဗာပူး အနေနဲ့ လက်ရှိ သူတို့ အသင်း ပိုင်ဆိုင် ထားတဲ့ လူအင်အားနဲ့ ပက်သက်ပြီး အများကြီး စောဒက တက်နိုင်မယ်လို့ ကျွန်တော် မထင်ပါအဘူး။ သူတို့ဟာ တစ်ရာသီလုံး လိဂ်ပွဲစဉ် ၁ ပွဲသာ ရှုံးနိမ့် ထားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ၁ ပွဲပဲ ရှုံးခဲ့ ပါတယ်။

ဒါ့ကြောင့် သူတို့ အသင်းဟာ သိပ်အများကြီး ပြောင်းလဲ စရာ မလိုပါဘူး။ ဒါပေမယ့် သူတို့ဟာ တိုက်စစ် ကစားသမား တစ်ဦးတော့ လိုအပ်တယ်လို့ ကျွန်တော် ခံစား မိနေ ပါတယ်။ ဒါပေမယ့် ဘဏ္ဍရေးပိုင်းဆိုင်ရာ ထိခိုက်မှု ရှိသွား ခဲ့မယ် ဆိုရင် သူတို့ ဈေးကွက်မှာ လှုပ်ရှားမှာ မဟုတ်ပါဘူး။” လို့ ပြောလိုက် ပါတယ်။

ဗက်နာ ရဲ့ လိုက်ပ်ဇစ် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဘွန်ဒက်လီဂါ ပွဲစဉ်မှာ ဖရိုင်းဘတ်နဲ့ ၁ ဂိုးစီ သရေကျကာ အမှတ်ပေးဖလား အတွက် အရေးပါတဲ့ ရမှတ် ၂ မှတ်ကို ဆုံးရှုံး ခဲ့ပါတယ်။ လိုက်ပ်ဇစ် ဟာ မနက်ဖြန် မှာတော့ တန်းဆင်းဇုန် နားမှာ ရုန်းကန် နေရတဲ့ မိန့်ဇ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစား ရမှာ ဖြစ်ပါတယ်။

SPORTS MYANMAR