လမ်းပတ် ရဲ့ အရည်အချင်း ကို ချီးကျူးရင်း နောက်ထပ် တပည့်ဟောင်း တဦးလည်း လမ်းပတ် ခြေရာနင်းလိမ့်မယ် လို့ ဟောကိန်းထုတ်လိုက်တဲ့ #အန်ဆယ်လော့တီ

ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ၎င်းတို့ အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖရန့် လမ်းပတ် ကို နည်းပြသစ် အဖြစ် ၃နှစ် စာချုပ် နဲ့ ခေါ်ယူ ခန့်အပ်ခဲ့ပါတယ် ။ လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ ချန်ပီယံရှစ် ကလပ် ဒါဘီ အသင်း နဲ့ အတူ မန်နေဂျာ လောကထဲကို စတင် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ် ။

 

ဒီ အတွက်ကြောင့် လည်း လမ်းပတ် ကို ချယ်လ်ဆီး နည်းပြ အဖြစ် ခန့်အပ်တာ စောလွန်းသေးတယ် လို့ တွက်ဆခဲ့တဲ့ သူတွေလည်း ရှိခဲ့ပါတယ် ။ သို့ပေမယ့် လမ်းပတ် ကတော့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်ဆောင်ခဲ့ကာ ၊ transfer ban ပြစ်ဒဏ်ကြောင့် လိုအပ်ချက် များစွာ ရှိနေခဲ့တဲ့ ချယ်လ်ဆီး အသင်း ကို အတတ်နိုင်ဆုံး ဆွဲတင် ပြခဲ့ပါတယ် ။

အကယ်ဒမီထွက် လူငယ် တွေကို ရဲရဲဝံ့ဝံ့ နေရာပေးခဲ့ကာ ၊ တိုက်စစ်ပြီး တိုက်စစ် ဖြစ်နေခဲ့တဲ့ အသင်း ရဲ့ ကစားပုံ ပြောင်းလဲလာခြင်း ကြောင့်လည်း ပရိသတ် တွေဟာ နဂို ၎င်းတို့ရဲ့ အချစ်တော် လမ်းပတ် ကို ပိုပြီး သဘောကျ နှစ်သက်လာကြပါတယ် ။ တဖက်မှာ ချယ်လ်ဆီး အသင်း ရဲ့ နောက်ထပ် ဂန္တဝင် တဦး ဖြစ်တဲ့ ဂျွန်တယ်ရီ ဟာလည်း မန်နေဂျာ လောကထဲကို ဝင်ရောက်လာပြီ ဖြစ်ပေမယ့် အခုမှ သင်ယူနေဆဲ အနေအထား မှာ ရှိနေပါတယ် ။

တယ်ရီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ အက်စတွန် ဗီလာ အသင်း ရဲ့ လက်ထောက် နည်းပြ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ကာ ၊ လက်ရှိ ဗီလာ နည်းပြ ဒင်းစမစ် ရဲ့ အားထားရတဲ့ ညာလက်ရုံး အဖြစ် ရပ်တည်နေပါတယ် ။ လွန်ခဲ့တဲ့ ၁၀နှစ်လောက် က ၎င်းတို့ ၂ဦးလုံး ကို ကိုင်တွယ်ခဲ့ရတဲ့ ချယ်လ်ဆီး နည်းပြဟောင်း ကာလို အန်ဆယ်လော့တီ ကတော့ အခုအချိန်မှာ အဲဗာတန် အသင်း ရဲ့ နည်းပြ ဖြစ်နေပါတယ် ။

 

မနေ့က Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ အန်ဆယ်လော့တီ က ၎င်းရဲ့ တပည့်ဟောင်း ၂ဦး ဖြစ်တဲ့ လမ်းပတ် နဲ့ တယ်ရီ တို့ရဲ့ အရည်အချင်း နဲ့ စွမ်းဆောင်ရည် တွေကို အားရ ကျေနပ်လျက် ရှိကာ ၊ အနာဂတ် မှာ သေချာပေါက် အောင်မြင်မှု တွေ ရနိုင်လိမ့်မယ် လို့လည်း ယုံကြည်နေကြောင်း ဖွင့်ဆိုလာပါတယ် ။

အန်ဆယ်လော့တီ က ” ဖရန့် မန်နေဂျာ ဖြစ်လာတာ ကို ကျွန်တော် လုံးဝ မအံ့သြမိပါဘူး ။ ဘာလို့လဲ ဆိုတော့ ကစားသမား ဘဝ မှာ ကတည်းက သူဟာ နည်းစနစ်ပိုင်း ၊ ကစားကွက်ပိုင်း တွေမှာ ကျွမ်းကျင်နိုင်နင်းလို့ပါ ။ တယ်ရီ ကိုလည်း မန်နေဂျာ အနေနဲ့ မြင်တွေ့ရဖို့ ကျွန်တော် စောင့်မျှော်နေပါတယ် ။ အခုအချိန်မှာတော့ သူဟာ လက်ထောက် နည်းပြ အနေနဲ့ပဲ ရှိနေပါတယ် ။ ”

” ဒါပေမယ့် ၂ယောက်လုံး မှာ မန်နေဂျာကောင်း ဖြစ်လာဖို့ အရည်အချင်း တွေ ရှိနေပါတယ် ။ ဟုတ်ပါတယ် ။ ဖရန့် ဆိုရင် ချယ်လ်ဆီး မှာ စွမ်းဆောင်ရည်ကောင်း တွေကို ပြသထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး အန်ဆယ်လော့တီ က သူ ဘောလုံး ရာသီ ၂ခုစာ ကိုင်တွယ်ခဲ့တဲ့ ချယ်လ်ဆီး အသင်း မှ အမှတ်တရ တချို့ ကို အခုလိုပဲ ဖွင့်ဟလာပြန်ပါတယ် ။

အန်ဆယ်လော့တီ က ” ဒုတိယ ရာသီ က ကျွန်တော့ အတွက် ပိုပြီး ခက်ခဲခဲ့ပါတယ် ။ ဒါပေမယ့် ပထမ ရာသီ ကတော့ လုံးဝ အံ့သြဖွယ်ပါပဲ ။ ကလပ် အသင်းဖက်က အဓိက ပစ်မှတ် က ချန်ပီယံလိဂ် ဖလား ရဖို့ပါ ။ ဒါပေမယ့် ကျွန်တော် တို့ ပထမ ရာသီ မှာ ဆွတ်ခူးခဲ့တဲ့ ပရီးမီးယားလိဂ် နဲ့ အက်ဖ်အေ ဖလား တို့ဟာလည်း အရမ်း အရေးကြီးတဲ့ ဖလား တွေ ဖြစ်ပါတယ် ။ ”

” ဒုတိယ ရာသီ က ပိုပြီး ခက်ခဲရတယ် ဆိုတာ ကျွန်တော် တို့မှာ ပြဿနာ တချို့ ရှိခဲ့လို့ပါ ။ အဲ့ဒီနှစ်မှာ ဒီဒီယာ ( ဒရော့ဘာ ) ငှက်ဖျားရောဂါ ခံစားခဲ့ရကာ ၊ တချို့သော အဓိက ကစားသမား တွေရဲ့ ဒဏ်ရာ ပြဿနာ တွေလည်း ကြုံခဲ့ရပါတယ် ။ အဲ့ဒီ ရာသီ ရဲ့ စတင်တဲ့ အချိန် နဲ့ ပိတ်သိမ်းတဲ့ အချိန် တွေမှာ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည် အရမ်း ကောင်းခဲ့ပေမယ့် ၊ အလယ်မှာတော့ ထင်သလောက် အခြေအနေ မဟန်ခဲ့ပါဘူး ။ ”

” ဒရော့ဘာ ဟာ ကျွန်တော့ ရဲ့ ပထမ ရာသီ မှာ လုံးဝ အံ့သြဖွယ် ခြေစွမ်းတွေ ပြသခဲ့ပြီး ၊ စုစုပေါင်း ၃၆ ဂိုး သွင်းနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ပထမ ရာသီ က ရလဒ်ကောင်း တွေ အတွက် ဒရော့ဘာ ကိုပဲ ချီးကျူးလို့ မဖြစ်ပါဘူး ။ နီကိုးလက်စ် အနယ်လ်ကာ ၊ ဖလော့ရင် မာလူဒါ ၊ ဂျိုကိုးလ် ၊ ဆော်လ်မွန် ကာလူး ၊ ကွင်းလယ်မှာဆို မိုက်ကယ် ဘောလက် ၊ မိုက်ကယ် အက်ဆီယန် ၊ ဒေကို ၊ ခံစစ်မှာဆိုရင် အဲလက်စ် ၊ ဘရန်နီဆလပ်ဗ် အီဗန်နိုဗစ်ချ် ၊ အက်ရှ်လေကိုးလ် တို့ ရှိခဲ့ပါတယ် ။ ”

” ကျွန်တော် ပိုင်ဆိုင်ခဲ့ရတဲ့ ချယ်လ်ဆီး အသင်း က အရမ်း မိုက်ပါတယ် ။ ကျွန်တော် ချယ်လ်ဆီး ကို ရောက်ရှိတဲ့ အချိန် ဟာ အသင်း ကို အခုမှ စတင် တည်ဆောက်ရမယ့် အနေအထား မဟုတ်ခဲ့ပါဘူး ။ ကျွန်တော် ကိုင်တွယ်ရမယ့် အသင်း က အရန်သင့် ရှိနေခဲ့တာပါ ။ ဒါကြောင့်မို့ ဒီလို မြင့်မားတဲ့ အရည်အသွေး ၊ ပါဝါမျိုး ရှိတဲ့ ကစားသမား တွေကို ကိုင်တွယ်ရခြင်း အပေါ် ကျွန်တော် အရမ်း စိတ်လှုပ်ရှားခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR