ယနေ့ည ယှဉ်ပြိုင် ကစားမယ့် ဂျာမန်ဘွန်ဒစ်လီဂါ ပွဲစဉ်များအကြောင်း

ဂျာမန် ဘွန်ဒစ်လီဂါ ပွဲစဉ် 27 ရဲ့ ပွဲစဉ် အချို့ ကို ယနေ့ ည မှာ ယှဉ်ပြိုင် ကစား ကြမှာ ဖြစ်ပါတယ် ။ ဒါဟာ ကမ္ဘာ တစ်ဝှမ်း ကို ခြိမ်းခြောက် နေတဲ့ ကျန်းမာရေး ကပ်ဘေးဆိုးကြီး ကြောင့် ရပ်နား ထားရတဲ့ ဘောလုံး ပြိုင်ပွဲတွေ အထဲ က အစောဆုံး ပြန် ကစားခဲ့တဲ့ ပြိုင်ပွဲ တစ်ခု ရဲ့ ဒုတိယ မြောက် ရက်သတ္တပတ် လို့လည်း ဆိုနိုင် ပါတယ် ။ ပထမ အပတ် တုန်းက တော့ ကြီးမားတဲ့ ပြဿနာ မရှိဘဲ အောင်မြင်စွာ အဆုံးသတ် နိုင်ခဲ့ ပါတယ် ။ အခု တစ်ပတ် မှာရော ဘယ်လို ပြီးဆုံး သွားမလဲ . . .

ပွဲစဉ် 27 ရဲ့ ပထမဦးဆုံး ပွဲ ကိုတော့ ယမန်နေ့ ညနှောင်းပိုင်း မှာ ယှဉ်ပြိုင် ကစား သွားခဲ့ ပါပြီ ။ ဟာသာ ဘာလင် နဲ့ ယူနီယံ ဘာလင် တို့ ထိပ်တိုက် တွေ့ဆုံ ခဲ့တဲ့ ဘာလင် ဒါဘီ မှာတော့ အိမ်ရှင် ဟာသာ က ၄ ဂိုး ပြတ် အနိုင်ရပြီး ပထမ အကျော့ တုန်းက ရှုံးကြွေး ကို ပြန်ဆပ် နိုင်ခဲ့ ပါတယ် ။

ပထမ ပိုင်း ဂိုးမရှိ သရေ ကျနေခဲ့တဲ့ ပွဲမှာ အိမ်ရှင် ဟာသာဘာလင် ဟာ ဒုတိယ ပိုင်း ၅၁ နဲ့ ၅၂ မိနစ်တွေ မှာ ဆက်တိုက် ရခဲ့တဲ့ ဂိုးတွေကြောင့် ဒါဘီ ပြိုင်ဘက် အပေါ် အသာစီး ရရှိ ခဲ့ပြီး နောက်ပိုင်းမှာ ၂ ဂိုးထပ်မံ သွင်းယူ နိုင်ခဲ့ ပါတယ် ။ ရှေ့ အပတ် တုန်းက ဂိုးသွင်းယူ ခဲ့တဲ့ အသင်းဖော် ကို ပွေ့ဖက် နမ်းရှုံ့ ခဲ့လို့ ဝေဖန် ခံခဲ့ ရတဲ့ ဘိုယာတာ ဟာလည်း မနေ့ညက ပွဲမှာ ဟာသာဘာလင် အတွက် စတုတ္ထ မြောက်ဂိုး ကို ခေါင်းတိုက် သွင်းယူ ပေးသွားခဲ့ ပါတယ် ။

ဒီ နိုင်ပွဲ ကြောင့် ဟာသာဘာလင် ဟာ ရမှတ် ၃၄ မှတ် နဲ့ အဆင့် ၁၀ နေရာကို လှမ်းတက် နိုင်ခဲ့ ပါတယ် ။ ဒီကနေ့ စနေနေ့ ည မှာတော့ နောက်ထပ် ပွဲစဉ် ၅ ပွဲ ကို ယှဉ်ပြိုင် ကစား သွားမှာ ဖြစ်ပြီး ဒေါ့မွန် ၊ ဘိုင်ယန် မြုးနစ် တို့ရဲ့ ပွဲစဉ်တွေ ပါဝင် ခဲ့ ပါတယ် ။

 

ပြီးခဲ့တဲ့ ပွဲစဉ် ၂၆ အထိတော့ ဘိုင်ယန်မြုးနစ် က ၅၈ မှတ် နဲ့ ထိပ်ဆုံးမှာ ဦးဆောင် နေပြီး ဒေါ့မွန် က ၅၄ မှတ် နဲ့ လိုက်လံ ဖိအားပေး နေခဲ့ကာ ရက်ဘူး လိုက်ပ်ဇစ် ကတော့ ပြီးခဲ့တဲ့ အပတ် တုန်းက ခြေချော်ပြီး သရေ ကျသွားခဲ့လို့ ဘိုင်ယန် နဲ့ 7 မှတ် ပြတ်သွားခဲ့ရ ပါတယ် ။ မိုချန် ဂလာဘတ် က ၅၂ မှတ် နဲ့ တတိယ ၊ လေဗာကူဆင် က ရမှတ် ၅၀ နဲ့ ပဉ္စမ နေရာတွေ မှာ ရှိနေပြီး ဥရောပ ဝင်ခွင့် အတွက် အကျိတ် အနယ် ဖြစ်နေ ကြပါတယ် ။

ဒီကနေ့ ည မြန်မာစံတော်ချိန် ၈း၀၀ နာရီ မှာတော့ ပွဲစဉ် ၄ ပွဲ ကို ယှဉ်ပြိုင် ကစားမှာ ဖြစ်ပြီး ဒေါ့မွန် အသင်း ဟာ ဝုဖ်ဘတ် ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပါတယ် ။ ဦးဆောင်သူ ဘိုင်ယန်မြူးနစ် ကတော့ မြန်မာ စံတော်ချိန် ည ၁၁း၀၀ နာရီ မှာ ဖရန့်ဖွတ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစား ရမှာပဲ ဖြစ်ပါတယ် ။

ဒီပွဲတွေ ထက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ပွဲကတော့ ဒေါ့မွန် နဲ့ တစ်ချိန်တည်းမှာ ယှဉ်ပြိုင် ကစားမယ့် မိုချန် ဂလာဘတ် နဲ့ လေဗာကူဆင် တို့ရဲ့ ပွဲဖြစ်ပြီး အဆင့် ၃ နဲ့ ၅ အကြား ၂ မှတ်သာ ကွာဟတာဖြစ်လို့ လေဗာကူဆင် အနေနဲ့ အနိုင် ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့် ကို ဆုပ်ကိုင်နိုင်ဖို့ အခွင့် အရေး ရှိလာခဲ့ပြီ ဖြစ် ပါတယ် ။

 

တန်းဆင်းဇုံ ထဲက ဝါဒါဘရီမင် နဲ့ ပါဒါဘွန်း တို့ ဟာလည်း ဖရိုင်းဘတ် ၊ ဟော့ဖမ်ဟမ်း တို့ နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး ဘယ်အသင်းက သေရေး ရှင်ရေး ရမှတ်တွေ ကို ရယူ သွားမလဲ ဆိုတာ စောင့်ကြည့် ကြရ မှာပဲ ဖြစ် ပါတယ် ။

မနက်ဖြန် မှာတော့ ရှော်ကေး နဲ့ အော့ဇ်ဘတ် ၊ မိန်ဇ့် နဲ့ RB လိုက်ပ်ဇစ် ၊ ကိုလုံး နဲ့ ဒက်ဆယ်ဒေါ့ဖ် ပွဲစဉ်တွေ ကို ယှဉ်ပြိုင် ကစား ကြမှာပဲ ဖြစ် ပါတယ် ။ ဘွန်ဒစ်လီဂါ ဟာ အနားယူ ဖို့ အစီအစဉ် မရှိဘဲ ပွဲစဉ် ၂၈ ကို ကြားရက် ထဲ မှာ ယှဉ်ပြိုင် ကစားသွား ဦးမှာ ဖြစ်ပါတယ် ။

 

ဒီ ပွဲစဉ် ၂၈ မှာတော့ အဆင့် ၁ က ဘိုင်ယန် နဲ့ အဆင့် ၂ က ဒေါ့မွန် တို့ ထိပ်တိုက်တွေ့ဆုံ ကြမှာ ဖြစ်ပြီး ဘောပွဲ ငတ်မွတ် နေတဲ့ ပရိသတ်တွေ ကို အိပ်ရေး ပျက်ရတာ ထိုက်တန်စေအောင် အကြိတ် အနယ် ယှဉ်ပြိုင် ကစား ကြမှာသေချာ ပါတယ် ။

ဘာပဲ ဖြစ်ဖြစ် ဘွန်ဒစ်လီဂါ ဟာ ဂိမ်းတွေ ၊ ရုပ်ရှင် ဗီဒီယိုတွေ ၊ ဆိုရှယ်မီဒီယာ တွေ နဲ့ လုံးလယ်ချာလယ် လိုက်နေတဲ့ ကျွန်တော်တို့ အတွက် အပြောင်းအလဲ တစ်ခု ဖြစ်လာစေခဲ့ တာ အမှန် ပါပဲ . . . . .

SPORTS MYANMAR