မန်ချက်စတာ ယူနိုက်တက်မှာ အတူ တွဲဖက်ကစားခဲ့ဖူးတဲ့ အကောင်းဆုံး ကစားသမား နှစ်ဦး အမည်ကို ပြောပြလိုက်တဲ့ ရိုင်ယန်ဂစ်

ဝေးလ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဟောင်း ဖြစ်သူ ရိုင်ယန် ဂစ်ဟာ ကစားသမား ဘဝ ကို မန်ချက်စတာ ယူနိုက်တက် အသင်း မှာပဲ မြှုပ်နှံ ထားခဲ့သူ ဖြစ်ပြီး စပါယ်ရှယ် ကစား သမား ကောင်းတွေ များစွာ နဲ့ အတူ တွဲဖက် ကစားရင်း ဆု ဖလား အောင်မြင်မှု များစွာ ရယူ ထားနိုင် ခဲ့သူပဲ ဖြစ်ပါတယ် ။

အခုတော့ အတူ တွဲဖက် ကစားခဲ့ ဖူးတဲ့ အဆိုပါ ကစားသမား တွေ အနက် ပေါ်တူဂီ လက်ရွေးစင် တောင်ပံ တိုက်စစ် ကစား သမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် စခိုးလ် တို့က အကောင်းဆုံး ကစားသမား တွေ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ပေါလ် စခိုးလ် ဟာ ရိုင်ယန်ဂစ် နည်းပြ ယူနိုက်တက် အကယ်ဒမီမှ ထွက်ပေါ် လာခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး နာမည်ကျော် Class 92 အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့ ပါတယ် ။ သူတို့ နှစ်ဦး ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ နှစ် 20 လောက် အတူ တွဲဖက် ကစားခဲ့ ဖူးတဲ့ သူတွေပဲ ဖြစ်ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ စပို့တင်း လစ္စဘွန်း အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပြောင်းရွှေ့ လာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ အကောင်းဆုံး ခြေစွမ်း တွေနဲ့ အတူူ ဆုဖလား တွေကို ဆွတ်ခူးရင်း ကမ္ဘာ့ အကောင်းဆုံး ကစား သမား ဆု ဖြစ်တဲ့ Ballon d’Or ကိုပါ ရယူ နိုင်ခဲ့တဲ့ အတွက် အကောင်းဆုံး ဖြစ်တယ် ဆိုတာ သိသာ ထင်ရှားလှ ပါတယ် ။

” ကျွန်တော် အတူ ကစားခဲ့ ဖူးသူ တွေထဲ အကောင်းဆုံး ကတော့ ခရစ္စတီယာနို ရော်နယ်ဒို ပါပဲ ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အချိန်တို လေးပဲ ကစား ပေးခဲ့ ပါတယ် ။ ဒါပေမယ့် သူဟာ အသင်း အတွက် အလွန့် အလွန်း ကောင်းခဲ့တယ် ဆိုတာ သိသာ ထင်ရှားလှ ပါတယ် ”

” အဲ့ဒီနောက် သူဟာ အခြား နေရာတွေ မှာလည်း အကောင်းဆုံး ကစားသမား ဖြစ်တဲ့ အကြောင်း တွေကို သက်သေ ပြထား နိုင်ခဲ့ ပါတယ် ။ သူဟာ ခြေစွမ်းပိုင်း ဆိုင်ရာ ကောင်းသထက် ကောင်းလာ ခဲ့တဲ့ စပါယ်ရှယ် ကစားသမား တစ်ဦး ပါပဲ ။ ဒါကို ကျွန်တော် တို့ အားလုံး သိရှိကြ ပါတယ် ”

” စခိုလီ ကတော့ ကျွန်တော် ယူနိုက်တက် အသင်း မှာ ကစား ခဲ့တဲ့ အကောင်းဆုံး ကစားသမား ပါပဲ ။ ဒါကို အသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာ ခင်ဗျားတို့ မြင်တွေ့ နိုင်ကြ ပါတယ် ။ တော်ရုံ ဘယ်သူ ကမှ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းထဲမှာ သူ့ အနား မကပ်နိုင် ပါဘူး ”

” သူ့ရဲ့ ဦးနှောက်က အခြားသူ တိုင်းထက် ပိုပြီး လျင်မြန်လှ ပါတယ် ။ သူ့ရဲ့ ဘောလုံး ပေးပို့မှု အရည်အသွေး တွေက တစ်ကယ့်ကို အံ့ဖွယ် ပါပဲ ။ ခင်ဗျား ကတော့ သူ့ကို မကြာခင် ဖမ်းမိ နိုင်တော့မယ် လို့ တွေးတော နေမှာ ပါပဲ ။ ဒါပေမယ့် သူဟာ အလွယ်လေး ရုန်းထွက် ပြနိုင်စွမ်း ရှိသူ ပါပဲ ”

” သူဟာ ဘောလုံး ဖိန့်တာလည်း ကောင်းမွန် ပါတယ် ။ သူဟာ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ သာကမ ကွင်းထဲ မှာလည်း တစ်ကယ့် ကို တော်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ခဲ့ ပါတယ် ” လို့ ရိုင်ယန် ဂစ်က အသင်းဖော် အကြောင်း ကို ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar