နွေရာသီမှာ အသင်းပြောင်းဖွယ်ရှိတဲ့ လီဂူးဝမ်း က ကစားသမားကောင်းများ

တစ်ကမ္ဘာလုံး ကို ခြိမ်းခြောက် ခဲ့တဲ့ ကြောက်မက်ဖွယ် ကျန်းမာရေး ကပ်ဘေးဆိုးကြီး ဟာ လူပေါင်း များစွာ ကို အကြပ် အတည်းတွေ နဲ့ ရင်ဆိုင် စေခဲ့ ရ ပါတယ် ။ လုပ်ငန်း အများ အပြား ဟာ ရပ်နား ထားရပြီး ဝင်ငွေ များစွာ ထိခိုက် ခဲ့ကြ ပါတယ် ။ အဲ့ဒီ အထဲ မှာ ဘောလုံး ကလပ် တွေလည်း ပါဝင် ခဲ့ ပါတယ် ။ ရုပ်သံ လွှင့် ခ ၊ လက်မှတ်ခ ၊ အမှတ် တရ ပစ္စည်း ရောင်းချ ရမှု တွေ က နေ ဝင်ငွေ မရရှိ တော့သလို ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်တွေ လည်း ဖျက်သိမ်း လိုက်ရတာ ကြောင့် ဝင်ငွေ များစွာ နစ်နာ ဆုံးရှုံးခဲ့ ရပြီး ဆက်လက် တည်မြဲ နိုင်ဖို့ ရုန်းကန် ကြရတော့မှာပါ ။

ဒါကြောင့် လာမယ့် အပြောင်း အရွှေ့ မှာ ကလပ် အသင်းတွေ ဟာ သူတို့ရဲ့ ကစား သမားတွေ ကို ကာလ ပေါက်ဈေးထက် လျော့နည်းတဲ့ ပမာဏ နဲ့ ရောင်းထုတ် လာနိုင်ချေ ရှိတယ် လို့ သုံးသပ် ထားကြ ပါတယ် ။ ဒီ အထဲ မှာတော့ ပြင်သစ် လီဂူးဝမ်း က ကလပ်တွေ လည်း ပါဝင်လာ မှာပါ ။

ပြီး ခဲ့တဲ့ ၂၀၁၈ – ၂၀၁၉ ဘောလုံး ရာသီ မှာ ပြင်သစ် ကလပ်တွေ ရဲ့ ကစား သမား လစာ ပေးချေမှု စုစုပေါင်း ဟာ ယူရို ၆၃၅ သန်း ရှိခဲ့ ပါတယ် ။ ဒီ ပမာဏ ဟာ လက်ရှိ ကပ်ဘေးဆိုးကြီး အပြီးမှာ ဆက်လက် ပေးချေ နိုင်ဖို့ ခက်ခဲ သွားနိုင်ပြီး ကစား သမား အချို့ ဟာ အသင်းတွေ ရဲ့ မျက်ကွယ်ပြု ၊ ရောင်းချ ခြင်း ကို ခံ ရဖို့ ရှိလာခဲ့ ပါတယ် ။

ဒီအထဲ မှာ ကစား သမား ကောင်းတွေ ပါဝင် နေပြီး ဘယ်သူတွေ ဘယ် ကို ရောက်လာမလဲ ဆိုတာ ကတော့ အချိန် က အဆုံးအဖြတ် ပေး သွားမှာပါ ။ သူတို့တွေ ကတော့ –

၁ ။ သောမတ်စ် မူနဲယား ( PSG )
၂၀၁၆ ခုနှစ် တုန်းက ကလပ် ဘရုဂေး ကနေ ပြင်သစ် ကလပ် ကို ပြောင်းရွှေ့ လာခဲ့တဲ့ ဘယ်လ်ဂျီယံ နောက်ခံလူ ဟာ အသက် ၂၈ နှစ် အရွယ် မှာ ပြည့်စုံ တဲ့ အတွေ့ အကြုံ ကောင်းတွေကို ပိုင်ဆိုင် ထားခဲ့ ပြီးပါပြီ ။ ဒါပေမယ့် PSG နည်းပြ သောမတ်စ် တူချယ် ရဲ့ အလေးပေးမှု ကို မရရှိခဲ့ဘဲ အသင်း နဲ့ စာချုပ် ဆက်လက် မချုပ်ဆိုတော့တဲ့ မူနဲယား ဟာ ပြင်သစ် ကနေ ထွက်လာမယ့် သူတွေထဲ မှာတော့ အကောင်းဆုံး လို့ ပြောလို့ ရနိုင် ပါတယ် ။

၂ ။ ဗစ်တာ အိုဆင်ဟမ်း ( လိုင်လီ )
နီကိုလပ်စ် ပေပေ ကို ပေါင် သန်း 70 ကျော် နဲ့ ရောင်းထုတ် အပြီး မှာတော့ နောက်ထပ် တိုက်စစ်မှုးကောင်း တစ်ယောက် ကို လိုင်လီ တို့ မွေးဖွားပေး ခဲ့ ပါတယ် ။ သူကတော့ အသက် ၂၁ နှစ် အရွယ် ဗစ်တာ အိုဆင်ဟမ်း ပါပဲ ။ ပြီးခဲ့တဲ့ ဇူလိုင် ကမှ လိုင်လီ ကို ယူရို ၁၂ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ အိုဆင်ဟမ်း ဟာ ဒီရာသီ မှာ ပြင်သစ် ကလပ် အတွက် ၁၈ ဂိုး သွင်းယူ ပေးထားခဲ့ ပါပြီ ။ လိုင်လီ ကတော့ သန်း 70 လောက် ရရင် ပြန်ရောင်းနိုင်တယ်လို့ ပြင်သစ် သတင်းစာ Telefoot က သုံးသပ် ဖော်ပြ ထားခဲ့ ပါတယ် ။

၃ ။ အဲလက်စ် ဒီဆာစီ ( ရင်းမ်စ် )
အသင်းရဲ့ အမာခံ ကစား သမား ဂျွန်အန်ဂယ်လ် ရဲ့ ဗီလာ အသင်းထံ ပြောင်းရွှေ့မှု ဟာ လူငယ်လေး အဲလက်စ် ဒီဆာစီ ကို စီနီယာ အသင်း အခွင့်အရေး ရရှိစေခဲ့ ပါတယ် ။ ပြီး ခဲ့တဲ့ မတ်လ ကမှ ၂၂ နှစ် ပြည့်ခဲ့တဲ့ နောက်တန်း ကစား သမားလေး ဟာ မျှော်လင့် ထားတာထက် ပိုပြီး စွမ်းဆောင်ပြ နိုင်ခဲ့ ပါတယ် ။ ချဲလ်ဆီး နောက်ခံလူ ဇူးမား ငယ်စဉ် က ပြင်သစ်မှာ ကစားခဲ့တဲ့ ပုံစံနဲ့ ဆင်တူတယ်လို့ ညွှန်းဆို ခံထားရတဲ့ ဒီဆာစီ တစ်ယောက် နွေရာသီ မှာ ဘယ်ကို ရောက်လေ မလဲဆိုတာတော့ စောင့်ကြည့် ရဦးမှာပါ ။

၄ ။ အီဘရာဟီမာ ဒီရယ်လို ( ဘရက်စ် )
ဒီရာသီ ပြင်သစ် လိဂ် မှာ ထိုးထွက် လာတဲ့ ကစား သမားတွေ ထဲ မှာ အသက် ၂၁ နှစ် အရွယ် အီဘရာဟီမာ ဒီရယ်လို လည်း ပါဝင်ခဲ့ ပါတယ် ။ ဘရက်စ် အသင်း နဲ့ ပွဲတိုင်း လိုလို ကစားခဲ့ရတဲ့ ဒီရယ်လို ဟာ ပထမ ရာသီ ဝက် တုန်းက စွမ်းဆောင် ခဲ့မှုတွေ ကြောင့် ချီးကျုးမှု တွေ ရရှိခဲ့ ပါတယ် ။ ကွင်းလယ် ၂ ယောက် ဖြစ်စေ ၃ ယောက် ဖြစ်စေ အဆင်ပြေပြေ ကစားနိုင်တဲ့ ဒီရယ်လို ကို ကန်တီ လက်သစ် ဖြစ်လာ နိုင်တယ်လို့ ညွှန်းဆို နေကြပြီး PSG က စောင့်ကြည့် နေပြီဖြစ်ပါတယ် ။

၅ ။ မော်ဂန် ဆန်ဆွန် ( မာဆေး )
မာဆေး ဟာ UEFA ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ နဲ့ ကိုက်ညီဖို့ အတွက် ယူရို သန်းပေါင်း များစွာ လိုအပ် နေပါတယ် ။ ဒါကြောင့် နွေရာသီ မှာ ကစား သမား ကောင်းတွေ ကို လက်လွှတ် ရဖို့ ရှိနေပြီး ကွင်းလယ် ဖန်တီးရှင် မော်ဂန် ဆန်ဆွန် လည်း တစ်ဦး အပါ အဝင် ဖြစ်လာနိုင် ပါတယ် ။

ကွင်းလယ် မှာ box-to-box ကစား နိုင်တဲ့ ဆန်ဆွန် ဟာ ပြင်သစ် ယူ-၂၁ လက်ရွေးစင် အဖြစ် ကစားခဲ့ဖူး ပြီး ဂိုး ဖန်တီးမှု ကောင်းသလို ရှေ့တက်ပြီးလည်း ဂိုးသွင်းရတာ ကို အားသန်သူ ဖြစ်ပါတယ် ။ လက်ရှိ မှာတော့ ဆန်ဆွန် ကို အာဆင်နယ် ၊ စပါး ၊ အဲဗာတန် နဲ့ ဝက်စ်ဟမ်း တို့က စောင့်ကြည့် နေပြီး အစ္စရေးသား စူပါအေးဂျင့် ပီနီ ဇဟာဗွီ ကတော့ ပြင်သစ်သား ကို အင်္ဂလန် မြေပေါ် ဆောင်ယူပေးနိုင်ဖု့ိ ကြိုးစား နေတယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR