ဂျာမန် ဘွန်ဒက်စ်လီဂါ ကွင်းပိတ် ပွဲစဉ် တွေ အပေါ် မှတ်ချက်ပေးရင်း ချယ်လ်ဆီး အသင်း နဲ့ ပရိသတ် တွေကို လွမ်းဆွတ်မိကြောင်း ဝန်ခံလာတဲ့ #ရာမီးရက်စ်

ပြီးခဲ့တဲ့ မတ်လ အလယ်မှာ ဥရောပ ထိပ်သီး ဘောလုံး ပြိုင်ပွဲ တွေ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ယာယီ ရပ်နားထားခဲ့ရကာ ၊ ပြီးခဲ့တဲ့ အပတ် မှာတော့ ဂျာမန် ဘွန်ဒက်စ်လီဂါ ပွဲတွေ ပြန်လည် စတင်ခဲ့ပြီ ဖြစ်ပါတယ် ။ သို့ပေမယ့် ရောဂါ အခြေအနေ က အရမ်း တည်ငြိမ်တဲ့ အနေအထား မှာ မရှိသေးတဲ့ အတွက် ဘောလုံးပွဲ ကျင်းပပုံစနစ် တွေကိုတော့ အတော်လေး ပြောင်းလဲထားတာ တွေ့ရပါတယ် ။

 

 

ကွင်းပိတ် ပုံစံ အပြင် ၊ အောင်ပွဲခံတဲ့ အခါမှာလည်း social distancing ဖြစ်တဲ့ ကစားသမား တယောက် နဲ့ တယောက် ၃ပေ အကွာကနေ အောင်ပွဲခံခဲ့ကြတာ ကိုလည်း တွေ့ရပါတယ် ။ နောက်ပိုင်း အခြေအနေ တွေ ပြန်ဟန်လာရင်တော့ တင်းကြပ်ထားတဲ့ စည်းမျဉ်းတွေကို တဖြည်းဖြည်း လျှော့ချသွားဖို့ အလားအလာ ရှိနေပါတယ် ။

ချယ်လ်ဆီး ကွင်းလယ်လူဟောင်း ဖြစ်တဲ့ ရာမီးရက်စ် က အခြေအနေ အရ ကွင်းပိတ် ကစားနေရတာ ဖြစ်ပေမယ့် ၊ လက်ရှိ ဘွန်ဒက်စ်လီဂါ ကျင်းပပုံ ကို သူ လုံးဝ မနှစ်သက်ကြောင်း ၊ ယခင် ဘောလုံးပွဲတွေ အတိုင်း မြန်နိုင်သလောက် မြန်မြန် ပြန်ဖြစ်ဖို့တော့ မျှော်လင့်ထားကြောင်း အခုလိုပဲ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ် ။

Daily Mirror နဲ့ အင်တာဗျူး မှာ ရာမီးရက်စ် က ” ကွင်းပိတ် ကစားတဲ့ အိုင်ဒီယာ ကို ကျွန်တော် လုံးဝ မကြိုက်ပါဘူး ။ ပွဲကြည့် ပရိသတ် တွေဟာ ဘောလုံးပွဲ တပွဲ ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ် ။ ဒါပေမယ့် အခု ကျင်းပတဲ့ ပုံစံ က ဘေးကင်းမှု ရှိနိုင်တဲ့ ဘောလုံးပွဲ ကျင်းပတဲ့ နည်း ဖြစ်တာကိုတော့ ကျွန်တော် လက်ခံပါတယ် ။ ”

” လက်ရှိ ကပ်ဘေး ကြောင့် ဘောလုံး ကလပ် အသင်းတိုင်း ရဲ့ တာဝန်ရှိသူ တွေနဲ့ နည်းပြ တွေ အတွက် ဘယ်လို အရာမျိုးမှာ မဆို အခက်အခဲ တွေ ရင်ဆိုင်နေရပါတယ် ။ အရင် ပုံစံ အတိုင်း အမြန် ပြန်ရောက်နိုင်ပါစေ လို့ပဲ ကျွန်တော် မျှော်လင့်မိပါတယ် ။ ဒါပေမယ့် လူတိုင်း အတွက် ဘေးကင်း လုံခြုံမှပဲ အရင် အတိုင်း ပြန်စဖို့ ဖြစ်နိုင်မှာပါ ။ ”

” ကျွန်တော်တို့တွေဟာ ဘောလုံးသမား တွေ ဖြစ်တာကြောင့် ဘောလုံးပွဲတွေကို ကစားချင်ကြပါတယ် ။ ကျွန်တော် ဆိုရင် ဘောလုံးသမား တယောက် ဖြစ်ပေမယ့်လည်း တခြားသူတွေ နည်းတူ လူသား တယောက် ဖြစ်တာကြောင့် သက်ဆိုင်ရာ အာဏာပိုင် တွေက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာရပါတယ် ။ ”

” ကျွန်တော့ ရဲ့ အလုပ် နဲ့ အပ်စပ်စေရုံသာမက လူတိုင်းရဲ့ ကျန်းမာရေး ကို ကျွန်တော် အလေးထားတဲ့ အတွက် ဒီလို စည်းကမ်းတွေကို လိုက်နာနေတာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ရာမီးရက်စ် ဟာ အခုအခါမှာတော့ မွေးရပ်မြေ ဘရာဇီး ကလပ် ပါးလ်မီးရက်စ် အသင်း မှာ ကစားနေပြီး ပြီးခဲ့တဲ့ ရာသီ ကမှ တရုတ် ကလပ် ဂျန်းဆု အသင်း ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ် ။

ဆက်လက်ပြီး ရာမီးရက်စ် က သူ ၅နှစ်ကျော်ကြာ ကစားပေးခဲ့ဖူးတဲ့ ချယ်လ်ဆီး အသင်း ကို လွမ်းဆွတ်နေတဲ့ အကြောင်း ” ကျွန်တော် လန်ဒန် ကို သတိရမိပါတယ် ။ အဲ့ဒီမှာ ဘဝ တစိတ်တပိုင်း အတွက် အခြေချ နေထိုင်ခဲ့ရပြီး ၊ အဲ့ဒီ က လူတိုင်းနဲ့လည်း အတော်လေး အဆင်ပြေခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း နဲ့ ပရိသတ် တွေဟာ ကျွန်တော့ ရင်ထဲမှာ အမြဲရှိနေမှာပါ ။ ”

” ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း အတွက် အကောင်းဆုံး ကြိုးစား ပေးဆပ်ခဲ့တာကြောင့် သူတို့ရဲ့ လေးစားမှု ကို ကျွန်တော် ရရှိခဲ့တာ ဖြစ်ပါတယ် ။ ဒီအတွက်ကြောင့် လည်း အင်္ဂလန် က ပရိသတ် တွေကို ကျွန်တော် ကျေးဇူးတင်မိပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ အောင်မြင်မှု သမိုင်းမှာ တစိတ်တပိုင်း အနေနဲ့ ပါဝင်ခွင့် ရတဲ့ အတွက်လည်း ကျွန်တော် ဂုဏ်ယူမိပါတယ် ။

” ချယ်လ်ဆီး ကို ကျွန်တော် စပြောင်းလာတဲ့ အချိန် ကတည်းက စိတ်ဓာတ်ပိုင်း အရ အသင်း အတွက် ကစားပေးဖို့ အသင့် ဖြစ်နေခဲ့တာပါ ။ ပေါ်တူဂီလိဂ် မှာ ကစားခဲ့တဲ့ လူငယ် ကစားသမား တယောက် အနေနဲ့ ပရီးမီးယားလိဂ် လို ထူးခြားမှု ရှိတဲ့ လိဂ် ကို ပြောင်းရွှေ့ရတာ ဖြစ်လို့ ခက်ခဲတဲ့ စိန်ခေါ်မှု တွေနဲ့ ရင်ဆိုင်ရမှာကို ကျွန်တော် မျှော်လင့်ထားခဲ့သလို ၊ အဲ့ဒီ အတွက်လည်း ကြိုတင် ပြင်ဆင်မှု တွေ လုပ်ခဲ့ပါတယ် ။ ”

” ပုံမှန်အားဖြင့် ငယ်ငယ် ကတည်းက ဥရောပ ကို အခြေချကို ရောက်လာတဲ့ ပြည်ပ ကစားသမား တွေ အတွက် အခက်အခဲ အမျိုးမျိုး နဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ် ။ ကျွန်တော် ကတော့ ပေါ်တူဂီ မှာ အချိန် အတော်ကြာ နေထိုင်ခဲ့ပြီး ဥရောပ ဘဘာဝ နဲ့ အသားကျခဲ့ပါတယ် ။ အဲ့ဒီ အတွေ့အကြုံ တွေက အင်္ဂလန် ကို ရောက်တဲ့ အခါ ကျွန်တော့ အတွက် အတော်လေး အထောက်အကူ ပေးပါတယ် ။ ”

” နောက်ပြီး ချယ်လ်ဆီး အသင်း က ကစားသမား တချို့ ဟာ အသင်းသား အသစ် ရောက်လာရင် အမြဲ နွေးနွေးထွေးထွေး ကြိုဆိုလေ့ ရှိတယ် ဆိုတဲ့ အကြောင်း ပြောပါရစေ ။ ဒီလို ဆက်ဆံပုံ တွေကြောင့် ခင်ဗျား ကို အသင်းသစ် မှာ ကိုယ့်အိမ်မှာ ရောက်နေသလို ခံစားချက်မျိုး ရစေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR