အကောင်းဆုံး အသင်းကို ရွေးချယ်ပေးရေးမှာ ဂယ်ရီ နဗီးလ် နဲ့ ပေါလ် အင့်စ်တို့ ကြားကို ဝင်ရောက်လိုက်တဲ့ ဝက်စ် ဘရောင်း

မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပတ်သက်လို့ 1999 ခုနှစ် နဲ့ 2008 ခုနှစ် အသင်း တွေမှ ဘယ် အသင်း က ပိုကောင်း သလဲ ဆိုတာ စကားရည် လုပွဲ တွေ ဖြစ်ပွား ခဲ့တာ မနည်း ပါဘူး ။ ဒီအတွက် ယူနိုက်တက် ဂန္ဓဝင် ဂယ်ရီ နဗီးလ် နဲ့ ပေါလ် အင့်စ် တို့က မတူညီတဲ့ မှတ်ချက်တွေ ပေးခဲ့ကြ ပါတယ် ။

အခုတော့ အဆိုပါ စကားရည် လုပွဲ ထဲကို ယူနိုက်တက် ဂန္ဓဝင် တစ်ဦး ဖြစ်တဲ့ ဝက်စ် ဘရောင်းလည်း ဝင်ရောက် လာခဲ့ ပါပြီ ။ ဝက်စ် ဘရောင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ 15 နှစ်ထိ ကစားပေး ထားသူ ဖြစ်ပြီး ပရီးမီးယားလိဂ် ဖလား 5 ကြိမ် ၊ FA ဖလား 2 ကြိမ် ၊ လိဂ် ဖလား 2 ကြိမ် နဲ့ ချန်ပီယံ လိဂ် ဖလား 2 ကြိမ် တို့ကို ရယူ ဆွတ်ခူး ထားနိုင်ခဲ့ ပါတယ် ။

မကြာသေးခင် ကပဲ ဝက်စ် ဘရောင်း ရဲ့ အသင်းဖော် ဟောင်း ဖြစ်တဲ့ ဂယ်ရီ နဗီးလ် က ချန်ပီယံ လိဂ် ဖလား ကို ရယူ ဆွတ်ခူး ခဲ့တဲ့ ယူနိုက်တက် အသင်း 2 သင်း အနက် 2008 ခုနှစ် က ယူနိုက်တက် အသင်းဟာ အကောင်းဆုံး အသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပါ သေးတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်း မှာ အဲ့ဒီလောက် အထိ (2008 ခုနှစ် အသင်း) ကမ႓ာ့ အဆင့် ကစားသမား ကောင်းတွေ ပေါများ ခဲ့တဲ့ အသင်း ရှိခဲ့တယ် လို့ ကျွန်တော် တော့ မထင် ပါဘူး ။ ခင်ဗျား အနေ နဲ့ အသင်း ရဲ့ သမိုင်း တစ်လျှောက် အသင်း အားလုံး ကို ပြန်လည် ကြည့်ရှု နိုင်ပါတယ် ” လို့ နဗီးလ် က ပြောကြား ခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက်လို့ ပေါလ် အင့်စ် က နဗီးလ် ဟာ အမှတ်မှား နေပြီ ဖြစ်ကြောင်း ၊ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ 1999 ခုနှစ် တုန်းက အသင်းဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ရုံ သာမက 1994 ခုနှစ် တုန်းက အသင်း ဟာလည်း အခမ်းနားဆုံး အသင်း တစ်သင်း ဖြစ်ခဲ့ ပါတယ် လို့ ဆိုသွား ခဲ့ပါ သေးတယ် ။

အခုတော့ အဆိုပါ မေးခွန်း ကို အမေး ခံလိုက် ရတဲ့ ယူနိုက်တက် ဂန္ဓဝင် ဝက်စ် ဘရောင်း က ဘောလုံး ပရိသတ် အများစု ကျေနပ် နိုင်မယ့် အဖြေ တစ်ခု ကို ပေးဆောင် သွားခဲ့လိုက် ပါတယ် ။ အကယ်လို့ ဆု ဖလား ဆွတ်ခူး နိုင်မှု အရ ကြည့်မယ် ဆိုရင် 1999 ခုနှစ် အသင်း ၊ အကောင်းဆုံး ကစားသမား စုဖွဲ့မှု ကို ကြည့်ရှု လိုက်မယ် ဆိုရင် 2008 ခုနှစ် က အသင်း ဟာ ကိုယ်စီ ပိုကောင်း ကြတယ် လို့ ဝက်စ် ဘရောင်း က ပြောကြား ခဲ့လိုက် ပါတယ် ။

” ရိုးရှင်းတဲ့ အချက်အလက် တွေကို ကြည့်ရှု လိုက်မယ် ဆိုရင် ကျွန်တော် ဟာ 1999 အသင်း ကိုပဲ အမြဲတမ်း ရွေးချယ် လိုက်မှာပါ ။ ကျွန်တော် တို့ဟာ ဆု ဖလား သုံးလုံး ဆွတ်ခူး နိုင် ခဲ့တယ် လေ ။ 2008 ခုနှစ် က FA ဖလား ပြိုင်ပွဲ မှာ ရှုံးနိမ့် ခဲ့တဲ့ အတွက် ဆု ဖလား ပိုင်း ဆိုင်ရာ မှာ လိုအပ်ချက် ရှိနေ ခဲ့တယ် လို့ ကျွန်တော် ထင်မိ ပါတယ် ။ အဲ့ဒီ ရက်စွဲ က တစ်ကယ့်ကို မကျေနပ် စရာ ပါပဲ ”

” အကယ်လို့ ခင်ဗျား ဟာ ဆု ဖလား တွေကို ကြည့်ပြီး ပြောမယ် ဆိုရင် 1999 ခုနှစ် က အသင်း ကိုပဲ ရွေးချယ် သွားမှာပါ ။ ဒါပေမယ့် 2008 ခုနှစ် တုန်းက အသင်း ဟာ 1999 ခုနှစ် က အသင်း ထက် ပိုပြီး ကောင်းမွန် ခဲ့တယ် လို့ ကျွန်တော် တွေးမိ ပါတယ် ။ ပါရမီ ကောင်းတဲ့ ကစားသမား တွေ များပြား ခဲ့တယ် လေ ” လို့ ဝက်စ် ဘရောင်း က ရွေးချယ် သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် သူ ပါဝင် ကစား ခဲ့တဲ့ အသင်း တွေ အနက် ဝက်စ် ဘရောင်း က 2008 ခုနှစ် တုန်းက အသင်း ကို အကောင်းဆုံး အဖြစ် ရွေးချယ် သွွားခဲ့လိုက် ပါတယ် ။ အဆိုပါ အသင်းမှာ နိုင်ငံ အသီးသီး က စူပါ စတား ကစားသမားတွေ ရှိနေခဲ့ ကြတဲ့ အပြင် တစ်ကိုယ်တော် စွမ်းရည် တွေလည်း ထူးကဲ ခဲ့ကြ ပါတယ် ။

” 2008 ခုနှစ် အသင်းမှာ စီနီယာ ကစားသမား ကောင်းတွေ ရှိနေ ခဲ့ကြ သလို မတူညီတဲ့ နိုင်ငံ တွေမှ အကောင်းဆုံး ကစား သမား တွေလည်း ပါဝင် ခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် ပါဝင် ကစား ခဲ့တဲ့ ဘောလုံး ရာသီ တွေ ထဲမှာ ဒီ အသင်း ဟာ အကောင်းဆုံး အဖြစ် ရွေးချယ်ချင် စရာ ဖြစ်ခဲ့ရ ပါတယ် ”

” အဲ့ဒီ ဘောလုံး ရာသီ တုန်းက ရော်နယ်ဒို ၊ တိဗတ်ဇ် နဲ့ ရွန်းနီ တို့ရဲ့ စွမ်းဆောင်ရည် တွေက တစ်ကယ့်ကို အံချီး ဖွယ်ရာ ပါပဲ ။ ဒါ့ကြောင့် ဒီ အသင်း က အကောင်းဆုံး ဖြစ်ဖို့ ထိုက်တန်တယ် လို့ ကျွန်တော် ထင်မိ ပါတယ် ” လို့ ဝက်စ် ဘရောင်း က သူ့ရဲ့ အကြိုက် ကို ရွေးချယ် ပေးသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar