ယူနိုက်တက် ပရိသတ်တွေ မကြားချင်တဲ့ သတင်း အပါအဝင် . . . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တန်ဖိုး တိုးတက်မှု ရှိလာသလို ကြွေးမြီလည်း တိုးပွား လာခဲ့တယ် လို့ အသင်း အမှုဆောင် အက်ဝုဒ် ဝက် က ယမန်နေ့ က ကြေညာ သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ နွေရာသီ ရာသီကြို ခရီးစဉ် ကို ဖျက်သိမ်းကြောင်း အတည်ပြု လိုက်ပြီ ဖြစ်တာကြောင့် ဝင်ငွေ များစွာ ထပ်မံ ဆုံးရှုံး ဦးမှာ ဖြစ်ပါတယ် ။ ဝုဒ်ဝက် ကတော့ မန်ချက်စတာ ယူနိုက်တက် အပါ အဝင် ကလပ် အသင်းတွေ ရဲ့ ဘဏ္ဍာရေး အခြေအနေဟာ ဒီထက် ပိုပြီး ဆိုးလာနိုင်သေးကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဒီလို ဝင်ငွေ ထိခိုက်မှုတွေ ကြောင့် ယူနိုက်တက် ဟာ နွေရာသီ အဓိက ပစ်မှတ်တွေ ဖြစ်တဲ့ ဟယ်ရီကိန်း နဲ့ ဂျေဒန်ဆန်ချို တို့ ကို ခေါ်ယူဖို့ အပြင်း အထန် အားထုတ်ဖို့ မရှိ နိုင်ဘဲ ညှိနှိုင်းရ ခက်ခဲ နေပါက မာရှယ် ၊ ရက်ဖိုဒ့် ၊ ဂရင်းဝုဒ် တို့ ကိုသာ ဆက်လက် အသုံးပြု နိုင်ချေ ရှိတယ်လို့ လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် အသင်းတွေ ဟာလည်း ( အထူး သဖြင့် အသင်းငယ်တွေ ) လာမယ့် ရာသီ မှာ ဂျာစီ နဲ့ လက်မောင်း စပွန်ဆာတွေ မရရှိ တော့ မှာ ကို စိုးထိတ် နေကြပြီ လို့ သိရ ပါတယ် ။

ပြိုင်ပွဲတွေ မရပ်နား ခင်တုန်းက လေ့ကျင့်ရေး ကွင်းမှာ အသင်းဖော် ကို ခေါင်းနဲ့ တိုက်ခဲ့လို့ ရပ်နား ခံ ခဲ့ရတဲ့ ဗီလာ ကွင်းလယ်လူ ဒန်နီ ဒရင့်ဝါးတား ဟာ အသင်း နဲ့ အတူ ပြန်လည် လေ့ကျင့် နေပြီလို့ သိရ ပါတယ် ။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဟာ ချန်ပီယံရှစ် ကလပ် တွေ ကို ယမန်နေ့ က ဆေးစစ်မှု ပြုလုပ် ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။ ဒါ့အပြင် FA Cup ကိုလည်း ယခု ရာသီ အတွင်းမှာ အပြီး သတ် ဖို့ စိတ်ကူး ထားပြီး ဆီမီး ဖိုင်နယ် နဲ့ ဗိုလ်လုပွဲတွေ ကို ဝင်ဘာလေ မှာ ကွင်းပိတ် ကစားဖို့ စီစဉ် ထားတယ် လို့ ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ကစား သမား ဟောင်း ဂျေဆင် မက်အက်တီယာ ကတော့ ဗိုင်းရပ်စ် အန္တရာယ် ကို စိုးရိမ် တာကြောင့် လေ့ကျင့်ခန်း ပြန် မဆင်းခဲ့ တဲ့ ဝက်ဖိုဒ့် အသင်း ခေါင်းဆောင် ဒီးနေး နဲ့ အသင်းသားတွေ ကို ထောက်ခံ နားလည် ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး အသင်း ခေါင်းဆောင် ဟန်ဒါဆင် ကတော့ အသင်းမှာ လေ့ကျင့်ခန်း လာဆင်း ရတာ အရမ်း ကို ဘေးကင်း လုံခြုံတယ် လို့ ခံစား မိကြောင်း ၊ ဒီလို သာ မဖြတ် ခဲ့ပါက လေ့ကျင့်ခန်း လာ ဆင်း ကြမှာ မဟုတ် ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

နယူးကာဆယ် မှာ အငှား ကစား နေတဲ့ စပါး နောက်ခံလူ ဒန်နီ ရိုစ့် ကတော့ သူ ဟာ လက်စတာ နည်းပြ ဘရန်ဒွန် ရော်ဂျာ ရဲ့ လက်အောက် မှာ ကစားဖို့ စိတ်ကူး ထားပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ သလို လက်စတာ နောက်ခံလူ ဘန်ချီဝဲ ကိုလည်း တစ်သင်းသင်း က ဝယ်သွားဖို့ မျှော်လင့် ထားတယ်လို့ ဟာသ ပြောဆို သွားခဲ့ ပါတယ် ။

စပိန် လာလီဂါ ကတော့ ဇွန်လ ၁၂ ရက်နေ့ မှာ ပြန်လည် စတင် နိုင်ဖို့ အတွက် ပြင်ဆင် နေပြီး ကလပ် အသင်း တွေ ကို ၁၀ ဦး တစ်ဖွဲ့ စီ လေ့ကျင့် နိုင်ပြီလို့ ခွင့်ပြုထား ကြောင်း ကြားသိရ ပါတယ် ။

လိင်ဖျော်ဖြေရေး ဆီလီကွန် အရုပ်တွေ ကို ကွင်းအတွင်း ချထားပြီး ပရိသတ် အတု ပြုလုပ် မိခဲ့တဲ့ တောင်ကိုရီးယား ကလပ် FC Seoul ကတော့ စံချိန်တင် အပြစ်ဒဏ် အဖြစ် ပေါင် 67000 ဒဏ်ငွေ ပေးဆောင် ဖို့ အမိန့် ချမှတ် ခံခဲ့ ရတယ်လို့ သိရ ပါတယ် ။

ရီးရဲ တောင်ပံ ကစား သမား ဂါရတ်ဘေးလ် ရဲ့ လုပ်ခ လစာ အလွန်မြင့်မားမှု ဟာ သူ့ကို ခေါ်ယူ လိုတဲ့ အမေရိက မေဂျာလိဂ် အသင်းတွေ အတွက် အခက်အခဲ ဖြစ်နေစေတယ် လို့ ကြားသိရ ပါတယ် ။

နယူးကာဆယ် အသင်း ဟာ မာဆေး နည်းပြ အန်ဒရီ ဗီလက်စ် ဘိုအာ့ရှ် ကို နည်းပြသစ် နေရာ အတွက် ကမ်းလှမ်း ခဲ့ ပေမယ့် ဘိုအာ့ရှ် က ငြင်းပယ် သွားခဲ့ တယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR