ယနေ့အတွက် နောက်ဆုံးရ အားကစားသတင်းများ

အီတလီ သတင်း ထောက် ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက် အရ ပြင်သစ် ကလပ် PSG ဟာ အင်တာ ကနေ အငှား ခေါ်ထား တဲ့ တိုက်စစ်မှုး မော်ရို အီကာဒီ ကို အပြီးသတ် ခေါ်ယူ ဖို့ အတွက် ယူရို သန်း ၅၀ + အပို ဆုကြေး ယူရို ၁၀ သန်း နဲ့ ကမ်းလှမ်း ထားတယ် လို့ ကြားသိရ ပါတယ် ။

ဒါ့အပြင် PSG ဟာ အာဆင်နယ် တိုက်စစ်မှုး အော်ဘားမီးယန်း ကို လည်း စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။ ဒါပေမယ့် အသင်း နဲ့ စာချုပ် မကျန်တော့ တာကြောင့် အာဆင်နယ် ဟာ အော်ဘားမီးယန်း ကို ခေါ်ယူ ခဲ့စဉ် က ထက် ပေါင် ၁၀ သန်း လောက် နည်းတဲ့ ဈေးနဲ့ လက်လွှတ် ရနိုင်တယ် လို့ သိရ ပါတယ် ။

PSG အသင်းဟာ ကစား သမားတွေ ကို လစာ လျော့ချဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူး လို့ ကြားသိ ရ ပါတယ် ။

နွေရာသီ မှာ နူးကမ့် ကို စွန့်ခွာ ရနိုင်ချေ ရှိတယ် လို့ သတင်းတွေ ထွက်ပေါ် နေ ပေမယ့် ကွင်းလယ်လူ ဗီဒယ် ကတော့ ဘာစီလိုနာ မှာ ဆက်လက် ရှိနေ လိုပါတယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် ကွင်းလယ်လူ ပီယာနစ် ကတော့ လက်ရှိ အသင်းကနေ ထွက်ခွာ ရပါက ဘာစီလိုနာ တစ်သင်းတည်း ကို သာ သွားရောက်ဖို့ ဆုံးဖြတ် ထားပြီး အခြား အသင်းတွေ နဲ့ အလဲ အထပ် ကိစ္စ ကို ဆွေးနွေး မှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

စပိန် လာလီဂါ ကလပ် ဗလင်စီယာ ကတော့ ချဲလ်ဆီး ဂိုး သမား ကီပါ အရစ်ဇာဘလာဂါ ကို အငှား ခေါ်ယူ ဖို့ စိတ်ဝင်စား နေတယ် လို့ သိရ ပါတယ် ။ ချဲလ်ဆီး နည်းပြ လမ်းပတ် ကတော့ လာမယ့် ရာသီမှာ ဂိုး သမား ပြောင်းဖို့ စီစဉ် နေပြီး အိုင်ယက်စ် ဂိုးသမား အိုနာနာ ကို စောင့်ကြည့် နေတယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ခံစစ်မှုး ဆင်မြူရယ် အမ်တီတီ ကို ပေါင် 27 သန်းမျှ နဲ့ နွေရာသီ မှာ ရောင်းထုတ် နိုင်ချေ ရှိတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အပါ အဝင် ပြင်သစ် နောက်ခံလူ ကို စိတ်ဝင်စား နေတဲ့ အသင်းတွေ အတွက် စောင့်ကြည့် ချင်စရာ ဖြစ်စေခဲ့ ပါတယ် ။

အာဆင်နယ် ဟာ အဲဗာတန် ကနေ ထွက်ခွာ လိုနေတဲ့ တိုက်စစ်မှုး မွိုက်စ်ကင်း ကို ခေါ်ယူ ဖို့ အတွက် အဲဗာတန် တာဝန် ရှိသူတွေ နဲ့ တွေ့ဆုံ ညှိနှိုင်း နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတွေ ဟာ လာမယ့် အပတ် က စပြီး အုပ်စု လိုက် လေ့ကျင့်မှုတွေ ၊ တစ်ဦး နဲ့ တစ်ဦး ထိတွေ့ ခွင့် တွေ ရရှိမှာ ဖြစ်တယ် လို့ သိရ ပါတယ် ။

ချဲလ်ဆီး တောင်ပံ ကစား သမား ဝီလ်ယံ ကတော့ အသင်းနဲ့ စာချုပ် သက်တမ်းတိုး ဖို့ အလား အလာ အလွန် နည်းပါး သွားမှု အပေါ် စိတ်မကောင်း ဖြစ်မိ ခဲ့ပြီး ခက်ခဲတဲ့ အခြေအနေ ကို ရင်ဆိုင် ခဲ့ရတယ်လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

စပါး နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ဟောင်း ဘာဘာတော့ဗ် ကတော့ ချဲလ်ဆီး ဟာ အီဒင် ဟာဇက် ရဲ့ နေရာ ကို အစားထိုးဖို့ လေဗာကူဆင် ကြယ်ပွင့်လေး ကိုင် ဟာဗက် ကို ခေါ်ယူ သင့်တယ်လို့ အကြံပြု သွားခဲ့ ပါတယ် ။

SPORTS MYANMAR