မှားတဲ့အခါလည်း မှားပေမပေါ့ . . . . နည်းပြသစ် မျက်နှာကို မမှတ်မိသေးဘဲ လူမှားခဲ့တဲ့ အသင်း

လူတူ နာမည် မရှား ၊ နာမည်တူ လူမရှား ဆိုတဲ့ ဆိုရိုး စကား တစ်ခွန်း ရှိဖူး ပါတယ် ။ စစ်တမ်း တွေ အရ ကမ္ဘာပေါ် မှာ ကိုယ်နဲ့ မျက်နှာ သွင်ပြင် ချွတ်စွပ် နီးပါး တူညီ တဲ့သူ ဟာ အနည်းဆုံး ၅ ဦး ခန့် ရှိတယ် လို့ လည်း သိရ ပါတယ် သူတို့ဟာညီအကို မောင် နှမတွေ မဟုတ်ကြ ပါဘူး ၊ ကိုးကွယ်တဲ့ ဘာသာ ၊ အစား အသောက် နဲ့ အလေ့အထ တွေလည်း တူချင် မှ တူမှာပါ ။ ဒါပေမယ့် သူတို့ ရဲ့ ရုပ်သဏ္ဍာန်တွေ ကတော့ တော်တော်လေး ကို ဆင်တူ နေကြပါတယ် ။

ဒါကြောင့်ပဲ တစ်ခါ တလေမှာ ကိုယ်နဲ့ သိကျွမ်း သူ တစ်ယောက်ယောက် ကိုအခြား အရပ်ဒေသတစ်ခု၊ဒါမှမဟုတ်ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှာဖြစ်ဖြစ်တွေ့လိုက်ရတယ် လို့ ထင်မိတာ တွေ ရှိတတ် ကြပါတယ် ။ တနည်းအားဖြင့် ပြောရရင် တော့ လူမှားတာပါ ။

ဒီလို လူမှားမိသွား တဲ့ ဘောလုံး အသင်းတစ်သင်းကတော့ဆင်ဆင်နတီအသင်းပါပဲ ။ အမေရိကန် မေဂျာလိဂ် မှာ ယှဉ်ပြိုင် နေတဲ့ ဆင်ဆင်နတီ ဟာ နည်းပြသစ် ရှာဖွေ နေခဲ့ပြီး နယ်သာလန် လူမျိုး နည်းပြ ဂျမ်စတမ်း နဲ့ အဆင်ပြေ သွားခဲ့ ပါတယ် ။

စတမ်း ဟာ မန်ချက်စတာ ယူနိုက်တက် ၊ အေစီ မီလန် အသင်းတွေ နဲ့ အတူ အောင်မြင်မှုတွေ ရရှိ ခဲ့ဖူးပြီး နည်းပြ လောက မှာလည်း ထိုက်သင့်တဲ့ အတွေ့ အကြုံ ရရှိ ထားသူ ဖြစ်ပါတယ် ။ ဒါကြောင့် ဆင်ဆင်နတီ ဟာ စတမ်း ကို နည်းပြသစ် အဖြစ် ခန့်အပ် ခဲ့ပြီး ၂၀၂၁ အထိ စာချုပ် ချုပ်ဆိုဖို့ သဘောတူခဲ့ ကြပါတယ် ။

ဒီလိုမျိုး ညှိနှိုင်းဆောင်ရွက် အောင်မြင်မှု ကို ပရိသတ်တွေ နဲ့ ဘောလုံး ကမ္ဘာကြီး ကို အသိပေး ဖို့ ဆိုရှယ် မီဒီယာ ကို ဆင်ဆင်နတီ အသုံးချခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ ရဲ့ တွစ်တာ ကို ကိုင်တွယ်သူ ရဲ့ အမှတ်မှားမှု ကြောင့် ငိုအားထက် ရယ်အား သန်စရာ ဖြစ်လာခဲ့ရ ပါတယ် ။

နည်းပြသစ် ဂျပ်စတမ်း ကို ကြိုဆို ပါတယ် လို့ ရေးသား ဖော်ပြ ထားတဲ့ ဆင်ဆင်နတီ အသင်းရဲ့ တွစ်တာ ပုံဟာ ဂျမ်စတမ်း ရဲ့ ဓါတ်ပုံ မဟုတ်ခဲ့ဘဲ နယ်သာလန် ကလပ် အိုင်ယက်စ် နည်းပြ Tinus van Teunenbroke ဖြစ်နေခဲ့ တာကို မျက်စိ လျှင်တဲ့ ပရိသတ်တွေ က သတိပြု မိသွားခဲ့ ပါတယ် ။

နည်းပြ Teunenbroke ကိုယ်တိုင်လည်း အဆိုပါ တွစ်တာ ကြေညာချက် ကို မြင်တွေ့ ခဲ့ပြီး သူ နဲ့ စတမ်း ဟာ မကြာခဏ လူမှား ခံ ရတတ်ကြောင်း FOX Sports သတင်း ဌာန ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ဒီကိစ္စ ( လူမှားမှု ) ကို ကျွန်တော့ တပည့်ဟောင်း တစ်ယောက် ရဲ့ အမေဆီကနေ ကြားခဲ့ တာပါ ။ ပြီးတော့ လူတွေ က ကျွန်တော် အမေရိက ကို ပြောင်းပြီလား ဆိုပြီး လာလာ မေးကြပါတယ် ။ မဟုတ်ပါဘူး ။ ကျွန်တော် နဲ့ စတမ်း ကို ခဏခဏ လူမှား ကြပါတယ် ။ အိုင်ယက်စ် အသင်းတောင် တစ်ခါ မှားခဲ့ဖူး ပါတယ်” လို့ နည်းပြကြီး က ပြောဆို သွားခဲ့ ပါတယ် ။

ဆင်ဆင်နတီ အသင်း ဟာပြီးခဲ့တဲ့၂၀၁၉ခုနှစ်တုန်းကအသင်းရဲ့သမိုင်းတစ်လျောက် အဆိုးရွားဆုံး ရာသီ ကို ဖြတ်သန်း ခဲ့ရပြီး ယခု ရာသီမှာ လည်း ကပ်ရောဂါ ကြောင့် ပြိုင်ပွဲ မရပ်နားခင် မှာ ကစားထား တဲ့ အဖွင့် ၂ ပွဲ စလုံး ရှုံးနိမ့် ထားခဲ့ ပါတယ် ။

SPORTS MYANMAR