ဘာကာ vs အင်တာ တို့ရဲ့ UCL ပွဲစဉ်မှာ ဂွာဒီယိုလာကို အနားနားကပ်ပြီး ဘာပြောခဲ့သလဲဆိုတာ ထုတ်ဖော်လိုက်တဲ့ မော်ရင်ညို

တော့တင်ဟမ် နည်းပြ ဟိုဆေး မော်ရင်ညို က ၂၀၀၉-၁၀ ဘောလုံးရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အတွင်း ပြိုင်ဘက် နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာ ကို ဘာပြော ခဲ့သလဲ ဆိုတာ ထုတ်ဖော် ပြောဆို သွားခဲ့ပြီး ပေါ်တူဂီ နည်းပြက သီယာဂိုမော့တာ အနီကတ် ပြသ ခံခဲ့ ရပြီးနောက် ပျော်ရွှင် နေတဲ့ ဘာစီလိုနာ အသင်းကို ပွဲပြီးဖို့ အဝေးကြီး လိုသေးတာကြောင့် အောင်ပွဲ ခံမနေရန် ပြောခဲ့တယ်လို့ ဆိုခဲ့ ပါတယ်။

အင်တာမီလန်ဟာ ပထမအကျော့က ဆန်စီယိုမာ ဘာစီလိုနာ အသင်းကို ခြေစွမ်းပြကာ ဝက်စလေ ရှနိုင်ဒါ ၊ မိုင်ကွန် ၊ ဒီယေဂို မီလီတို တို့ရဲ့ ဂိုးတွေနဲ့ အတူ ၃-၁ နဲ့ အနိုင် ယူထားခဲ့ပြီး နူးကမ့်မှာ ကစား ရမယ့် ဒုတိယ အကျော့ မတိုင်မီ ဖိုင်နယ်ကို တက်ရောက် နိုင်ရန် အလေးသာ နေခဲ့ ပါတယ်။

Sponsored

ဒါပေမယ့် နူးကမ့်မှာ ကစား ခဲ့တဲ့ ဒုတိယ အကျော့ရဲ့ ပွဲချိန် ၂၈ မိနစ် မှာတော့ မော့တာ အနီကတ် ပြသ ခံခဲ့ ရတာကြောင့် အင်တာမီလန် အတွက် ခက်ခဲ သွားစေ ခဲ့ပြီး မော်ရင်ညိုက သူ့ကစားသမား အထုတ် ခံခဲ့ ရခြင်းကို ဘာကာ အရန်ခုံတန်းက သူတို့ နောက်တဆင့်ကို တက်သွား ခဲ့သလို အောင်ပွဲ ခံခဲ့ ကြတယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။ အင်တာမီလန် တို့မှာ ဒါကို ကိုင်တွယ် ဖြေရှင်းဖို့ အတွက် အခြား အစီအစဉ်တွေ ရှိနေ ခဲ့ပါတယ်။

မော်ရင်ညိုက “ဆာဂျီယို ဘက်စကွက် လဲကျ သွားခဲ့တဲ့ အချိန်မှာ ကျွန်တော်ဟာ ကျွန်တော်တို့ နဲ့ သူတို့ရဲ့ အရန်ခုံတန်းကြား ၊ သီယာဂို မော့တာ အထုတ်ပယ် ခံခဲ့ ရတဲ့ နေရာကြားမှာ မတ်တပ် ရပ်နေ ခဲ့တာပါ။ ကျွန်တော် မျက်လုံးကို စွေကြည့်လိုက်တဲ့ အခါမှာ ဘာစီလိုနာ အရန်ခုံတန်းဟာ သူတို့ ဖိုင်နယ်ကို တက်သွား ခဲ့သလိုမျိုး အောင်ပွဲခံ နေကြပါတယ်။

Sponsored

ဂွာဒီယိုလာဟာ အီဗရာဟီမိုဗစ်ကို ဗျူဟာတွေ အကြောင်း ပြောပြဖို့ အတွက် ခေါ်ခဲ့ ပါတယ်။ ၁၀ ယောက် ၁၁ ယောက် ဘယ်လို ကစားသွား ရမလဲ ဆိုတဲ့ ဗျူဟာ နေမှာပါ။ ဒ့ါကြောင့် ကျွန်တော် သူ့ဆီကို သွားကာ ‘ပွဲက မပြီးသေးဘူး။ ပါတီ လုပ်မနေကြနဲ့အုံး’ ဆိုပြီး သွားပြော ခဲ့ပါတယ်။

ဘာစီလိုနာ ဟာ အဆိုပါ နေ့မှာ ပီကေးရဲ့ ၈၄ မိနစ် သွင်းဂိုး နဲ့ ၁၀ ယောက်ကျန် အင်တာမီလန် အသင်းကို အနိုင် ရရှိ ခဲ့ပေမယ့်လည်း မော်ရင်ညို ရဲ့ အသင်းဟာ နှစ်ကျော့ပေါင်း ၃-၂ နဲ့ ဖိုင်နယ်ကို တက်သွား ခဲ့ပါတယ်။ အင်တာမီလန်ဟာ ဖိုင်နယ် ပွဲစဉ် မှာတော့ ဘိုင်ယန်မြူးနစ် အသင်းကို ၂-၀ နဲ့ အနိုင်ယူကာ ချန်ပီယံလိဂ် ဖလားကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။

မော်ရင်ညိုရဲ့ နည်းစနစ်တွေဟာ ခံစစ်ကို ဦးစားပေးလွန်းပြီး ဖျော်ဖြေမှု မရှိဘူးလို့ ဝေဖန် နေကြပေမယ့်လည်း ပေါ်တူဂီ နည်းပြက သူတို့ဟာ ကတ်တလန်မှာ အခြေအနေ အရ ဒီလို ခံစစ်ကို ထိုင်ကစား ခဲ့ရတာ ဖြစ်ပြီး ပထမအကျော့က ဆန်ဆီယိုမှာ သူတို့ အသင်း ဘာကိုကို ဘယ်လို လွှမ်းမိုး ကစားသွား ခဲ့သလဲ ဆိုတာကို ကြည့်ရင် သိနိုင်တယ်လို့ တုန့်ပြန် ခဲ့ပါတယ်။

မော်ရင်ညိုက “ကျွန်တော် တကယ့်ကို ခံစစ် အထိုင်ချ ကစား ခဲ့ဆုံး ပွဲကို ပြောရမယ် ဆိုရင် နူးကမ့်မှာ ကစား ခဲ့တဲ့ အဲဒီပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘာစီလိုနာ အသင်းဟာ ဆန်စီယိုမှာ ကျွန်တေ်ာတို့ကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ အသင်းပါ။ ကျွန်တော်တို့ သူတို့ ကွင်းကို သွားပြီး ရလဒ်ကို ကာကွယ်ဖို့ အတွက် ဒီလို ကစားနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ အကယ်လို့များ ပန်းဒက်ဖ်သာ သွေးပူလေ့ကျင့်ခန်းမှာ ဒဏ်ရာ မရခဲ့ဘူး ဆိုရင် ကျွန်တော်တို့ဟာ ပန်းဒက်ဇ် ၊ ရှနိုက်ဒါ ၊ အီတိုး နဲ့ မီလီတို့ အတွဲကို သုံးဖြစ် မှာပါ။” လို့ ဆိုလိုက် ပါတယ်။

 

အင်တာဥက္ကဋ္ဌ မိုရက်တီ ကတော့ ဒီပွဲဟာ သူ့ဘ၀ ရဲ့ ဒရမ်မာ အဆန်ဆုံး ပွဲစဉ် ဖြစ်တယ်လို့ ဆိုလိုက်ပြီး မော်ရင်ညို ကတော့ သူဟာ အင်တာကို ဥရောပ ရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲ ကနေ ထုတ်ပယ်ဖို့ သူ့အသင်းကို ကြီးကြယ် နေခဲ့တာကြောင့် ဒါကို တွေးဖို့ အချိန် မရခဲ့ဘူးလို့ ဆိုလိုက် ပါတယ်။

မော်ရင်ညို က “No, ကျွန်တော့် အတွက် ကတော့ ဒီလို မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ပွဲကြည့်စင်မှာ ကြည့်ရတဲ့ အခါ ဒီလို ဒရမ်မာ ကို ကြုံတွေ့ နိုင်ဖို့ အချိန် ရှိနေပါတယ်။ အဲဒီကနေ ထိုင်ပြီး ရင်ခုန် နေရမှာပါ။ ဒါပေမယ့် ကွင်းထဲမှာတော့ ကျွန်တော်တို့ solutions တွေ ရှာဖွေ ရမှာပါ။ ဒါဟာ ကျွန်တော့် နည်းပြ ဘ၀ ရဲ့ အကောင်းဆုံး ရှုံးပွဲလို့ ကျွန်တော် ပြောခဲ့ဖူး ပါတယ်။ ကျွန်တော်တို့ ၁-၀ နဲ့ ရှုံးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သည်းထိပ်ရင်ဖို အခြေအနေမှာ ၃-၂ နဲ့ နောက်တဆင့် တက်ခဲ့တာပါ။” လို့ ဆိုသွားပါတယ်။