ပိုချက်တီနို ခေါ်ယူချင်ခဲ့တဲ့ ကစားသမား တစ်ဦး အမည်ကို ပြောပြရင်း လေ့ကျင့်ရေး ကွင်းမှ ဟယ်ရီ ကိန်းရဲ့ အံ့ဖွယ် ထူးခြားမှု တစ်ခုကို ဖွင့်ဟလိုက်တဲ့ ဒန်နီ ရို့စ်

လက်ရှိ အချိန် နယူးကာဆယ် အသင်းကို အငှား သွားရောက် ကစား နေတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ဘယ် နောက်ခံ ကစားသမား ဖြစ်သူ ဒန်နီ ရို့စ် က နည်းပြ ဟောင်း ဖြစ်သူ မော်ရီစီယို ပိုချက်တီနို က လက်ရှိ ယူနိုက်တက် အသင်းမှ ဗဟို နောက်ခံလူ ဟယ်ရီ မက်ဂွားယားကို အရမ်းပဲ ခေါ်ယူ ချင်ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒါပေမယ့် 2019 ခုနှစ် နွေ အပြောင်း အရွှေ့ တုန်းက ဟယ်ရီ မက်ဂွားယား ဟာ လက်စတာ စီးတီး အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပေါင် သန်း 80 နဲ့ ပြောင်းရွှေ့ ခဲ့တဲ့ နောက် ကမ္ဘာ့ ဘောလုံး သမိုင်း ရဲ့ ပြောင်းရွှေ့ကြေး အများဆုံး ခံစစ် ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ဒါပေမယ့် လက်စတာ စီးတီး အသင်း ဆီကို မပြောင်းရွှေ့မီမှာ သူဟာ ဟားလ် စီးတီး အသင်း အတွက် ကစားပေး ခဲ့သူ တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ အဆိုပါ အချိန် ကတည်းက ပိုချက်တီနို ဟာ အလားအလာ ကောင်းတွေ ပိုင်ဆိုင် ထားတဲ့ မက်ဂွားယား ကို စောင့်ကြည့် ခဲ့ပြီး ခေါ်ယူ နိုင်ဖို့ ပစ်မှတ် ထားခဲ့ တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ဟယ်ရီ မက်ဂွားယား ဟာ လက်စတာ စီးတီး အသင်း ကို ပြောင်းရွှေ့ ခဲ့ပြီးနောက် အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာ နိုင်ခဲ့ ပါတယ် ။ အခုတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အသင်း ခေါင်းဆောင်လည်း ဖြစ်လာ နိုင်ခဲ့ ပါပြီ ။

ကျွန်တော် တို့ဟာ 2016 ဒီဇင်ဘာလ တုန်းက ဝှိုက်ဟတ်လိန်း ကွင်းမှာ ဟားလ် စီးတီး အသင်း နဲ့ ရင်ဆိုင် ခဲ့ပြီး 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တာ ကို မှတ်မိ နေပါ သေးတယ် ။ အဲ့ဒီ တုန်းက မော်ရီစီယို က နည်းပြ ဖြစ်ခဲ့ပြီး တစ်ချိန်လုံး ဟယ်ရီ ကို စောင့်ကြည့် နေခဲ့ ပါတယ် ။ အဲ့ဒီ ကတည်းက တော့တင်ဟမ် ဟာ သူ့ကို စိတ်ဝင်စား ခဲ့တယ် လို့ ကျွန်တော် ထင်မိ ပါတယ် ”

” ပိုချက်တီနို ဟာ သူ့ကို စတင် စိတ်ဝင်စား ကတည်းက ကျွန်တော် လည်း သူ့ကို စောင့်ကြည့် ဖြစ်ခဲ့ ပါတယ် ။ သူ့ရဲ့ ကစား သမား ဘဝ လမ်းကြောင်း က ခမ်းနား နေခဲ့တာ အမှန် ပါပဲ ။ အင်္ဂလန် လက်ရွေးစင် အသင်း နဲ့ အတူ လေ့ကျင့် ခဲ့ရာ မှာလည်း သူ့ဆီက ဘောလုံး ရယူ နိုင်ဖို့ အရမ်း ကို ခက်ခဲခဲ့ ပါတယ် ”

” ဟယ်ရီဟာ တစ်ကယ့်ကို ခြေစွမ်း ကောင်းတဲ့ ကစားသမား တစ်ဦး ပါ ။ သူဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အသင်း ခေါင်းဆောင် တာဝန် နဲ့ ထိုက်တန် လှသူ တစ်ဦး ပါပဲ ” လို့ ဒန်နီ ရို့စ် က လက်ရွေးစင် အသင်းဖော် ဖြစ်သူ ကို ချီးကျူး စကား ဆိုခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် တော့တင်ဟမ် ဟော့ စပါး အသင်း မှ အသင်းဖော် တိုက်စစ်မှူး ဖြစ်တဲ့ ဟယ်ရီ ကိန်းဟာ တစ်ကယ့်ကို ရည်မှန်းချက် ကြီးမား လွန်းတဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ အတွက် လန်ဒန် အခြေစိုက် ကလပ် မှ ထွက်ခွာ သွားနိုင်ကြောင်း ၊ သူဟာ လေ့ကျင့်ရေး ကွင်းထဲ အနိုင် ရလိုစိတ် အပြည့် ရှိသူ တစ်ဦး ဖြစ်ပြီး သူ ပါဝင်တဲ့ အသင်း က အမြဲ နိုင်လေ့ ရှိကြောင်း ဖွင့်ဟ ခဲ့လိုက် ပါတယ် ။

” ဟယ်ရီ နဲ့ ပတ်သက်လို့ ပြောကြား ရမယ် ဆိုရင် သူရဲ့ သွင်းဂိုး တွေကို ဆု ဖလား ရရှိ စေဖို့ ရည်စူး ထားသူ တစ်ဦး ပဲလို့ ဆိုရ ပါ လိမ့်မယ် ။ ဒါပေမယ့် တော့တင်ဟမ် ဟော့ စပါး အသင်း ဆိုတာ က သူ့ အတွက် ကမ္ဘာကြီး တစ်ခု ပါပဲ ။ သူဟာ အသင်း နဲ့ ပရိသတ် တွေကို အရမ်းချစ် ပါတယ် ”

 

” ဒါကို ကျွန်တော် တို့ သိရှိကြ ပါတယ် ။ ဒါပေမယ့် ဆု ဖလား တွေကို မရနိုင် သေးလို့ သူဟာ မကျေမနပ် ဖြစ်နေသူ တစ်ဦး ပါပဲ ။ သူနဲ့ ပတ်သက်လို့ အကြီးမားဆုံး အံ့သြ စရာ တစ်ခု က အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ ဟယ်ရီ ရဲ့ အသင်း ဖက်က ပါဝင် ကစားမယ် ဆိုရင် အနိုင် ရတာချည်း ပါပဲ ။ ဒါဟာ တိုက်ဆိုင်မှု တစ်ခုတော့ မဟုတ်တော့ ပါဘူး ”

” ခင်ဗျား ကိုယ်တိုင် လည်း အရှုံး ရလဒ် ထွက်ပေါ် နိုင်မယ့် အသင်း ဖက်မှာ မရှိ ချင်ဘူးလေ ။ အကယ်လို့ ခင်ဗျားဟာ လေ့ကျင့်ရေး ကွင်းမှာ ဟယ်ရီ ရဲ့ အသင်း ဖက် ရှိနေမယ် ဆိုရင် ရှုံးစရာ အကြောင်း မရှိတော့ ပါဘူး ။ သူဟာ အသင်းဖော် တွေကို အကောင်းဆုံး ကြိုးစား ကစားချင်စိတ် ဖြစ်အောင် လွှမ်းမိုး နိုင်စွမ်း ရှိသူ တစ်ဦး ပါပဲ ” လို့ ဒန်နီ ရို့စ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar