စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်အောင် နီကိုလပ် ပေပေ ပြုပြင် ပြောင်းလဲရမယ့် အရာတွေကို ထောက်ပြ လိုက်တဲ့ အလီယာဒီရေး

အာဆင်နယ်အသင်းမှာ၁၉၉၉ခုနှစ်ကနေ၂၀၀၇ခုနှစ်အထိကစားခဲ့တဲ့အလီယာဒီရေးကနီကိုလပ်စ်ပေပေအနေနဲ့သူ့အတွက်ပေးချေခဲ့ရတဲ့စံချိန်တင်ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန်ကြောင်း သက်သေ ပြနိုင်ဖို့ လိုအပ်ကြောင်း Goal နဲ့ အင်တာဗျူးမှာ ပြောကြား လိုက်ပါတယ် ။

နီကိုလပ်စ် ပေပေ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက လိုင်လီ အသင်းကနေ အာဆင်နယ် အသင်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း နဲ့ ရောက်ရှိ လာသူ ဖြစ်ပြီး အခု အချိန်အထိ ပရိသတ်တွေ စိတ်ကြိုက် ခြေစွမ်းပြ ကစားနိုင်ခြင်း​တော့ မရှိသေးပါဘူး ။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့နီကိုလပ်စ်ပေပေဟာတစ်ဦးချင်းဖြတ်ကျော်မှုတွေ ကောင်းမွန်ပေမယ့် အဆုံးသတ် ပေးပို့မှု နဲ့ ကန်သွင်းမှုတွေမှာ လိုအပ်ချက်တွေ ရှိနေသေးသလိုအသင်းဖော်တွေနဲ့ နားလည်မှုတွေ လွဲနေသေးတာကို ပွဲတိုင်းနီးပါး တွေ့မြင် နေရပါတယ် ။

နီကိုလပ်စ် ပေပေ ဟာ သူ့ရဲ့ပုံမှန် ခြေစွမ်းကောင်းတွေကို ပြသဖို့ ရုန်းကန် နေရတာကြောင့် ဘောလုံး ဝေဖန် သုံးသပ်သူများကတော့ သူ့ကို အာဆင်နယ် အသင်းရဲ့ မှားယွင်းတဲ့ ခေါ်ယူမှု လို့ တံဆိပ်တပ် ခဲ့ကြပါတယ် ။ ပေပေ ဟာ နည်း​ပြ အာတီတာ လက်အောက်မှာတော့ ခြေစွမ်းပိုင်း တိုးတက် ကောင်းမွန် လာပြီး အာတီတာ နည်းပြ ဖြစ်လာတဲ့ အချိန်မှာ လိဂ် သွင်းဂိုး ၃ ဂိုး အထိ ရယူ ထားနိုင်ပါတယ် ။

အလီယာဒီရေး ကတော့ နီကိုလပ်စ် ပေပေ ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီး ” ပြီးခဲ့တဲ့ ရာသီက လိုင်လီ အသင်းမှာ သူ လုပ်ပြ ခဲ့တာတွေကို ကျနော် ကြည့်ရပါတယ် ၊ ဒါကြောင့် သူ့မှာ အရည်အချင်း ရှိတယ် ဆိုတာ ကျနော် မငြင်းဆန် လိုပါဘူး ၊ သူက အာဆင်နယ် အသင်း သမိုင်းတစ်လျှောက် စျေးအကြီးဆုံး ကစားသမားပါ ၊ ပိုက်ဆံ အကြောင်း မစဉ်းစားဘူးဆိုရင်တောင် ဒီပမာဏက ဘောလုံးလောကမှာ များပြားတဲ့ ပမာဏပါ ။ “

” ကစားသမား တစ်ဦးအတွက် ငွေအများကြီး သုံးထားတဲ့ အခါမျိုးမှာ သူ့ဆီက သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ပိုမို မျှော်လင့် ကြမှာပါပဲ၊သူ့ရဲ့ဒီရာသီအချက်အလက် မှတ်တမ်းကိုကြည့်ရင်မဆိုးလှပါဘူး၊ဒါပေမယ့်ကျနော့်ကိုအနည်းငယ်စိတ်ပျက်စေတာက ပွဲချိန် အတွင်း သူ့ရဲ့ ဆုံးဖြတ်ချက်တွေပါ ။ “

” ပေါင် ၇၂ သန်းတန်တဲ့ ကစားသမား တစ်ဦး အနေနဲ့ တစ်ခါတစ်လေ ရိုးရှင်းတဲ့ အရာတွေကို ကောင်းကောင်းမလုပ်နိုင်တာတွေ့နေရပါတယ်၊သူကအလိမ်အခေါက် ကောင်းတယ် ၊ ကစားသမား နှစ်ဦး ၊ သုံးဦးကို ကျော်ဖြတ် နိုင်စွမ်း ရှိပါတယ် ၊ ဒါက အံ့ဩသင့်စရာပါပဲ ။ “

” ဒါပေမယ့် ကိုယ့်ရဲ့ဘယ်ဘက်ခြမ်းမှာ အူဘာမီယန်း လို ကစားသမား မျိုး ရှိနေတဲ့ အချိန်မှာ သူ့ဆီကို ဘောလုံး ရောက်အောက်ပေးရမှာပါ၊သူcutbackပေးတာတွေက အချိန်ကိုက် မဖြစ်ပါဘူး ၊ ဒါက ကျနော့်ကို စိတ်ပျက်စေပါတယ် ၊ သူ တစ်ရာသီလုံး ဒီလို မကြာခဏ လုပ်တာကို ကျနော် မြင်တွေ့ ခဲ့ရပါတယ် ။ “

” ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရပြီးပွဲများများကစားရင်တော့တိုးတက်လာနိုင်ပါတယ် ၊နောက်ပြီးပွဲအပေါ်အာရုံစိုက်မှုနည်းပါးတာကလည်းမဖြစ်သင့်ပါဘူး၊ပြောင်းရွှေ့ကြေး အများကြီး နဲ့ ရောက်လာတဲ့ ကစားသမား တစ်ဦး အနေနဲ့ မဖြစ်သင့်တဲ့ အရာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR