ခြေစွမ်းတွေ တိုးတက် ကောင်းမွန် လာခဲ့ရတဲ့ အကြောင်းအရင်းကို ဖွင့်ဟလိုက်တဲ့ လုခ်ရှော

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဘယ် နောက်ခံ ကစား သမား ဖြစ်သူ လုခ်ရှောက လက်ရှိ ဘောလုံး ရာသီ အတွင်းမှာ ခြေစွမ်းတွေ တိုးတက် ကောင်းမွန် လာခြင်း ရဲ့ အဓိက အကြောင်းအရင်း က နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုလ်ရှား သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 2014 ခုနှစ် တုန်းက ဆောက်သမ်တန် အသင်း မှ ဘယ် ခံစစ် ကစားသမားလေး ဖြစ်တဲ့ လုခ်ရှော ကို ပေါင် သန်း 30 နဲ့ ခေါ်ယူ ခဲ့တဲ့ နောက် သူ့ အပေါ် ပရိသတ် တွေဟာ မျှော်လင့်ချက် အတော်လေး ထားရှိ ခဲ့ကြ ပါ သေးတယ် ။

ဒါပေမယ့် လုခ်ရှော ကတော့ နည်းပြ လူးဗစ် ဗန်ဟားလ် လက်အောက် မှာ သာမက နည်းပြ ဟိုဆေး မော်ရင်ဟို လက်အောက် မှာပါ ပုံမှန် ခြေစွမ်းကောင်း တွေကို ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ အထူးသဖြင့် ခြေထောက် ကျိုးတဲ့ ဒဏ်ရာ မှ ပြန်လည် သက်သာ ကောင်းမွန် ခဲ့တဲ့နောက် လုခ်ရှောရဲ့ စွမ်းဆောင်ရည် တွေက အားရ စရာ မရှိခဲ့ ပါဘူး ။

ဒီအတွက် နည်းပြ ဟိုဆေး မော်ရင်ဟို က သူ့ကို လူသိ ရှင်ကြား ဝေဖန် ထိုးနှက် ခဲ့ပါ သေးတယ် ။ အဲ့ဒီနောက် ယူနိုက်တက် အသင်း မှ ဟိုဆေး မော်ရင်ဟို ထွက်ခွာ ခါနီး မှာ လုခ်ရှော ဟာ ပွဲထွက် ကစားခွင့် တွေကို ဆက်တိုက် ပိုင်ဆိုင် ထားနိုင်ခဲ့ ပါ သေးတယ် ။

အဲ့ဒီနောက် နည်းပြသစ် ဖြစ်လာတဲ့ ဆိုးလ်ရှား လက်အောက် မှာ သူ့ရဲ့ ခြေစွမ်း တွေဟာ တစ်ဖန် ပြန်လည် တိုးတက် ကောင်းမွန် လာခဲ့ ပါတယ် ။ အထူးသဖြင့် ဘယ် နောက်ခံ နေရာမှာ လူငယ် ကစားသမားလေး ဖြစ်တဲ့ ဘရန်ဒန် ဝီလီယံ ခြေစွမ်းကောင်း တွေကို ဆက်တိုက် ပြသ ထားချိန် နေရာ တစ်ခု ပျောက်ဆုံး ဖို့ သတင်းကြီး ခဲ့တဲ့ လုခ်ရှော ဟာ ရုတ်ချည်း တိုးတက် ကောင်းမွန် လာခဲ့ တာပဲ ဖြစ်ပါတယ် ။

အဆိုပါ အချိန် တွေမှာ လုခ်ရှော ဟာ အသင်း ရဲ့ ခံစစ် 3 ဦး ကစားကွက် မှာ အံဝင်အောင် ကစား ပေးနိုင်ခဲ့ သလို ခံစစ် 4 ဦး ထားရှိတဲ့ အသင်း မှာလည်း အထူး ခြေစွမ်းကောင်း တွေကို ပြသ ထားနိုင်ခဲ့ ပါတယ် ။ အခုတော့ သူ့ရဲ့ ခြေစွမ်းတွေ အခုလို တိုးတက် ကောင်းမွန် စေရေး မှာ နည်းပြ ဆိုးလ်ရှား ဟာ အရေးပါ ခဲ့ကြောင်း လုခ်ရှော က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူ့ရဲ့ ကူညီမှု တွေက ထူးကဲခဲ့ ပါတယ် ။ သူဟာ ကွင်းအတွင်း ကျွန်တော့် ကို အထူး အကူအညီ ပေးထားခဲ့ သလို ကွင်း အပြင် မှာလည်း ကူညီ ပေးနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် သူဟာ ကျွန်တော့် အပေါ် လွှမ်းမိုးမှု အရမ်းပဲ ကြီးမားတယ် လို့ ဆိုရ ပါလိမ့်မယ် ။ သူဟာ ကစားသမား တွေကို ကိုင်တွယ်တာ ကျွမ်းကျင်သူ တစ်ဦး ပါပဲ ”

” အသင်းသား တွေက ဘာလို လိုအပ် နေသလဲ ဆိုတာ သူ ကောင်းကောင်း သိရှိ ပါတယ် ။ သူ မလာခင် တုန်းက ကျွန်တော် ဟာ ခက်ခဲတဲ့ ဘောလုံး ရာသီ နှစ်ခုလောက် ကို ပိုင်ဆိုင် ခဲ့ပါ သေးတယ် ။ သူက ကျွန်တော် ဘာတွေ လိုအပ် နေလဲ ၊ ဘယ်လို လိုအပ်ချက် တွေ ရှိနေ သလဲ ဆိုတာ သိရှိ နားလည် ခဲ့ပုံ ပါပဲ ”

” သူဟာ ကွင်း ပြင်ပ မှာ ကျွန်တော့် ကို အရမ်းပဲ ကူညီ ပေးခဲ့ သလို ကျွန်တော့် အပေါ် ယုံကြည်မှု ထားရှိသူ တစ်ဦးလည်း ဖြစ်ခဲ့ ပါတယ် ။ သူဟာ ကျွန်တော့် ကို ယုံကြည်တယ် ဆိုတာ ပြောလေ့ ရှိခဲ့ ပါတယ် ။ ကစားသမား တစ်ဦး အနေ နဲ့ ကျွန်တော် တို့ တွေဟာ အဲ့ဒီလို မန်နေဂျာ ရဲ့ ယုံကြည်မှု တွေကို လိုအပ်ကြ ပါတယ် ”

” ကျွန်တော် တို့ အသင်းလိုက် လည်း တိုးတက် ကောင်းမွန် ခဲ့ကြ ပါတယ် ။ အဲ့တာက ကွင်း ပြင်ပ မှ နည်းပြ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တွေ ရှိနေ ကြလို့ ပါပဲ ။ သူဟာ ကျွန်တော် တို့ရဲ့ မန်နေဂျာ ဖြစ်တဲ့ အတွက် အားလုံး က သူ့ အပေါ် လေးစား သမှု အထူး ထားရှိကြ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် တို့ အနေ နဲ့ လေးစား သမှု အပြင် ကွင်း ပြင်ပ မှာလည်း တစ်ကယ့်ကို ကောင်းမွန် လှတဲ့ ဆက်ဆံရေး တွေကို ပိုင်ဆိုင် ကြဖို့ လိုအပ် ပါတယ် ။ ဒါဟာ အသင်း အတွက် တစ်ကယ့်ကို ကောင်းမွန် စေနိုင်မယ့် အရာ တစ်ခု ပါပဲ ” လို့ လုခ်ရှော က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar