ခရစ္စတီယာနို ရိုနယ်ဒို ကို ချီးကျုးစကား ဆိုသွားခဲ့တဲ့ ဆာမီ ခီဒီယာ

ယူဗင်တပ် ကွင်းလယ် ကစား သမား ဆာမီ ခီဒီယာ ကတော့ အသင်းဖော် ခရစ္စတီယာနို ရိုနယ်ဒို ဟာ သာမာန် ထက် ပိုမို ထူးကဲတဲ့ ကစား သမား ဖြစ်ပါတယ် လို့ ထုတ်ဖော် ချီးမွမ်း ပြောဆို သွားခဲ့ ပါတယ် ။ ခီဒီယာ ဟာ ရိုနယ်ဒို နဲ့ ရီးရဲ မက်ဒရစ် မှာ ကတည်းက အတူ ကစားခဲ့ ဖူးပြီး လက်ရှိ မှာလည်း အီတလီ မှာ တစ်လှေတည်း စီးကြသူတွေ ဖြစ်နေ ခဲ့ ပါတယ် ။ ဒါ့အပြင် ခီဒီယာ က လက်ရှိ စပါး နည်းပြ မော်ရင်ဟို ဟာ သူ့ကို ဘယ်လိုမျိုး တိုတးက် အောင် သင်ပြ လမ်းညွှန် ပေးခဲ့သလဲ ဆိုတာ ကိုလည်း ထုတ် ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ခရစ္စတီယာနို က တကယ် ကို ထူးကဲ လှတဲ့ ကစား သမားပါ ။ လူသား တစ်ယောက် အနေနဲ့ ဆိုရင်လည်း တကယ့် အံ့ဖွယ် ပါပဲ ။ သူနဲ့ အတူ 7 နှစ် လောက် တွဲ ကစား ခွင့် ရခဲ့တာ တကယ် ကံထူး တာပါပဲ ။ မက်ဒရစ် မှာ ၅ နှစ် ၊ အခု အီတလီ မှာ ၂ နှစ် ရှိပါပြီ”

“သူ့ရဲ့ ရည်မှန်းချက် တွေ ၊ သူ့ရဲ့ စွမ်းဆောင်ရည် တွေ အရ ပြောရရင် တော့ သူ ဟာ ဘောလုံး ကမ္ဘာရဲ့ အကောင်းဆုံး ကစား သမားတွေ ထဲက တစ်ဦး ဆိုတာ အသေအချာ ပါပဲ ။ ကစားပွဲထဲ မှာရော ၊ လေ့ကျင့်ရေး ကွင်းမှာ ရော ၊ ဘယ်နေရာမှာ မဆို သူက အနိုင် ရချင် ခဲ့တာပါ”

“ဘောလုံး သမား တိုင်း အတွက်ရော လူတိုင်း အတွက် ရိုနယ်ဒို က စံပြ တစ်ယောက်ပါ ။ ဒါကြောင့်လည်း ဒီလို ကြီးကျယ် ခမ်းနားတဲ့ ဘောလုံး သမား ဖြစ်နေတာ ပါ ။ အခုထိ သူ နဲ့ ကစားခွင့် ရနေ သေးတာ ကျွန်တော့ အဖို့ ကံကောင်းတယ် လို့ ဆိုရမှာပါ” လို့ ခီဒီယာ က ဆိုသွားခဲ့ ပါတယ် ။

ဂျာမန် ကွင်းလယ်လူ ဟာ ၂၀၁၀ ခုနှစ် က ဂျာမန် ကလပ် စတုဂတ် ကနေ ရီးရဲ မက်ဒရစ် ကို ရောက်လာခဲ့ သူဖြစ် ပါတယ် ။ အဆိုပါ အချိန်တုန်းက ရီးရဲ နည်းပြ ဖြစ်လာတဲ့ မော်ရင်ဟို ဟာ ခီဒီယာ ကို ခေါ်ယူပြီး ပိုမို တိုးတက် လာအောင် လမ်းညွှန် သင်ပြ ပေးခဲ့ ပါတယ် ။

“ကျွန်တော့ ဘ၀ မှာ ပုဂ္ဂိုလ်ရေး အရ ရော ၊ နည်းပြ တစ်ယောက် အနေနဲ့ ပါ အကောင်းဆုံး လို့ ခံယူ ထားသူ ကတော့ မော်ရင်ဟို ပါပဲ ။ အဓိက အကြောင်းအရင်း ကတော့ သူ ကျွန်တော့ ကို ယုံကြည် ပေးခဲ့ တာပါ” လို့ ခီဒီယာ က အစပြု ပြောဆို ခဲ့ ပါတယ် ။

“၂၀၁၀ ကမ္ဘာ့ ဖလား ပြီးတော့ စတုဂတ် ကနေ ရီးရဲ ကို ပြောင်းခဲ့ ပါတယ် ။ ကျွန်တော့ ဘ၀ အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ခု ပါပဲ ။ ကျွန်တော့ ကို ကာယ ပိုင်း ရော နည်းစနစ် ပိုင်းပါ တိုးတက် လာအောင် မော်ရင်ဟို က သင်ပြ ပေးခဲ့ တာပါ ။ ပြီးတော့ ကွင်းပြင်ပ လူနေမှု ဘ၀ အတွက်ရော သူ လမ်းညွှန် ပေးခဲ့ပါတယ်”

“အခုထိ သူ နဲ့ ကျွန်တော့ ကြားမှာ ဆက်ဆံရေး ကောင်းတွေ ရှိနေတုန်း ပါပဲ ။ မကြာမကြာ ကျွန်တော်တို့ အပြန် အလှန် စာပို့ ဖြစ်ကြ ပါတယ် ။ တကယ်လို့ ကမ္ဘာ့ အကောင်းဆုံး နည်းပြ အဖြစ် မဲထည့်ခွင့် ရမယ် ဆိုရင်တော့ ကျွန်တော့ သူ့ကို မဲပေး မှာပါ” လို့ ဆာမီ ခီဒီယာ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR