လီဗာပူး ၊ ချဲလ်ဆီး ၊ မန်ယူနိုက်တက် တို့ရဲ့ ပစ်မှတ် ကစားသမားကို အိုဇေးလ် ၊ ဘားလက်ခ် တိို့နဲ့ နှိုင်းယှဉ် ချီးကျူးလိုက်တဲ့ ဟားဂရေဗ့်

မန်ယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေဗ့် က လေဗာကူဆင် အသင်း တောင်ပံ ကစားသမား ကိုင်ဟားဗက်ဇ် ဟာ အိုဇေးလ် ၊ မိုက်ကယ် ဘားလက်ခ် တို့လို့ ကစားသမားတွေရဲ့ ခြေရာကို လိုက်မှီ နိုင်မယ့်သူ ဖြစ်ကြောင်း ချီးကျူး လိုက်ပါတယ် ။

လေဗာကူဆင် အသင်း အတွက် ပွဲပေါင်း ၁၄၀ ကျော် ကစားပေးထားတဲ့ ကိုင်ဟာဗက်ဇ် ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် အသင်းတွေ ဖြစ်ကြတဲ့ မန်ယူနိုက်တက် ၊ ချဲလ်ဆီး ၊ လီဗာပူး တို့ စိတ်ဝင်စား နေကြတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဟားဗက်ဇ် ဟာ လေဗာကူဆင် အသင်း အတွက် ပြီးခဲ့တဲ့ ရာသီက ဂိုး ၂၀ သွင်းယူ ပေးခဲ့ပြီး ၊ ဒီရာသီမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ မရပ်နား ရခင် အချိန်အထိ ၁၂ ဂိုး သွင်းယူ ပေးထားပါတယ် ။

ယခု တစ်ပတ်မှာ ဘွန်ဒက်စ်လီဂါ ဟာ တံခါးပိတ်ပြီး ဘောလုံးပွဲတွေ ပြန်လည် စတင် ကစားခဲ့ရာ လေဗာကူဆင် အသင်း ဝါဒါဘရီမင် ကို ၄-၁ နဲ့ အနိုင် ရတဲ့ ပွဲမှာ ကိုင်ဟာဗက်ဇ် ဟာ နှစ်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ဟားဂရေဗ့် ကတော့ ဂျာမနီ ကစားသမား ဟားဗက်ဇ် သူ့ရဲ့ စီနီယာ ကစားသမားတွေ ဖြစ်ကြတဲ့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း မိုက်ကယ်ဘားလက်ခ် ၊ အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် တို့နဲ့ နှိုင်းယှဉ် ချီးကျူး လိုက်ပါတယ် ။

ဟားဂရေဗ့် က Goal နဲ့ အင်တာဗျူးမှာ ” သူ(ဟားဗက်ဇ်) က တကယ့် စပါယ်ရှယ် ကစားသမားပါ ၊ သူက နောက်ထပ် ကြယ်ပွင့် တစ်ဦးပါပဲ ၊ ဂျာမနီရဲ့ အကောင်းဆုံး ကစားသမားတွေက ဘွန်ဒက်စ်လီဂါ မှာ ခဏတာ ကစားပြီးမှ ပရီးမီးယားလိဂ် သို့မဟုတ် ဘာစီလိုနာ ၊ ရီးရဲလ် မက်ဒရစ် တို့ကို ပြောင်းကြတာပါ ။ “

” တာစတီဂျန် ၊ တိုနီခရူးစ် ၊ မီဆွတ် အိုဇေးလ် တို့အားလုံး ပြည်ပ ထွက်ကစားပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ကြပါတယ် ။ ဘွန်ဒက်စ်လီဂါ က ထွက်ပေါ်တဲ့ သူတွေက အရည်အသွေးလည်း ရှိပြီး သေချာ လေ့ကျင့် သင်ကြား လာကြသူတွေပါ ၊ ပရော်ဖက်ရှင်နယ်လည်း ပီသကြပါတယ် ၊ သူကတော့ နောက်ထပ် မြင်တွေ့ရမယ့်သူပေါ့ဗျာ ။ “

” လူတွေ အားလုံးက ဟာလန်း နဲ့ ဆန်ချိုကိုပဲ မျက်စိ ကျနေကြပါတယ် ၊ ဒါပေမယ့် ကိုင်ဟားဗက်ဇ် ကလည်း ဂျာမနီ မှာ စောင့်ကြည့်ရမယ့်သူပါ ၊သူက မိုက်ကယ်ဘားလက်ခ် နဲ့ မီဆွတ် အိုဇေးလ် ကို ပေါင်းစပ် ထားတဲ့သူပါ ၊ ဒါကြောင့် သူက ဂိုးလည်း သွင်းနိုင်သလို ရသမြောက်အောင်လည်း ကစားနိုင်တာပါ ။ “

“သူက စူပါ ကစားသမားပါ ၊ အင်္ဂလန် က ထိပ်သီး ခြောက်သင်းရဲ့ ပရိသတ်တွေကတော့ သူ့ကို စောင့်ကြည့်နေမယ်လို့ ထင်ပါတယ် ။ သူက မန်စီးတီး ၊ လီဗာပူး ၊ မန်ယူနိုက်တက်မှာ ကစားနိုင်စွမ်း ရှိသူပါ ။ “

” ဒီတစ်ပတ် မိုချန်ဂလာဘတ် နဲ့ ကစားမယ့် ပွဲမှာ သူ့ကို စောင့်ကြည့်ဖြစ်တဲ့သူကတော့ စာချုပ်ချုပ်ဖို့ တိုက်တွန်းမှာပါ ၊ ဟားဗက်ဇ် ဘိုင်ယန်မြူးနစ် မှာ ကစားတာကို မြင်ချင်ပါတယ် ၊ ဒါပေမယ့် အသင်းတိုင်းက သူ့ကို လိုချင်ကြမှာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR