ရီးရဲ တို့ မရသင့်တဲ့ ချန်ပီယံလိဂ် ဖလား ၁ လုံးအကြောင်းကို ရင်ဖွင့်သွားခဲ့တဲ့ မာဆယ်လိုလစ်ပီ

အီတလီ ဂန္ထဝင် နည်းပြကြီး မာဆယ်လို လစ်ပီ ကတော့ ၁၉၉၈ ခုနှစ် ချန်ပီယံ လိဂ် ဖိုင်နယ် က ရီးရဲ မက်ဒရစ် ရဲ့ အနိုင်ဂိုး ဟာ လူကျွံ ဘော ဖြစ်ပြီး မပေး သင့်ခဲ့ဘူး လို့ ယုံကြည်ကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။ လစ်ပီ ကိုင်တွယ် နေတဲ့ ယူဗင်တပ် အသင်း ဟာ အဆိုပါ နှစ် ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ကို တက်ရောက်ခဲ့ ပြီး ရီးရဲမက်ဒရစ် နဲ့ ဆုံတွေ့ခဲ့ ပါတယ် ။ အမ်စတာဒမ် မြို့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗိုလ်လုပွဲ မှာတော့ ရီးရဲ က မီဂျာ တိုဗစ် ရဲ့ ပွဲချိန် ၆၆ မိနစ် မှာ သွင်းယူ ခဲ့တဲ့ တစ်လုံး တည်းသော ဂိုး နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

 

ထိုစဉ် က ယူဗင်တပ် ဟာ ဥရောပ ရဲ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်နေပြီး ဇီဒန်း ၊ ဒက်ချမ့်စ် ၊ အက်ဂါ ဒါးဗစ် ၊ ကွန်တီ ၊ အင်ဇာဂီ ၊ ဒယ်ပီယာရို တို့လို ဒိတ်ဒိတ်ကျဲ နာမည်ကျော်တွေ ပါဝင်ခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ အဆိုပါ အချိန် ကတည်းက စပြီး ချန်ပီယံ လိဂ် နဲ့ ကံမစပ်တော့ ဘဲ နောက်ထပ် ဖိုင်နယ် ကို ၃ ကြိမ် တက်ရောက် ခဲ့ ပေမယ့် ဒုတိယ ဆုတွေ နဲ့ သာ အဆုံးသတ်ခဲ့ ရ ပါတယ် ။

ရီးရဲ မက်ဒရစ် အတွက်တော့ ၁၉၉၈ ချန်ပီယံလိဂ် ဖလား ဟာ 7 ကြိမ်မြောက် ဥရောပ ရွှေတံဆိပ် ဆု ဖြစ်ခဲ့ပြီး အခြား အသင်းတွေ နဲ့ ကွာခြားမှု ကြီးမားသွား စေခဲ့ ပါတယ် ။ ဒါပေမယ့် လစ်ပီ ကတော့ မီဂျာတိုဗစ် ရဲ့ ဂိုးဟာ ခွင့်မပြု ခဲ့သင့်ဘူးလို့ ဆိုခဲ့ပြီး သူတို့ နစ်နာ ခဲ့ရကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

“မီဂျာတိုဗစ် ရဲ့ ဂိုးက လူကျွံ နေတာပါ ။ သေချာပါတယ်” လို့ လစ်ပီ က အင်တာဗျုး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ အီတလီ အသင်း နဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ ဖလား ကြီးကို ရယူ ကိုင်မြှောက် နိုင်ခဲ့တဲ့ လစ်ပီ ဟာ သူ့ရဲ့ နည်းပြ ဘ၀ တစ်လျောက် မှာ အကောင်းဆုံး ကစား သမားတွေ ကို နည်းပြ ခဲ့ဖူး ပါတယ် ။

ဒီအထဲ မှာတော့ လက်ရှိ ရီးရဲ မက်ဒရစ် နည်းပြ ဇီနဒင် ဇီဒန်း ဟာ အရည် အသွေး အပြည့်ဝဆုံး ဖြစ်တယ်လို့ လစ်ပီ က ညွှန်းဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် လက်ရှိ ဘောလုံး လောက မှာ အဖြေ မရ ဖြစ်နေတဲ့ မက်ဆီ နဲ့ ရိုနယ်ဒို ငြင်းခုန်မှု အပေါ် လည်း သူ့ရဲ့ အမြင် ကို ထုတ်ပြော သွားခဲ့ ပါတယ် ။

“ကျွန်တော် က ဒဏ္ဍာရီလာ လူသား မဟုတ်ပါဘူး ၊ အရည် အသွေးမြင့် ကစား သမား ကောင်းတွေ ကို ကံကောင်းပြီး နည်းပြခွင့် ရခဲ့တဲ့ သူ တစ်ယောက် ပါ ။ အဲ့ဒီ အထဲ မှာတော့ ဇီဒန်း က အကောင်းဆုံး ပါပဲ ။ သဘာ၀ တရားက ပေးတဲ့ စွမ်းရည်တွေ သူ့မှာ ပိုင်ဆိုင် ထားပါတယ် ၊ ဘောလုံး ဦးနှောက်လည်း အရမ်းပြေးတဲ့ သူပါ”

“မက်ဆီ နဲ့ ရိုနယ်ဒို တို့ ကို ဘယ်သူ သာတယ်လို့ ကျွန်တော် မယှဉ်ချင် ပါဘူး ။ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ သူတို့ ဟာ ညီမျှတဲ့ စွမ်းဆောင်ရည် ကို ပိုင်ဆိုင် ထားကြ ပါတယ် ။ သူတို့ ကို တစ်နှစ်တည်း လောက်နဲ့ နှိုင်းယှဉ် ပြောဆိုလို့ မရနိုင် ပါဘူး”

“မာရာဒိုနာ နဲ့ ပီလီ တို့ လိုပေါ့ ၊ ဘယ်သူက ပိုကောင်းတယ် ဆိုတာ မရှိပါဘူး ၊ ကျွန်တော် ကတော့ လူတစ်ယောက် ကို သူ ဖြတ်သန်းလာတဲ့ အချိန် အကြာကြီး ကို ပြန်ကြည့် ပြီးမှ ဆုံးဖြတ် ပါတယ် ။ ရှုထောင့် ကို ပြောင်းလဲ လိုက်တာပေါ့”

“ဥပမာ ပြောရရင် လူတွေ က မက်ဆီ ဟာ လွန်ခဲ့တဲ့ ၅ နှစ် အတွင်း ချန်ပီယံ လိဂ် ၁ ခါပဲ ရခဲ့တယ် ၊ ရိုနယ်ဒို ကတော့ ၃ ကြိမ်တောင် ရထားခဲ့တယ် လို့ ပြောကြပါတယ် ။ ဒါပေမယ့် လွန် ခဲ့တဲ့ ၁၅ နှစ် ၊ နှစ် ၂၀ ကာလနဲ့ ချိန် ထိုး ကြည့်ရင်တော့ မက်ဆီ က ၄ ကြိမ် ၊ ရိုနယ်ဒို က ၅ ကြိမ် ပါ ။ ကျွန်တော် က တော့ ဒီလိုမြင်ပါတယ်” လို့ လစ်ပီ က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR