မာတီနက် ကို အင်တာမီလန် မှာပဲဆက်နေဖို့ အကြံပြုလိုက်တဲ့ လူးဝစ် ဆွာရက်

ဘာစီလိုနာ အသင်း ဟာ အင်တာ မီလန် တိုက်စစ်မှုး လူတာရို မာတီနက် ကို နွေရာသီ အပြောင်း အရွှေ့ ရဲ့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ် ထားပြီး အရ ခေါ်ယူ ဖို့ ဆုံးဖြတ် ထားပါတယ် ။ မာတီနက် ဟာ ဘာကာ တိုက်စစ်မှုးကြီး ဆွာရက် ရဲ့ နေရာကို ဆက်ခံ မယ့်သူ အဖြစ် ဘာစီလိုနာ တာဝန် ရှိသူတွေ က ယုံကြည် ထားပြီး အသင်း ခေါင်းဆောင် မက်ဆီ နဲ့ လည်း အတွဲ မိမိ ကစား နိုင်မယ် လို့ ယူဆ ထား ကြပါတယ် ။

ဒါပေမယ့် ဘာစီလိုနာ တိုက်စစ်မှုး ဟောင်း လူးဝစ် ဆွာရက် ကတော့ မာတီနက် အနေနဲ့ အင်တာ မှာ ဆက်နေ ဖို့ ပို သင့်တော်မယ် လို့ အကြံပြု သွားခဲ့ ပါတယ် ။

ဒီနေရာမှာ လူးဝစ် ဆွာရက် ချင်း လွဲမှားသွား နိုင် ပါတယ် ။ ဘာစီလိုနာ မှာ လူးဝစ် ဆွာရက် အမည် နဲ့ ကစား သမား ၂ ဦး ရှိ ပါတယ် ။ တစ်ဦး က လက်ရှိ ကစား နေတဲ့ ဥရုဂွေး တိုက်စစ်မှုး ဖြစ်ပြီး တစ်ဦး ကတော့ စပိန် လက်ရွေးစင် ဟောင်း ဖြစ်ပါတယ် ။

စပိန် သားကြီး ဆွာရက် ဟာ ၁၉၆၀ တစ်ဝိုက် က ဥရောပ မှာ ထွန်းတောက် တဲ့ ဘောလုံး သမား ဖြစ်ခဲ့ပြီး ဘာစီလိုနာ မှာ ၆ နှစ် ၊ အင်တာ မီလန် မှာ ၉ နှစ် ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသ ခဲ့ ပါတယ် ။ ဆွာရက် ဟာ စပိန်ဖွားတွေ အထဲ က ရွှေဘောလုံး ဆု ကို ရယူ ထားနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစား သမားလည်း ဖြစ်ခဲ့ ပါတယ် ။

“တကယ်လို့ ကျွန်တော် သာ သူ ( မာတီနက် ) ဆိုရင်တော့ အသင်း ပြောင်းဖို့ စိတ်လော မှာ မဟုတ်ပါဘူး” လို့ စပိန်သားကြီး ဆွာရက် က အီတလီ အခြေစိုက် Gazzetta dello Sport သတင်းစာ နဲ့ အင်တာဗျုး မှာ ပြောဆို သွားခဲ့ ပါတယ် ။ ဆွာရက် က မာတီနက် အနေနဲ့ အပြောင်းအလဲ တွေ ၊ ထင်မှတ် ထားသလို ဖြစ်မလာ နိုင်တာ တွေကို ခံနိုင် ရည် ရှိဖိ့ု ငယ်ရွယ် သေးတယ်လို့ သုံးသပ် ခဲ့ ပါတယ် ။

“ဆက်နေ မလား ၊ သွားမလား ဆိုတာ က တကယ် ဆုံးဖြတ်ရ ခက်ခဲ ပါတယ် ။ တကယ်လို့ မက်ဆီ ကိုယ်တိုင် လှမ်းခေါ် ပြီ ဆိုရင်တော့ သူ့ အတွက် ပိုပြီး လွယ်ကူ နိုင် ပါတယ် ။ ဒါပေမယ့် ကောင်လေး က အရမ်း ငယ် ပါသေးတယ် ၊ ဘာစီလိုနာ မှာ ဆိုရင် တကမ္ဘာလုံး က စောင့်ကြည့် နေမှာပါ ။ ဖိအား နဲ့ စိန်ခေါ်မှု တွေ အရမ်း များပါတယ်”

“နောက်ပြီး ကစားပုံ အရ ပြောရရင် လည်း စပိန် မှာ ထက် အီတလီ က သူ့ အတွက် ပိုပြီး အဆင်ပြေ မယ်လို့ ကျွန်တော် ထင် ပါတယ် ။ ကိုယ် ရောက်တဲ့ နေရာမှာပဲ ဆက်နေ ပါလို့ အကြံ ပေးချင်ပါတယ်” လို့ 1960 ခုနှစ် ရဲ့ ရွှေဘောလုံး ဆုရှင် လူးဝစ် ဆွာရက် က ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။

အင်တာ မီလန် ဟာ လူတာရို မာတီနက် အတွက် ယူရို ၁၁၁ သန်း သတ်မှတ် ထားပြီး ဘာစီလိုနာ ဘက်က အဆိုပါ ဈေးနှုန်း ကို ငွေသားချည်း ပေးအပ် ဖု့ိ အခက် အခဲ ရှိနိုင် တာကြောင့် ကစား သမား + ငွေသား ပုံစံ မျိုးနဲ့ သာ ကမ်းလှမ်း ဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

မာတီနက် ဟာ ဒီရာသီ မှာ လူကာကူ နဲ့ အတူ အင်တာ မီလန် အတွက် အားထားရတဲ့ တိုက်စစ် အတွဲ ဖြစ်နေ ပြီး မာတီနက် ရဲ့ ပုံစံ ကောင်းပြသမှုတွေ ကြောင့် အင်တာမီလန် ဟာ PSG ကို အငှားချ ထားတဲ့ တိုက်စစ်မှုး အီကာဒီ ကို ရောင်းထုတ် ဖို့ ဆုံးဖြတ် ထားပြီ လည်း ဖြစ် ပါတယ် ။

SPORTS MYANMAR