မက်ဆီ နဲ့ ဂွာဒီယိုလာ ကို အရခေါ်ဖို့ နီးစပ်ခဲ့တဲ့ လာလီဂါ အသင်းငယ်လေး

ဂီတာဖေး ဆိုတာ စပိန် နိုင်ငံ မက်ဒရစ် မြို့တော် မှာ အခြေစိုက် တဲ့ ကလပ် အသင်း တစ်သင်း ဖြစ် ပါတယ် ။ အသင်း ရဲ့ သမိုင်း မှာ အောင်မြင်မှု အချို့ ရထား ခဲ့ ပေမယ့် အခြား မြို့ခံ အသင်းတွေ ဖြစ်တဲ့ ရီးရဲ မက်ဒရစ် ၊ အက်သလက်တီကို မက်ဒရစ် တို့နဲ့ နှိုင်းယှဉ် ရင်တော့ ဂီတာဖေး ရဲ့ အောင်မြင်မှု ဟာ ပြောပလောက် စရာ မရှိခဲ့ ပါဘူး ။ ဒါပေမယ့် ဂီတာဖေး သာ မက်ဆီ နဲ့ ဂွာဒီယိုလာ တို့ ကို အရ ခေါ်ယူ နိုင်ခဲ့မယ် ဆိုရင် သူတို့ ရဲ့ သမိုင်းကြောင်း ဟာ ပြောင်းလဲ သွားနိုင် မလား ?

“မက်ဆီ ရဲ့ ဘာစီလိုနာ အသင်းကြီး ကို စ ရောက်လာတဲ့ ၁ နှစ် ၂ နှစ် လောက် အတွင်းမှာ သူ့ကို အငှား ခေါ်ဖို့ ကျွန်တော်တို့ ကြိုးစား ခဲ့ ပါတယ် ။ ဒါပေမယ့် နောက်ဆုံး မှာတော့ ဘာကာ နည်းပြ ဖရန့် ရီကတ် က ငြင်းခဲ့ပြီး ကျွန်တော်တို့ လည်း နောက်ဆုတ် ခဲ့ရ ပါတယ်”

ဒီ စကားကို ဆိုလာသူ ကတော့ ဂီတာဖေး အသင်း ဥက္ကဌ အိန်ဂျယ် တောရက်စ် ပါပဲ ။ မက်ဒရစ် မြို့ခံ ကလပ် ဟာ မက်ဆီ ကို အငှား ခေါ်ယူ ဖို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ နဲ့ အကြို သဘောတူညီမှု ရရှိ သည် အထိ အခြေအနေ ကောင်းမွန် ခဲ့ ပါတယ် ။ ဒါပေမယ့် နောက်ဆုံး မှာတော့ ဒီဇာတ်လမ်း ဟာ တကယ် ဖြစ်မလာခဲ့ ပါဘူး ။

အိန်ဂျယ် တောရက်စ် က သူတို့ ဟာ ဂွာဒီယိုလာ ဘာစီလိုနာ အသင်းကြီး နည်းပြ ဖြစ်မလာခင် တုန်းက လည်း နည်းပြ အဖြစ် လာရောက် လုပ်ကိုင် ဖို့ ကမ်းလှမ်း ခဲ့ဖူးပြီး နီးစပ်မှု ရှိခဲ့ တယ်လို့ ဆိုသွားခဲ့ ပါတယ် ။ ဂွာဒီ ဟာ ၂၀၀၈-၀၉ ရာသီ မှာ ဘာကာ အသင်းကြီး နည်းပြ ဖြစ်လာပြီး ကြီးမား တဲ့ အောင်မြင်မှုတွေ ကို ရယူ ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

“ဥရောပ ပွဲစဉ်တွေ အတွက် မဲခွဲပွဲ တက်ဖို့ ဆွစ်ဇာလန် ကို ရှီကီ ( ဘီဂီရီစတိန်း – ဘာစီလိုနာ ဒါရိုက်တာ ဟောင်း ၊ လက်ရှိ မန်စီးတီး ဒါရိုက်တာ ) နဲ့ အတူ သွားခဲ့ ပါတယ် ။ ကျွန်တော်တို့ ဆွေးနွေး ခဲ့တာ ကတော့ နည်းပြ တွေ ရဲ့ အကြောင်းပါ”

“သူတို့ လူငယ် နည်းပြ ( ဂွာဒီယိုလာ ) ကို ကျွန်တော်တို့ ကို ပေးမယ် ၊ ကျွန်တော်တို့ နည်းပြ မိုက်ကယ် လော့ဒရပ် ကိုတော့ ဘာစီလိုနာ အသင်းကြီး နည်းပြ ခန့်မယ်ပေါ့ ။ လာပေါ်တာ က အစတုန်းက ဂွာဒီယိုလာ ကို သိပ်မကြိုက်ခဲ့ ပါဘူး”

“ဒါပေမယ့် နောက်တော့ ဘာစီလိုနာ က ဂွာဒီယိုလာ ကို အသင်းကြီး နည်းပြ ဆွဲခန့် ခဲ့ ပါတယ် ။ ကျွန်တော်တို့လည်း မိုက်ကယ် လော့ဒရပ် ကို လက်လွှတ် ခဲ့ရပြီး ဗစ်တာ မူနော့ဇ် ကို အစားထိုး ခဲ့ရ ပါတယ်” လို့ အိန်ဂျယ် တောရက်စ် က ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ဒီလို ကြိုးစားမှုတွေ အရာ မထင်ခဲ့ ပေမယ့် သူ ဟာ ဘာစီလိုနာ ဥက္ကဌ ဟောင်း လာပေါ်တာ နဲ့ အလွန်ရင်းနှီး ခဲ့တယ် လို့ အိန်ဂျယ် တောရက်စ် က ဆက်လက် ပြောဆို သွားခဲ့ သလို လာပေါ်တာ ဟာ ပျော်ပျော် နေတတ်ပြီး စိတ်ထား ကောင်းသူ ဖြစ်တယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

လာပေါ်တာ ဟာ ဘာစီလိုနာ ရဲ့ အအောင်မြင်ဆုံး ကာလ တွေ မှာ အသင်းရဲ့ ဥက္ကဌ အဖြစ် လုပ်ဆောင် ခဲ့ပြီး လာမယ့် နှစ် မှာ တဖန် ပြန်လည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် မယ်လို့ ကြားသိရ ပါတယ် ။

SPORTS MYANMAR