သူ့ရဲ့ ကစားသမား ဘဝ ကို ပြောင်းလဲပေးခဲ့တဲ့ ပုဂ္ဂိုလ် တဦး ရဲ့ အမည် ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ #မော့ဆက်စ်

နိုင်ဂျီးရီးယား တောင်ပံ ကစားသမား ဗစ်တာ မော့ဆက်စ် ဟာ ဒီနှစ် ဘောလုံး ရာသီ ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး အသင်း ကနေ အင်တာမီလန် အသင်း သို့ အငှားထွက် ကစားခဲ့ပါတယ် ။ အင်တာမီလန် အသင်းနည်းပြအန်တိုနီယိုကွန်တီ ဟာချယ်လ်ဆီးအသင်းကိုကိုင်တွယ်ခဲ့စဉ်ကမော့ဆက်စ်နဲ့၂နှစ်လက်တွဲအလုပ်လုပ်ခဲ့ဖူးပါတယ် ။

မော့ဆက်စ် ဟာလည်း ကွန်တီ လက်အောက်မှာမှ နေရာ အထူး ပေးခံရတာ ဖြစ်ပြီး ၊ တောင်ပံ ကစားသမား နေရာ ကနေ wing-back ကစားသမား အဖြစ်သို့ပြောင်းလဲ ကစားခဲ့တာ ဖြစ်ပါတယ် ။ အထူးသဖြင့် ချယ်လ်ဆီး အသင်း ကို ကိုင်တွယ်ခဲ့စဉ် က ကွန်တီ ရဲ့ ၃ယောက်တန်း ခံစစ် ကစားကွက် မှာ မော့ဆက်စ် ဟာ မရှိမဖြစ် ညာ wing-back ကစားသမား ဖြစ်ခဲ့ပါတယ် ။

ကွန်တီ ထွက်ခွာသွားပြီးနောက် မော်ရစ်ဇီယို ဆာရီ ၊ ဖရန့် လမ်းပတ် လက်ထက် တွေမှာ မော့ဆက်စ် တယောက် နေရာ ဆက်ပျောက်ခဲ့ရကာ ၊ ဖီနာဘာချီ သို့ အငှား တနှစ် ထွက်ခဲ့ကာ ၊ အခု အခါမှာတော့ ကွန်တီ ကိုင်တွယ်နေတဲ့ အင်တာမီလန် ကို စဉ်းစား တွေဝေခဲ့ခြင်း မရှိပဲ အငှားထွက်ခဲ့ခြင်း ဖြစ်ပါတယ် ။

အခုလိုကွန်တီနဲ့ပြန်လည်ပေါင်းစည်းခွင့်ရတာကိုမော့ဆက်စ်တယောက်အတော်လေး ပျော်ရွှင်ကျေနပ်နေတဲ့ပုံပေါ်ကာ၊မနေ့ကအင်တာဗျူးတခုမှာလည်းမော့ဆက်စ် က ကွန်တီ ဟာ သူ့ရဲ့ ကစားသမား ဘဝ ကို အရာရာ ပြောင်းလဲစေခဲ့သူဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ် ။

မော့ဆက်စ် က ” အခုလို အန်တိုနီယို နဲ့ အတူ နောက်တကြိမ် ပြန်လည် ဆုံစည်းခွင့် ရတာ ကျွန်တော့ အနေနဲ့ ဂုဏ်ယူမိပါတယ် ။ သူဟာ ကျွန်တော့ ရဲ့ ကစားသမား ဘဝ မှာ အရေးပါတဲ့ ပုဂ္ဂိုလ်တဦးပါ ။ သူဟာ ကျွန်တော့ ကို လမ်းပြပေးတဲ့ ဆရာ တယောက် ဖြစ်သလို ၊ မိတ်ဆွေ တဦး ဆိုရင်လည်း မမှားပါဘူး ။ “

” ကျွန်တော် ဟာ မတူညီတဲ့ မန်နေဂျာ များစွာရဲ့လက်အောက်မှာကစားခဲ့ဖူးပါတယ် ။ အယောက်တိုင်း ကိုလည်း ကျွန်တော် သဘောကျ နှစ်သက်မိပါတယ် ။ ဒါပေမယ့် အရေးကြီးဆုံး တယောက် ကတော့ အန်တိုနီယို ကွန်တီပါပဲ ။ချယ်လ်ဆီးမှာတုန်းက သူရောက်လာတဲ့အခါကျွန်တော့ရဲ့ကစားသမားဘဝဟာအရာရာပြောင်းလဲခဲ့ရပါတယ် ။ ” ပြောကြားခဲ့ပါတယ် ။

မောဆ့က်စ် ဟာ ကွန်တီ မရောက်လာမီက ချယ်လ်ဆီး အသင်း မှာ ပုံမှန် ကစားခွင့် မရရှိခဲ့တဲ့အပြင်လီဗာပူး၊စတုတ်စီးတီး၊ဝက်စ်ဟမ်းအသင်းတွေကိုအငှားသွားကစားခဲ့ရပါတယ် ။ ကွန်တီ ချယ်လ်ဆီး ကို စတင် ကိုင်တွယ်တဲ့ ရာသီမှာချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ဆွတ်ခူးခဲ့ရာမော့ဆက်စ်ဟာအသင်းရဲ့အရေးကြီးတဲ့ အခန်း ကဏ္ဍ က ပါဝင်ခဲ့ရပါတယ် ။

ဆက်လက်ပြီးမော့ဆက်စ်ကwingbackနေရာကိုပြောင်းကစားဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး ” အန်တိုနီယို ဟာ ကျွန်တော့ ကို တိုက်ပွဲဝင် စိတ်ဓာတ် သွင်းပေးနိုင်ခဲ့ကာ ၊ ကျွန်တော့ကိုယုံကြည်မှုအပြည့်နဲ့ကစားဖို့၊ပျော်ပျော်ရွှင်ရွှင်ကစားဖို့အမြဲပြောပါတယ် ။ အန်တိုနီယို နဲ့ ပထမဆုံး လက်တွဲခဲ့တဲ့ ရာသီ ဟာ ကျွန်တော့ အတွက် တကယ့် အံ့သြဖွယ်ပါပဲ ။ “

” ဒီအတွက်လည်း ကျွန်တော် သူ့ကို အမြဲတမ်း လေးစားသွားမှာပါ ။ ကျွန်တော် ဟာ သူ့လက်ထက် မတိုင်မီ က wing-back နေရာ ကို တခါမှ မကစားခဲ့ဖူးပါဘူး ။ သူ ချယ်လ်ဆီး မန်နေဂျာ ဖြစ်လာတဲ့ အခါမှ ကျွန်တော် နဲ့ wing-backနေရာအကြောင်း ဆွေးနွေးပြီးမှ ကစားဖြစ်သွားခဲ့တာပါ ။ အသင်း ကို ကိုင်တွယ်နေတဲ့ မန်နေဂျာ ရဲ့ ထောက်ခံမှု အပြည့်အဝ ရထားတာ အရမ်း ကောင်းပါတယ် ။ “

” သူဟာ ကျွန်တော့ ကို နောက်ကွယ် ကနေ အမြဲ ပံ့ပိုးပေးခဲ့သလို ၊ ယုံကြည်မှု တွေလည်း အပြည့်ပေးခဲ့ပါတယ် ။ ကိုယ့်ကိုယုံကြည်မှုအပြည့်ထားထားတဲ့မန်နေဂျာ လက်အောက်မှာကစားရတာပိုပြီးခြေစွမ်းပြစေနိုင်တာကိုကျွန်တော်နားလည်လာပါတယ်။အခုဆိုကျွန်တော်ဟာအင်တာမီလန်အသင်းအတွက်၃ပွဲကစားပေးထားပြီးပါပြီ ။ ၃ပွဲလုံးလည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR