ရိုနယ်ဒို အပါအဝင် ကစားသမားတွေ လိုက်နာရမယ့် စီးရီးအေ စည်းမျဉ်းများ

ယမန်နေ့ က ပြန်လည် စတင် ခဲ့တဲ့ ဂျာမန် ဘွန်ဒစ်လီဂါ ပြိုင်ပွဲ ကို တစ်ကမ္ဘာလုံး က စောင့်ကြည့် ခဲ့ကြ ပါတယ် ။ ပရီးမီး ယားလိဂ် ကတော့ Project Restart အစီ အစဉ် ကို ဘောလုံး သမား အချို့ နဲ့ နည်းပြ အချို့ က သဘော မတူ ကြသေးတာ ကြောင့် ညှိနှိုင်း နေရဆဲပါ ။ စပိန် ကတော့ ဇွန်လ ထဲ မှာ ပြန်စဖို့ လုပ်ဆောင် နေပြီး အီတလီ ဆိုရင် လည်း လေ့ကျင့်မှု တွေ စတင် နေကြပြီ ဖြစ် ပါတယ် ။ ပြင်သစ် ကလပ် က ကစား သမားတွေ ကတော့ ပွဲကြည့် ပရိသတ်ပဲ လုပ်ရတော့ မှာပါ ။

ဒီ ထဲ မှာတော့ အီတလီ ဟာ တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ နဲ့ လေ့ကျင့်မှု တွေ ကို ပြုလုပ် ဖု့ိ ညွှန်ကြား ထားခဲ့ ပါတယ် ။ အီတလီ ဟာ ဗိုင်းရပ် ကူးစက်မှု ကြောင့် သေဆုံးသူ အများဆုံး နိုင်ငံ ထဲ မှာ ပါဝင် ခဲ့တာ ကြောင့် ကာကွယ်ရေး လုပ်ဆောင် ချက်တွေ ကို အမြင့်ဆုံး အဆင့် လုပ်ဆောင် နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ် ။

ဒါကြောင့် အီတလီ ဘောလုံး အဖွဲ့ချုပ် ဟာ ကလပ် အသင်းတွေ ရဲ့ လေ့ကျင့်ရေး အစီအစဉ် တွေ ကို ရှောင် တခင် ဝင်ရောက် စစ်ဆေး ခဲ့ပြီး သတ်မှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ နဲ့ ကိုက်ညီ မှု ရှိမရှိ ကို လေ့လာ ဆန်းစစ် ခဲ့ ပါတယ် ။

ဒီလို စစ်ဆေးရာမှာတော့ လာဇီယို အသင်း ဟာ ဗွေဆော်ဦး မဲပေါက်သွား ခဲ့ပြီး လေ့ကျင့်ရေး ကွင်းမှာ တစ်ဖက် ၃ ဦးစီ ခွဲပြီး ပွဲငယ်လေ့ကျင့်မှု ပြုလုပ် နေတာ ကို တွေ့ရှိ ခဲ့ရ ပါတယ် ။ ဘောလုံး အဖွဲ့ချုပ် ဟာ ယခု အချိန် ထိ အသင်းလိုက် လှုပ်ရှားမှု တွေ ကို ခွင့်ပြု မထားသေးဘဲ တစ်ဦးချင်း စီသာ သီးသန့် လေ့ကျင့်ဖို့ ညွှန်ကြား ထားဆဲ ဖြစ် ပါတယ် ။

ကစား သမားတွေ အနေနဲ့ လေ့ကျင့်မှု နဲ့ ကင်းကွာမသွားရ အောင် အခြေခံ လေ့ကျင့်ခန်းတွေ ကိုသာ လုပ်ဆောင်ခွင့် ပြုထားပြီး လေ့ကျင့်ရေး ခန်းမ အတွင်း မှာလည်း တစ်ဦး နဲ့ တစ်ဦး ခြားကာ ကြံ့ခိုင်ရေး လေ့ကျင့်မှုတွေ ကို ပြုလုပ် ရမှာ ဖြစ်သလို အကာအကွယ် မျက်နှာဖုံးလည်း တပ်ဆင် ရမယ်လို့ ညွှန်ကြား ထားခဲ့ ပါတယ် ။

ကစား သမားတွေ ကို လေ့ကျင့်ရေးကွင်း အဝင်၀ မှာ အပူချိန် တိုင်းပြီး ဗိုင်းရပ်စ် စစ်ဆေးမှု ကို နေ့စဉ် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။ ပွဲ ကစားရမယ့် နေ့တွေ မှာတော့ ကစား သမားတွေ ကို တစ်ဦးချင်း သီးသန့် အခန်းတွေ ပေးထားမှာ ဖြစ်ပြီး အသုံးအဆောင် ပစ္စည်း အားလုံး ကို ပွဲပြီးချိန် မှာ ပိုးသတ်ဆေး ဖြန်းရမယ် လို့ ညွှန်ကြား ထားခဲ့ ပါတယ် ။

ကစား သမားတွေ ဟာ ကိုယ်ပိုင် သောက်ရေဗူး နဲ့ အသုံး အဆောင် ပစ္စည်းတွေ ကို ယူဆောင် လာကြရမှာ ဖြစ်ပြီး ဘောလုံး တစ်လုံးစီလည်း ယူလာ ကြဖို့ မှာကြား ထားတယ် လို့ သိရ ပါတယ် ။ အဆိုပါ ပစ္စည်း အားလုံး ကို ကွင်းအတွင်း မယူဆောင် ခင် မှာ ပိုးသတ်ဆေး နဲ့ ဖြန်းပက် ဦးမယ် လို့လည်း သိရှိ ရ ပါတယ် ။

လေ့ကျင့်ခန်း စတင် အပြီး ၂ ပတ် ကြာသည် အထိ ကစား သမား တွေ ဟာ တစ်ဦး နဲ့ တစ်ဦး ၆ ပေစီ ခွာကာ နေထိုင် ရမှာ ဖြစ်ပြီး အစား အသောက်တွေ ကိုလည်း ကလပ် အသင်း ရဲ့ စားဖိုမှုး က စီမံ ပေးတဲ့ အတိုင်းသာ စားသောက် ရမယ် လို့ သိရ ပါတယ် ။

ကလပ် အသင်းတွေ ဘက်ကတော့ လုပ်ဆောင်စရာတွေ ပိုလာ ခဲ့ပြီး လေ့ကျင့်ရေး တစ်နေ့ ပြီးသွားတိုင်း မှာ ကစား သမားတွေ ဝင်ရောက် သွားလာခဲ့တဲ့ နေရာ မှန်သမျှ ကို ပိုးသတ်ဆေး လိုက်ဖြန်း ရမှာပဲ ဖြစ် ပါတယ် ။

ယူဗင်တပ် အသင်း ကတာ့ ပွဲနေ့တွေ မှာ ကလပ် အသင်းက ပိုင်ဆိုင်တဲ့ J-Hotel မှာ တစ်ဦးကို တစ်ခန်း ထားရှိ တာကြောင့် ပြဿနာ မရှိပေမယ့် အခြား အသင်းတွေ အတွက်တော့ စီမံ ရဦးမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။ ဟိုတယ် အခန်းပေါင်း ၂၀ လောက်ကို အပတ်စဉ် အသုံးပြုရမှာ ဖြစ်တာကြောင့် ဘဏ္ဍာရေး ဆိုင်ရာ ထိခိုက်မှု တွေ ဖြစ်လာဖွယ် ရှိတယ်လို့ သုံးသပ် ထားကြပါတယ် ။

ဒါပေမယ့် လက်ရှိ အချိန် အထိ အတည်ပြု မဆုံးဖြတ် ရသေးတဲ့ စည်းမျဉ်းတွေ လည်း ရှိနေ ပါတယ် ။ Social Distance ဟာ ဗိုင်းရပ်စ် ကူးစက်မှု ကို ကာကွယ်တဲ့ အကောင်းဆုံး နည်းလမ်း ဖြစ်တာကြောင့် တစ်ဦး နဲ့ တစ်ဦး လေ့ကျင့်ချိန် မှာ ခပ်ခွာခွာ နေနိုင် ပေမယ့် ပွဲ နေ့ တွေ မှာ တော့ အဝတ်လဲခန်း တစ်ခု တည်းကို အသုံးပြု ရမှာ ဖြစ်ပါတယ် ။

ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ဆောင် မလဲ ဆိုတာ ထုတ်ပြန် မထားသေး သလို ပထမပိုင်း ပြီးချိန် အဝတ်လဲ ခန်းထဲ ကို အားလုံး ပြန်ဝင် မလား ၊ အဝတ် လဲခန်း အပိုတွေ ထားပေး မလား ဆိုတာ လည်း မဆုံးဖြတ် ရသေး ပါဘူး ။

ဘယ်လိုပဲ ဖြစ်ဖြစ် အီတလီ ကလည်း ဘောလုံး ကို ပြန်အသက်သွင်း ဖို့ ဆုံးဖြတ် ထားခဲ့ ပါပြီ ။ သိပ် မကြာခင် မှာပဲ ရိုနယ်ဒို ၊ ဒိုင်ဘားလား ၊ လူကာကူ တို့ အပါအဝင် စီးရီးအေ စတားတွေ ဟာ ကျွန်တော်တို့ ရှေ့မှောက် ကို ပြန်ရောက် လာကြတော့ မှာပါ . . . . .

SPORTS MYANMAR