ဘာကာ ၆ – ၁ PSG ပွဲကို ကိုင်တွယ်တဲ့ ဒိုင်လူကြီး ကို အရေးယူဖွယ်ရှိ

ဘာစီလိုနာ အသင်း ရဲ့ ၂၀၁၆ – ၂၀၁၇ ဘောလုံး ရာသီ က အံ့ဖွယ် comeback ကို အားလုံး မှတ်မိ ကြ ဦးမှာပါ ။ ဘာစီလိုနာ ဟာ ချန်ပီယံ လိဂ် ၁၆ သင်း အဆင့် မှာ ပြင်သစ် ထိပ်သီး PSG နဲ့ ရင်ဆိုင် ခဲ့ရပြီး ပထမ အကျော့ ပြင်သစ် မြေပေါ် မှာ ၄ – ၀ နဲ့ အပြတ် အသတ် ရှုံးနိမ့် ခဲ့ ပါတယ် ။ ဒီလို ဂိုးပြတ် ရှုံးနိမ့် ခဲ့မှု ကြောင့် မက်ဆီ ၊ နေမာ ၊ ဆွာရက် တို့ ရဲ့ MSN တိုက်စစ် နဲ့ ဘာစီလိုနာ တို့ ချန်ပီယံ လိဂ် ကို နှုတ်ဆက် ရတော့ မယ်လို့ အားလုံး က မှတ်ယူ ခဲ့ကြ ပါတယ် ။

ဘာစီလိုနာ ဟာ ဒုတိယ အကျော့ မှာ PSG ကို တိုက်စစ် ဖွင့် ကစားပြီး ဂိုးတွေ ဆက်တိုက် သွင်းယူ ကာ ပြန်လည် ချေပ ခဲ့ ပါတယ် ။ ၃ – ၀ နဲ့ ဦးဆောင် နေချိန် မှာတော့ PSG ဘက်က ၁ ဂိုး ပြန်ချေ ပခဲ့ တာ ကြောင့် ဘာစီလိုနာ တို့ ပြန်လာ နိုင်ဖွယ် မရှိတော့ ဘူးလို့ အားလုံး ထင်မှတ် ခဲ့ကြ ပါတယ် ။

ဒါပေမယ့် ပွဲချိန် ၈၈ မိနစ် မှာတော့ ဘာစီလိုနာ တို့ စတုတ္ထမြောက် ဂိုး ကို ရရှိ ခဲ့ပြီး မိနစ် ၉၀ မှာ ပင်နယ်တီ က နေ ပဉ္စမမြောက် ဂိုးကို သွင်းယူ ခဲ့ ပါတယ် ။ အဝေးဂိုး နဲ့ PSG တို့ အသာရ နေဆဲ ဖြစ်ပေမယ့် ၉၅ မိနစ် မှာတော့ ဆာဂျီရောဘတ်တို က ဘာစီလိုနာ အတွက် ၆ ဂိုးမြောက် ကို သွင်းပေးခဲ့ပြီး သမိုင်းဝင် နိုင်ပွဲ ကို ဖော်ဆောင် ပေးခဲ့ ပါတယ် ။

ဒီ ပွဲ ဟာ ဘောလုံး ကမ္ဘာကို အကြီးအကျယ် အံ့အားသင့် စေခဲ့ပြီး ဘာစီလိုနာ ဟာ ကွင်းလယ်ဒိုင် ရဲ့ အလေးပေး မှု ကို ရရှိ ခဲ့တယ် လို့လည်း ဝေဖန်မှုတွေ ပေါ်ထွက် လာခဲ့ ပါတယ် ။ ၃ နှစ် အကြာ မှာတော့ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ဟာ အဆိုပါပွဲ ကို ကိုင်တွယ် ခဲ့တဲ့ ကွင်းလယ်ဒိုင် ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေကို မချမှတ် နိုင်ခဲ့ကြောင်း လက်ခံ လာခဲ့ ပါတယ် ။

 

အဆိုပါ ပွဲ ကို နာမည်ကျော် ဂျာမန် ဒိုင်လူကြီး Deniz Aytekin က ကိုင်တွယ် ခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ ရဲ့ ပဉ္စမ မြောက် သွင်းဂိုး ကို ဖြစ်စေခဲ့ တဲ့ ပင်နယ်တီ ဆုံးဖြတ်ချက် ဟာ မှားယွင်း ခဲ့တယ် လို့ အချက် အလက် တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။ ဒါ့အပြင် ပွဲချိန် တစ်လျောက် လုံးမှာ Aytekin ဟာ ယခင် ပွဲတွေ ကလို တည်ငြိမ်မှု အားနည်း နေခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေ ဟာ ပြင်သစ် ကလပ် ကို နစ်နာ စေခဲ့ တယ်လို့ UEFA က လက်ခံ လိုက်ပြီ ဖြစ် ပါတယ် ။

 

ဒါကြောင့် ပွဲရလဒ် ကို ပြန်ပြောင်းနိုင် ဖို့ မရှိ တော့ ပေမယ့် ဥရောပ ဘောလုံး အဖွဲ့ချုပ် ဟာ Aytekin ကို ပြစ်ဒဏ် ချမှတ် ဖို့ လုပ်ဆောင် လာနိုင်ချေ ရှိတယ် လို့ သတင်းတွေ က ဖော်ပြ လာခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ကွာတား ဖိုင်နယ် ကို တက်နိုင် ခဲ့ ပေမယ့် စီးရီးအေ ထိပ်သီး ယူဗင်တပ် ကို အရေးနိမ့် ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရ ပါတယ် ။ ယူဗင်တပ် ကတော့ ဗိုလ်လုပွဲ ထိ ရောက်ခဲ့ပြီး ဘာစီလိုနာ ရဲ့ မဟာပြိုင်ဘက် ရီးရဲ မက်ဒရစ် ကို ရှုံးနိမ့် ပြီး ဒုတိယ ဆု နဲ့သာ ကျေနပ် ခဲ့ရ ပါတယ် ။

PSG ကတော့ အဆိုပါ နှစ် က စပြီး ခုချိန် အထိ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ကို မကျော်ဖြတ် နိုင်ခဲ့ဘဲ ၂၀၁၈ မှာ ရီးရဲ မက်ဒရစ် ၊ ၂၀၁၉ မှာ မန်ချက်စတာ ယူနိုက်တက် တို့ကို အရေးနိမ့် ခဲ့ရ ပါတယ်။ ဒီနှစ် မှာတော့ PSG ဟာ ဒေါ့မွန် ကို အနိုင်ယူပြီး ကွာတား ဖိုင်နယ် ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR