ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့ အတွက် ဂျူဗင်တပ်တို့ လက်လွှတ် သင့်တဲ့ ကစားသမား နှစ်ဦး အမည်ကို ပြောပြလိုက်တဲ့ တာချီနာဒီ

ဂျူဗင်တပ် အသင်း ရဲ့ ခံစစ် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ အလက်စီယို တာချီနာဒီ က အသင်းဟောင်း အနေ နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း မှ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ကို ခေါ်ယူ နိုင်ရေး အတွက် လက်ရှိ အသင်း ရဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေး နဲ့ ရာဘီယော့ တို့ကို လက်လွှတ် ခံသင့်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဂျူဗင်တပ် အသင်း ဟာ ကစားသမား ဟောင်း ဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာ ကို ပြန်လည် ခေါ်ယူ လိုနေတယ် ဆိုတဲ့ သတင်း တွေဟာ အပြောင်းအရွှေ့ ရာသီတိုင်း လိုလို သတင်းကြီး နေခဲ့တဲ့ အရာ တစ်ခု ဖြစ်ခဲ့ ပါတယ် ။ အခုလည်း ယူနိုက်တက် မှ ထွက်ခွာဖို့ သတင်း ထွက်နေ ခဲ့တဲ့ ပေါ့ဂ်ဘာ ကို ခေါ်ယူဖို့ ဂျူဗင်တပ် အသင်း ကပဲ ထိပ်ဆုံးမှ ရေပန်းစား နေဆဲ ပါပဲ ။

ဒါပေမယ့် လက်ရှိ အချိန် မှာ ကမ႓ာ့ အနှံ့ ပျံ့နှံ့ နေခဲ့တဲ့ ကူးစက် ရောဂါ ကြောင့် ကလပ် အသင်း တိုင်းဟာ ဘဏ္ဍာရေး အခက်အခဲ ကိုယ်စီ ကြုံတွေ့ ကြဖို့ ရှိနေ ကြတဲ့ အတွက် ကစားသမား သစ် ခေါ်ယူ နိုင်ဖို့ ငွေ အရင် ရှာရမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ခံစစ် ကစားသမား ဟောင်း ဖြစ်တဲ့ တာချီနာီဒီက ကစားသမား အချို့ ကို ရောင်းထုတ် သွားဖို့ ဂျူဗင်တပ် အသင်း ကို အကြံပေး ခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ ဘောလုံး ရာသီ အတွင်း မှာတော့ ဝေးလ် လက်ရွေးစင် ကွင်းလယ်လူ အာရွန် ရမ်ဆေးနဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့ တို့က ဂျူဗင်တပ် အသင်းမှာ လုံလောက်တဲ့ ပွဲထွက် ကစားခွင့် တွေကို မပိုင်ဆိုင် နိုင်ခဲ့တဲ့ အတွက် မပျော်မရွှင် ဖြစ်နေ ကြတယ် လို့ သတင်းကြီး နေခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် တာချီနာဒီ က သူတို့ တွေကို ရောင်းထုတ် သွားပြီး ပေါ့ဂ်ဘာ ကို ခေါ်ယူ အင်အား ဖြည့်တင်း ဖို့ အသင်း ဟောင်းကို တိုက်တွန်း ခဲ့တာပဲ ဖြစ်ပါတယ် ။

” ပေါ့ဂ်ဘာ ကို ပြန်လည် ခေါ်ယူ နိုင်ရေး အတွက် ဆိုရင် ကျွန်တော် ဟာ ရာဘီယော့ နဲ့ ရမ်ဆေး တို့ကို ထွက်ခွာခွင့် ပေးလိုက်မှာ ပါပဲ ။ ရမ်းဆေးဟာ ဂျူဗင်တပ် အသင်း အတွက် ပုံစံကောင်း တွေကို ပြသ ထားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အသင်းရဲ့ လိုအပ်ချက် အတွက် ရောင်းချ လိုက်တာ ပိုကောင်းပါ လိမ့်မယ် ” လို့ တာချီနာဒီ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဂျူဗင်တပ် အသင်းဟာ ဘာစီလိုနာ အသင်း မှ ဘရာဇီီး လက်ရွေးစင် ကွင်းလယ် ကစားသမား ဖြစ်သူ အာသာ မီလို ကို ခေါ်ယူ နိုင်ဖို့ အတွက် အသင်း ရဲ့ ဝါရင့် ကွင်းလယ် ကစားသမား ဖြစ်သူ မီယာလန် ယာနစ် ကို အလိုက်ပေး ကမ်းလှမ်း သွားဖို့ ရှိနေတယ် လို့ သတင်း တွေ ထွက်ပေါ် နေခဲ့ပါ သေးတယ် ။

ယာနစ် ဟာ ဂျူဗင်တပ် အသင်း အတွက် ပြီးခဲ့တဲ့ နှစ်တွေ ကတည်းက အရေးပါ လှတဲ့ ကစားသမား တစ်ဦး ပါပဲ ။ အကယ်လို့ ဂျူဗင်တပ် အသင်း ကသာ ရမ်ဆေး ၊ ရာဘီယော့ နဲ့ ယာနစ် တို့ကို လက်လွတ် ဆုံးရှံုး ခံလိုက်မယ် ဆိုရင် ကွင်းလယ်ပိုင်း အင်အား နည်းပါး သွားမှာ အသေအချာ ပါပဲ ။ ဒါပေမယ့် အဆိုပါ နေရာ ကို ဘန်တန်ကာ ဟာ အကောင်းဆုံး ကစားပေး နိုင်စွမ်း ရှိကြောင်း ၊ သူဟာ ဆာရီ ရဲ့ ဘောလုံး ဒသန မှာ နေရာ ရရှိ နိုင်မယ့် ကစားသမား ဖြစ်ကြောင်း တာချီနာဒီ သုံးသပ် သွားခဲ့ ပါတယ် ။

” မော်ရီဇီယို ဆာရီ ရဲ့ ကစားပုံ ၊ ဘောလုံး ဒသမ အရ ဆိုရင် သူဟာ ကွင်းလယ် ပိုင်းမှာ ရိုဒရီဂို ဘန်တန်ကာ ကို သုံးစွဲ လိမ့်မယ် ဆိုတာ ကျွန်တော် လုံးဝ သံသယ မဖြစ်မိ ပါဘူး ။ သူဟာ သန်မာ ကြံ့ခိုင်သူ ဖြစ်သလို သြဇာ တိက္ကမ ရှိတဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူဟာ မှန်ကန်တဲ အချိန် တွေမှာ မှန်ကန်တဲ့ နေရာ တစ်ခုကို ရောက်ရှိ နေတတ် ပါတယ် ။ ပြီးတော့ ဘောလုံး ကို ဘယ် နေရာ ပေးပို့ ကစားရ မလဲ ဆိုတာလည်း ကောင်းကောင်း သိရှိ နားလည် ပါတယ် ”

” သူဟာ ပီယာလို တစ်ယောက် တော့ မဟုတ် ပါဘူး ။ ဒါပေမယ့် ဆာရီ က ဒီလို ကစားသမား မျိုးကို အသင်း ရဲ့ ခံစစ်ကြောင်း အရှေ့ မှာ နေရာပေး ကစား လိုမယ် ဆိုတာ ကိုတော့ ကျွန်တော် သိရှိ နားလည်ထား ပါတယ် ။ သူဟာ ဆာရီ ရဲ့ ကစားကွက် ထဲမှာ နေရာ တစ်ခု ရယူ နိုုင်တဲ့ ကစားသမား မျိုး ပါပဲ ” လို့ တာချီနာဒီ က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar