ဒီလို ကစားပုံနဲ့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်မှာ မဟုတ်ဘူးလို့ ဝန်ခံလိုက်တဲ့ မက်ဆီ

ဘာစီလိုနာ အသင်းရဲ့ စူပါ စတား ဖြစ်သူ လီယွန်နယ် မက်ဆီ က လက်ရှိ အသင်း ရဲ့ ကစားပုံ နဲ့ စွမ်းဆောင်ရည် တွေကို မြှင့်တင် နိုင်ခြင်း မရှိ ပါက ချန်ပီယံ လိဂ် ဖလား ကို ဆွတ်ခူး နိုင်မှာ မဟုတ်ကြောင်း ဝန်ခံ စကား ပြောကြားရင်း နည်းပြ ဆက်တီယံ ရဲ့ ပြောစကား ကို သဘော မတူကြောင်း ပြသ သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် တို့ ဆီမှာ ရှိနေတဲ့ အသင်း လူစာရင်း အပေါ် ဘယ်တုန်း ကမှ သံသယ မဖြစ်ခဲ့ဖူး ပါဘူး ။ လက်ကျန် ပွဲစဉ် တိုင်းကို အနိုင်ယူ နိုင်မလား ဆိုတဲ့ အပေါ်လည်း သံသယ မဖြစ်ခဲ့ဖူး ပါဘူး ။ ဒါပေမယ့် ဒီလို ကစားပုံ မျိုးနဲ့ အနိုင် ယူနိုင် မလား ဆိုတဲ့ အပေါ် တစ်ထစ်ချ ယုံကြည်မှု မရှိခဲ့ ပါဘူး ”

” အခု အချိန် လူတိုင်း မှာ သူတို့ တွေရဲ့ ကိုယ်ပိုင် ထင်မြင်ချက် ကိုယ်စီ ရှိနေ ပါတယ် ။ အဲ့တာတွေ အပေါ် ကျွန်တော် လေးစား သမှု အများကြီး ရှိပါတယ် ။ ကျွန်တော့် အတွေး ကတော့ ကျွန်တော် ဟာ ချန်ပီယံ လိဂ် နှစ်စဉ် ကစား ရတဲ့ အပေါ် ကံကောင်းတယ် လို့ ခံစား ရတယ် ဆိုတဲ့ အချက်အလက် အပေါ် အခြေခံ ပါတယ် ”

” ကျွန်တော် တို့ရဲ့ အတွေ့အကြုံ အရ ချန်ပီယံ လိဂ် ဖလား ဆိုတာ ကျွန်တော် တို့ အခု ကစား နေတဲ့ ပုံစံ နဲ့ ရယူ ဆွတ်ခူး နိုင်ဖို့ ဖြစ်နိုင်ခြေ မရှိမှန်း ကောင်းကောင်း သိနေ ပါတယ် ။ နည်းပြ ဆက်တီယံ ဟာ ဒီ ဆု ဖလား နဲ့ ပတ်သက်လို့ နားလည်မုှ လွဲနေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ” လို့ မက်ဆီ က ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ လာလီဂါ ပြိုင်ပွဲ မှာ ပွဲစဉ် 27 ပွဲ ကစား ပြီးချိန် ဘာစီလိုနာ အသင်း ဟာ မဟာ ပြိုင်ဖက် ရီးယဲ မက်ဒရစ် အသင်း ကို 2 မှတ် ဖြတ်ထား နိုင်ပြီး အမှတ်ပေး ဇယား ကို ဦးဆောင် နေခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ လာလီဂါ ဟာ ဇွန်လ လဝက် လောက် မှာ ဘောလုံး ရာသီ ကို ဆက်လက် ကစား နိုင်ဖို့ အစီအစဉ် ဆွဲနေခဲ့ ပါတယ် ။ အဆိုပါ အကြောင်းအရာ နဲ့ ပတ်သက်လို့ …

” အခုလို အားလပ်ရက်တွေ ရရှိ ခဲ့ခြင်းက ကျွန်တော် တို့တွေ အတွက် အကျိုး ရှိနိုင် ပါတယ် ။ ပြီးတော့ ပြိုင်ပွဲ ကို ဆက်လက် စတင် နိုင်မလား ဆိုတာ စောင့်ကြည့် ရပါ့မယ် ။ အဲ့တာ ပြီးရင် တော့ ကျွန်တော် တို့ တွေဟာ အရင်လို ရှိနေ ခဲ့တဲ့ အဆင့်အတန်း တစ်ခု နဲ့ အတူ ကစား နိုင်စွမ်း ရှိနေ သေးသလား ဆိုတာ စစ်ဆေး ကြရ ပါ့မယ် ”

” လေ့ကျင့်ရေး ကွင်းကို သွားရောက် ရခြင်းက ပထမ အဆင့် ပါ ။ ဒါပေမယ့် လိုအပ်တဲ့ ကြိုတင် ကာကွယ်မှု တွေ ကျွန်တော် တို့ အားလုံး လုပ်ဆောင် ကြရ ပါ့မယ် ။ ကျွန်တော် တို့ အားလုံး ဟာ ပွဲစဉ် တွေ ကစားလို့ ရပြီ ဆိုတာ နဲ့ ကွင်းပိတ် ကစား နိုင်ဖို့ လုပ်ဆောင် ကြရ ပါ့မယ် ”

” ပုဂ္ဂိုလ်ရေး အရ ပြောကြား ရမယ် ဆိုရင် ကျွန်တော် ဟာ ပြိုင်ပွဲ တွေကို ပြန်လည် ကစားဖို့ ရှေးရှု နေပါတယ် ။ ကွင်းထဲ မှာ ပရိသတ် တွေ မရှိမှု တွေကြောင့် ကျွန်တော် တို့ရဲ့ ပြိုင်ပွဲ တွေဟာ ဆန်းကျယ် နေမှာ အသေအချာ ပါပဲ ။ ကျွန်တော် တို့ တွေဟာ အဲ့တာမျိုး ကိုတော့ အလို မရှိကြ ပါဘူး ။ ဒါက ဘယ်လို ဖြစ်လိမ့် မလဲ ဆိုတာ ခင်ဗျား တို့ ကြိုတင် မြင်ယောင် နိုင်ပါတယ် ”

” ကျွန်တော့် အကြောင်း ပြောကြား ရမယ် ဆိုရင် ကျွန်တော် ဟာ လက်ရှိ ရုပ်ပိုင်း ဆိုင်ရာ မှာ အကောင်းဆုံး အခြေအနေ ပိုင်ဆိုင် နေပါတယ် ။ ကျွန်တော် ဟာ အိမ်မှာ လေ့ကျင့်ရေး တွေကို နေ့စဉ် လုပ်ဆောင် နေခဲ့ ပါတယ် ။ အဲ့တာ က ကျွန်တော့် ကို ကြံ့ခိုင်မှု ပြည့်ဝ စေဖို့ အကူအညီ ဖြစ်စေခဲ့ ပါတယ် ”

” ကျွန်တော် တို့ဟာ အကျဉ်း ချထား ခံနေရ သလို ပါပဲ ။ ဒါပေမယ့် ကလေးတွေ ၊ အန်တိုနယ်လာ တို့နဲ့ အတူတကွ နိုင်ထိုင်ခွင့် ပိုင်ဆိုင်ခဲ့ ရခြင်း က တစ်ကယ့်ကို ကောင်းမွန်ခဲ့ ပါတယ် ။ ကျွန်တော် ဟာ သူတို့ အားလုံး နဲ့ အတူ နေ့စဉ် ပျော်ရွှင် နိုင်ဖို့ ကြိုးစား နေခဲ့ ပါတယ် ” လို့ မက်ဆီ က Lock down ကာလ အတွင်း သူ့ရဲ့ နေ့စဉ် ဘဝ အကြောင်း ပြောပြ သွားခဲ့ ပါတယ် ။

#Sports_Myanmar