လော်တာရိုမာတီနက်ထက် စာရင် လီဗာပူးတိုက်စစ်မှုးကို ခေါ်ယူတာ ဘာကာအတွက် ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ ဘိုဂျန်ကာကစ်

ဘိုဂျန်ကာကစ်က ဘာစီလိုနာ အသင်း အနေနဲ့ အင်တာမီလန် တိုက်စစ်မှုး လော်တာရိုမာတီနက်စ် ထက်စာရင် လီဗာပူး တိုက်စစ်မှုး ရော်ဘတ်တို ဖာမီနို ကို ခေါ်ယူတာ ပိုမို ကောင်းမွန် လိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။ အင်တာ တိုက်စစ်မှုး မာတီနက်ဟာ ဒီရာသီ စီးရီးအေမှာ အထူး ခြေစွမ်းပြ ကစား နေတာကြောင့် လာမည့် အပြောင်းအရွေ့မှာ ဘာစီလိုနာ အသင်းတို့ ခေါ်ယူ သွားရန် ရေပန်းစား နေသူ ဖြစ်ပါတယ်။

ဘာစီလိုနာ တာဝန်ရှိသူ တွေကတော့ မာတီနက် ကို ၎င်းရဲ့ တစ်နိုင်ငံတည်းသား ဖြစ်သူ လီယွန်နယ်မက်ဆီ နဲ့ တွဲဖက် ပေးဖို့ စိတ်ကူး နေကြတာ ဖြစ်ပြီး ဘာကာ တိုက်စစ်မှုး ဘိုဂျန် ကတော့ မာတီနက်ဟာ ဘာကာ ရဲ့ ကစားဟန် ၊ ကစားကွက်မှာ လိုအပ်နေတဲ့ အရည်အသွေး မရှိဘူးလို့ ယူဆ နေပါတယ်။

ဘာကာဟာ ပြီးခဲ့တဲ့ နွေရာသီက ဂရစ်မန်းကို အက်သလက်တီကို ကနေ ခေါ်ယူ ခဲ့ပေမယ့်လည်း ပြင်သစ် စတားဟာ ဘာကာမှာ အထိုင်ကျဖို့ ရုန်းကန် နေခဲ့ရပြီး အထူးသဖြင့် လူးဝစ်ဆွာရက် ကြံံ့ခိုင်မှု ပြည့်၀ နေတဲ့ အခါ ဂရစ်မန်းဟာ ပုံမှန်မဟုတ်တဲ့ တောင်ပံ တိုက်စစ် နေရာမှာ ထွက်ကစား နေရတာကြောင့်လည်း ပါဝင် ပါတယ်။

ဘိုဂျန်က မာတီနက်ဟာ အင်တာရဲ့ တန်ပြန်တိုက်စစ် ကစားဟန် မှာ ပိုမို အံဝင်ပြီး ထူးချွန်တဲ့ တိုက်စစ်မှုးလို့ ဆိုလိုက်ပေမယ့် ဘာစီလိုနာ ရဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ကစားဟန် နဲ့တော့ အံဝင် နိုင်မှာ မဟုတ်ဘူးလို့ သံသယ ရှိနေ ပါတယ်။ ဘိုဂျန်ကတော့ ဘာကာ အနေနဲ့ လူးဝစ်ဆွာရက် ရဲ့ အရှိန်အဝါကို ကျော်လွှား နိုင်ပြီး အသင်းရဲ့ ကစားကွက် နဲ့ အံဝင်မယ့်သူ ကို ခေါ်ယူဖို့ လိုတယ်လို့ အကြံပေးလိုက် ပါတယ်။

ဘိုဂျန်က “အင်တာမီလန် ရဲ့ ပင်ကိုယ် ကစားကွက် အရ သူတို့ဟာ တိုက်စစ်မှုး ၂ ဦးကို ထားကာ တန်ပြန် တိုက်စစ်နဲ့ ကစားတက်တဲ့ အသင်းပါ။ လော်တာရို အနေနဲ့ ဘာကာမှာ သူ ပုံမှန် ကစားနေကြ နေရာမှာ ကစား နိုင်ပမလား ဆိုတာ ကျွန်တော် သံသယ ဖြစ်မိ ပါတယ်။ လူးဝစ် ဆွာရက်ရဲ့ အရန် တိုက်စစ်မှုး ဒါမှမဟုတ် တောင်ပံ တိုက်စစ်မှာ ကစားရ ခြင်းဟာ သေချာပေါက် စိတ်ပျက်စရာ ဖြစ်လာ မှာပါ။

ဘယ်သူ့ကို ခေါ်ယူ သင့်သလဲလို့ ခင်ဗျား ကျွန်တော့်ကို မေးလိုက်မယ် ဆိုရင် ကျွန်တော် ကတော့ ဖာမီနို ကိုပဲ မှတ်ချက် ပေးလိုက် ချင်ပါတယ်။ သူဟာ ချိတ်ဆက် ကစား ပေးတဲ့သူ ၊ ကြီးမားတဲ့ ဟိတ်ဟန် ရှိထားသူ ဖြစ်ပြီး ရွေ့လျားမှုလည်း တအား ကောင်းသူပါ။

အာဂျင်တီးနား စတားကို လုံး၀ မခေါ်ယူ သင့်ဘူးလို့ ကျွန်တော် ရည်ရွယ် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ profile ကို အကောင်းဆုံး လေ့လာ ဆန်းစစ် သွားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ လုံး၀ အမှားအယွင်း ခံလို့ မရလို့ပါ။ ဂရစ်မန်း လိုမျိုးပေါ့။ ကျွန်တော်တို့ဟာ တိုက်စစ်မှုး တစ်ဦး ခေါ်ယူ ခဲ့ပေမယ့် သူ့ကို တောင်ပံ တိုက်စစ်မှာ ထားကစား ပါတယ်။ အဲဒီနောက် ဒါဟာ အလုပ်မဖြစ်ဘူး ဆိုပြီး စောဒက တက်ကြပါတယ်။

 

ဒီလိုမျိုး ထပ်ဖြစ်လို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ နံပါတ် ၉ က နံပါတ် ၉ နေရာမှာပဲ ကစား သွားသင့် ပါတယ်။ ဒါဟာ သူ့ရဲ့ သဘာ၀ အလေ့အကျင့် ဖြစ်ပြီး တောင်ပံကို ထုတ်ကစား ခြင်းကတော့ အရည်အသွေးကို ဖြုန်းတီးပစ် တာပါပဲ။ အကယ်၍ ဘာကာတို့ နံပါတ် ၉ အလို ရှိတယ် ဆိုရင် သူ့ကို ခေါ်ယူလိုက်ပါ။ ဒါပေမယ့် သူ့ကို တကယ် အသုံးဝင်မယ့် နေရာမှာ ကစားခိုင်းပါ။” လို့ ဆိုလိုက် ပါတယ်။

ဘရာဇီး လက်ရွေးစင် ရော်ဘတ်တို ဖာမီနို ကတော့ လွန်ခဲ့တဲ့ ၂၀၁၅ က ဟော့ဖန်ဟိုင်း ကနေ ပြောင်းလာ ခဲ့သူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၈ ဧပြီလက ကလပ်နဲ့ အတူ ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆို ထားခဲ့ကာ လက်ရှိ အချိန်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံလောင်း ဖြစ်တဲ့ လီဗာပူး အသင်းကို ချန်ပီယံလိဂ် ဖလား ၊ စူပါဖလား နဲ့ ကလပ် ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူး ထားနိုင် ခဲ့ပြီး ဖြစ်ပါတယ်။

SM