“မက်ဆီ ဒီလို ဖြစ်လာတာဟာ ကံကောင်းလို့ပါ” – ဂျော်ဒီဗင်ယဲလ်

ဘာစီလိုနာ အသင်းရဲ့ လူငယ် အသင်း နည်းပြဟောင်း ဂျော်ဒီ ဗင်ယဲလ် က ပက် ဂွာဒီယိုလာ ဘာကာ နည်းပြ ဖြစ်လာ တာဟာ အသင်းရဲ့ သမိုင်းကို အကြီး အကျယ် ပြောင်းလဲ တိုးတက် စေတဲ့ အလှည့် အပြောင်း ဖြစ်စေ ခဲ့တယ် လို့ ဆိုသွားခဲ့ သလို ဂွာဒီယိုလာ ကြောင့်သာ မဟုတ်ဘူး ဆိုရင် မက်ဆီ ၊ အင်နီယေ စတာ နဲ့ ဇာဗီ တို့ ဟာ ဒီကနေ့ လို အနေ အထားမျိုး မှာ ရှိနေ ဖို့ မသေချာ ပါဘူး လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဂွာဒီယိုလာ ဟာ ၂၀၀၈ ခုနှစ် မှာ အကယ်ဒမီ နည်းပြချုပ် အဖြစ် ကနေ စီနီယာ အသင်း ကို ကိုင်တွယ် ခဲ့ပြီး ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှု တွေ ပြုလုပ် ခဲ့ ပါတယ် ။ ဒီ ပြောင်းလဲမှု တွေ ဟာ ဘာစီလိုနာ ကို ယခင် ကထက် အဆပေါင်း များစွာ ပိုမို တိုးတက် ကောင်းမွန် လာစေခဲ့ပြီး ချန်ပီယံလိဂ် ဖလား ၂ လုံး အပါ အဝင် ဆုဖလားပေါင်း ၁၄ ခု ကို ရယူ ပိုင်ဆိုင် စေခဲ့ ပါတယ် ။

ဂွာဒီယိုလာ ဟာ အသင်း ကို ဂန္ထဝင် နည်းပြကြီး ယိုဟန် ခရပ်ဖ် ရဲ့ လမ်းစဉ် ဖြစ်တဲ့ Total Football ကို အခြေခံ ထားတဲ့ တီကီ တာကာ ကစားပုံ နဲ့ ပုံဖော် ဖို့ စိတ်ကူး ခဲ့ပြီး အသင်းရဲ့ အဓိက ကစား သမားတွေ ဖြစ်တဲ့ ဒေကို နဲ့ ရော်နယ်ဒင်ဟို တို့ ကို ရှင်းထုတ် ပစ်ခဲ့ ပါတယ် ။

အဲ့ဒီ နောက်မှာတော့ အကယ်ဒမီ အသင်းသားလေး မက်ဆီ ၊ လူငယ် ကစား သမား အန်ဒရေ အင်နီယေ စတာ တို့ ကို အသင်းမှာ ပိုမို နေရာပေး လာခဲ့သလို ယခင် နည်းပြတွေ လက်ထက် တုန်းက အရေးပါမှု နည်းပါးခဲ့တဲ့ ဇာဗီ ကိုလည်း တာဝန်ကြီးကြီး တွေ ထမ်းဆောင် စေခဲ့ ပါတယ် ။

ဂျော်ဒီဗင်ယဲလ် ကတော့ မက်ဆီ ၊ အင်နီယေစတာ တို့ ဟာ ဂွာဒီယိုလာ ရောက်လာမှု ကြောင့် ကံကောင်း ခဲ့ကြ သူတွေ ဖြစ်သလို သူတို့ တွေရဲ့ နှိမ့်ချပြီး သည်းခံ တတ်တဲ့ စိတ်နေ စိတ်ထား တွေ ဟာ အခုလို အောင်မြင်မှု တွေ ကို ဆွတ်ခူး နိုင်ခြင်း ရဲ့ အဓိက အချက်တွေ ဖြစ်တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

“အရည် အသွေး ရှိတဲ့ ကစား သမားတွေ က ဒီကနေ့ မှာ ပိုပိုပြီး များလာ ပါပြီ ။ ဘာလို့လည်း ဆိုတော့ အသင်းတွေ ဟာ လူငယ် စီမံကိန်းတွေ ကို ပိုပြီး ရင်းနှီး မြှပ်နှံ လာခဲ့ ကြလို့ပါ ။ ကစား သမားတွေ တင် မဟုတ် ပါဘူး ၊ ဝန်ထမ်းတွေ ၊ နည်းပြတွေ ၊ လေ့ကျင့်ရေး ပစ္စည်း နဲ့ အစားအသောက် ဆိုင်ရာ ပညာရှင်တွေ ကအစ အဆင့်မြင့်အောင် ကြိုးစား ဖြည့်ဆည်း လာကြပါတယ်”

“ဇာဗီ ၊ အင်နီယေစတာ နဲ့ မက်ဆီ တို့ ဟာ တကယ် အရည် အသွေး ကောင်းတဲ့ သူတွေပါ ။ ဒါပေမယ့် ကံလည်း ကောင်းခဲ့တယ် လို့ ပြောချင် ပါတယ် ။ သူတို့ လမ်းစဖောက်မယ့် အချိန်မှာ ဂွာဒီယိုလာ က နည်းပြ ဖြစ်လာတာ လုံး၀ အချိန်ကိုက် ပါပဲ ။ အခြား နည်းပြ တစ်ယောက် ဆိုရင် ဒီလို ဖြစ်ချင် မှ ဖြစ်လာမှာပါ”

“အကယ်ဒမီ မှာ မက်ဆီ ဟာ နံပါတ် ၁ မဟုတ်ပါဘူး ။ ဒါကို အတော်များများ သိပါတယ် ။ ဒါပေမယ့် မက်ဆီ ဟာ စိတ်ရှည် သည်းခံ ပြီး ကြိုးစားတဲ့ ကောင်လေးပါ ။ ဒါကြောင့်လည်း သူ အောင်မြင် လာခဲ့ တာပါ ။ ဘောလုံး မှာ စိတ်ရှည် သည်းခံ နိုင်ဖို့ က အရမ်း အရေးကြီး ပါတယ် ။ အထူး သဖြင့် လူငယ်တွေ အတွက်ပေါ့” လို့ ဂျော်ဒီ ဗင်ယဲလ် က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဂွာဒီယိုလာ ဟာ အသင်းရဲ့ လာမာစီယာ အကယ် ဒမီ ကလည်း အဆင့်မြှင့်တင် ဖို့ ကြိုးပမ်း ခဲ့ ကြောင်း ဗင်ယဲလ် က ပြောဆို ခဲ့သလို လက်ရှိ စီနီယာ အသင်းမှာ နေရာ ရရှိလာတဲ့ အန်ဆုဖာတီ ၊ ရီကွီပစ်ဂ် နဲ့ ကားလက်စ် အေလီနာ တို့ ဟာလည်း အနာဂါတ် ကောင်းတွေ ပိုင်ဆိုင် ထားတာကြောင့် သေချာ စဉ်းစားပြီး လှမ်းလျောက် သင့်ကြောင်း ဗင်ယဲလ် က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR