ဘယ်အသင်းကို အနိုင်ယူရတာ အပျော်ဆုံး ဖြစ်ခဲ့လဲ ၊ ရင်ဆိုင်ဖို့ မစိုးရိမ်မိခဲ့တဲ့ အသင်း ၊ အနိုင်ရမယ်လို့ ယုံကြည် နေခဲ့တဲ့ အသင်း အမည်ကို ဖွင့်ပြောလိုက်တဲ့ အီဗရာ

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဘယ် နောက်ခံ ကစား သမား ဟောင်း ဖြစ်သူ ပတ်ထရစ် အီဗရာ က အိုးလ် ထရပ်ဖို့ဒ် မှာ ရှိနေ ခဲ့တဲ့ အချိန် ကာလ အတွင်း အာဆင်နယ် အသင်း ကို ရင်ဆိုင် ကစားဖို့ စိုးရိမ်စိတ် လုံးဝ မဖြစ်ခဲ့ မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ပြင်သစ် လက်ရွေးစင် ဘယ် ခံစစ် ကစားသမား ဟောင်း ဖြစ်သူ ဟာ ယူနိုက်တက် အသင်း မှာ ကစား ခဲ့စဉ် အချိန် ကာလ အတွင်း ဆုဖလား အောင်မြင်မှု တွေ များစွာ ရယူ ထားနိုင် ခဲ့ပါတယ် ။ ဒါ့အပြင် အဆိုပါ အချိန် တုန်းက ယူနိုက်တက် အသင်း ဟာ အင်္ဂလန် ရဲ့ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။

အီဗရာ ဟာ ယူနိုက်တက် အသင်း နဲ့ အတူ ပရီးမီးယား လိဂ် ဖလား 5 ကြိမ် နဲ့ ချန်ပီယံ လိဂ် ဖလား တွေကို ရယူ နိုင်ခဲ့ သလို အာဆင်နယ် အသင်း ကို အိုးလ် ထရပ်ဖို့ဒ် မှာ 8 – 2 နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် ၊ ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် အဆင့် မှာ ကျော်ဖြတ် ခဲ့တဲ့ ပွဲစဉ် တွေမှာ ပါဝင်နိုင် ခဲ့သူပဲ ဖြစ်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ကစားသမား ဘဝ အတွင်း အာဆင်နယ် အသင်း ကို အနိုင်ယူ ခဲ့ရခြင်း က ပျော်စရာ အကောင်းဆုံး ပွဲစဉ် တွေ ဖြစ်ခဲ့ကြောင်း ၊ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ပွဲစဉ်တိုင်း အတွက် အနိုင်ယူ ပြဖို့ သူ့ဆီ မှာ ယုံကြည်မုှ တွေ အမြဲတမ်း ရှိနေ ခဲ့ကြောင်း အီဗရာ က ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။

” အာဆင်နယ် ပါပဲ ။ ကျွန်တော့် ရဲ့ အယူအဆ ကို ပြောပြ ပါ့မယ် ။ မန်စီးတီး … မန်စီးတီး အသင်း ကို အနိုင်ယူ ရခြင်း က မြို့ခံ ပြိုင်ဖက် ကို အနိုင်ယူ ရခြင်း ပါပဲ ။ သူတို့ တွေဟာ အရမ်း ဆူညံတဲ့ အိမ်နီးနားချင်း တွေ ပါပဲ ။ ဒါ့ကြောင့် သူတို့ ကို အနိုင်ယူပြီး တိတ်ဆိတ် စေခြင်း က ကျွန်တော် တို့ အတွက် OK စေခဲ့ ပါတယ် ”

” ချဲလ်ဆီး ကို အနိုင် ရခြင်း ကတော့ ကျွန်တော် တို့ဟာ လိဂ် ဖလား ကို ဆွတ်ခူး နိုင်ပြီ ဆိုတဲ့ ခံစားချက် ကို ဖြစ်ပေါ် စေခဲ့ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ချဲလ်ဆီး ဟာ ကျွန်တော် တို့နဲ့ အနီးစပ်ဆုံး တူညီတဲ့ အသင်း ဖြစ်ခဲ့လို့ ပါပဲ ။ ကျွန်တော် ဆိုလို ချင်တာက သူတို့ ရဲ့ စိတ်ဓါတ်ပိုင်း ၊ ရုပ်ပိုင်း ၊ စရိုက် လက္ခဏာ ၊ လေ့ကျင့်မှု ၊ အင်အား နဲ့ လျင်မြန်မှု တွေ ကျွန်တော် တို့လို တူညီ ခဲ့တယ် လို့ ဆိုလို ချင်တာ ပါပဲ ”

” အာဆင်နယ် … ယူနိုက်တက် အသင်း ဆီကို ဗန်ပါစီ ရောက်ရှိ ခဲ့စဉ် တုန်းက ‘ လုပ်စမ်းပါ ပတ်ထရစ် ရဲ့ ၊ အလုပ် တွေ လုပ်စမ်းပါ ။ ခင်ဗျား ဟာ ကစားသမား တွေကို စိတ်ဓါတ် တက်ကြွအောင် လုပ်ပေး ရမယ် လေ ။ ဒါက အရေးကြီတဲ့ ပွဲစဉ် တစ်ပွဲ ပဲ ‘ လို့ ကျွန်တော့် ကို ပြောကြား ခဲ့ ပါတယ် ”

” ကျွန်တော် က ‘ ရော်ဘင်ရေ ၊ မစိုးရိမ် နဲ့ ။ ဒါက ငါ့ ကောင်လေး တွေပါ ။ ငါတို့ ဒီပွဲကို အလွယ်တကူ အနိုင်ရ လိမ့်မယ် ‘ လို့ သူ့ကို ပြန်ပြောခဲ့ ပါတယ် ။ ပြီးတော့ ကျွန်တော် တို့ တစ်ကယ်ပဲ အနိုင် ရရှိ ခဲ့ကြ ပါတယ် ။ ခင်ဗျား မှတ်မိ သေးလား မသိဘူး ။ အဲ့တာက ချန်ပီယံ လိဂ် ပွဲစဉ် ကစား ပြီးချိန် ထင်တယ် ၊ 2009 တုန်းက ကျွန်တော် တို့ အမ်းမရိတ် မှာ အာဆင်နယ် ကို 3 – 1 နဲ့ အနိုင်ယူ အပြီး ကျွန်တော် က ဒီလို မှတ်ချက်မျိုး ပေးခဲ့ ပါသေးတယ် ”

” ကျွန်တော် တို့က ပက်ဂျီဆန် ၊ ရွန်းနီ ၊ ရော်နယ်ဒို တို့နဲ့ အတူ လှပ သေသပ်တဲ့ ကောင်တာ ဂိုးကို သွင်းယူ နိုင်ခဲ့ ကြပါ သေးတယ် ။ အဲ့ဒီ ပွဲစဉ် ပြီးတာနဲ့ ပြင်သစ် သတင်းစာ တစ်ခု က ပွဲစဉ် ရဲ့ ဘောလုံး ဒသန နဲ့ ပွဲ ရလဒ် နဲ့က တစ်ခြားစီ ဖြစ်နေ သလို ပါပဲ ဆိုပြီးတော့ တောင်မှ မှတ်ချက် ပေးခဲ့ပါ သေးတယ် ”

” ကျွန်တော် ကတော့ ‘ ခင်ဗျား အတည် ပြောနေတာ လား ? ကျွန်တော် ကတော့ ဒီပွဲကို ယောကျာ်းကြီး 11 ယောက်နဲ့ ကလေး 11 ယောက် ကစားတဲ့ ပွဲစဉ် လို့တောင် ခံစား ခဲ့ရတယ် ‘ လို့ ပြန်လည် တုန့်ပြန် မိခဲ့ ပါတယ် ။ နောက် တစ်နေ့ ကျတော့ အဲ့ဒီ မီဒီယာ က သတင်းစာ ထဲမှာ ‘ ပတ်ထရစ် က အာဆင်နယ် ကို ကလေး တွေလို့ ပြောခဲ့တယ် ‘ ဆိုပြီး ဖွခဲ့ပါ သေးတယ် ”

” အဲ့တာက ပွဲစဉ် အပေါ် ကျွန်တော့် ရဲ့ ခံစားချက် သပ်သပ်ပါ ။ ကျွန်တော် ဒီ အသင်းကို အရမ်းပဲ လေးစား ပါတယ် ။ ဒါပေမယ့် သူတို့ တွေနဲ့ ရင်ဆိုင် ကစား ရတဲ့ အခါတိုင်း ကျွန်တော်က အဲ့ဒီလို ခံစားချက် ကို ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ အနိုင် ရမယ် ဆိုတာ ကြိုတင် သိရှိ နေခဲ့ ရလို ပါပဲ ”

” ကျွန်တော် ရိုးရိုးသားသား ပြောပါရစေ၊ ကျွန်တော် ဒီ ကစား သမား တစ်ယောက် နဲ့ ရင်ဆိုင် ကစားနေ ရတယ် ၊ ပွဲချိန် 34 မိနစ် မှာ သူက လာပြီး ‘ ပတ်ထရစ် ရေ ၊ ပထမပိုင်း ပြီးရင် ငါတို့ ဂျာစီ လဲကြ ရအောင် ‘ လို့ လာပြောရင် ကျွန်တော် က ‘ အိုကေ လေ ၊ ငါတို့က ဒီပွဲကို အလိုအလျောက် နိုင်နေပြီးသားပါ ‘ လို့ပဲ တွေးတော နေခဲ့ ပါတယ် ” လို့ အီဗရာ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar