ဒိုင်လူကြီး လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ရင်ဆိုင်ခဲ့ဖူးတဲ့ အကြီးကြယ်ဆုံး ကစားသမား ၅ ဦးကို ပြောပြလိုက်တဲ့ မက်ကလန်တန်ဘတ်

ဘောလုံး လောကရဲ့ နာမည်ကြီး ကစားသမားတွေကို ကိုင်တွယ် ရတာဟာ ဒိုင်လူကြီးတွေ အတွက် ကြီးမားတဲ့ ဖိအား တစ်ခု ပါပဲ။ ဒါပေမယ့် မက်ကလန်တန်ဘတ် ဟာ ဘောလုံးလောကရဲ့ ဂန္တဝင်တွေနဲ့ ထိပ်တိုက် တွေ့ဆုံ ခဲ့မှုကို နှစ်သက် နေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းဟာ သူ့ရဲ့ ဒိုင်လူကြီး ဘဝမှာ ချန်ပီယံလိဂ် ဖိုင်နယ် ၊ ယူရို ၂၀၁၆ ဖိုင်နယ် အပြင် ၂၀၁၂ အိုလံပစ် ဖိုင်နယ် ပွဲကြီး တွေကို ကိုင်တွယ် ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒီပွဲစဉ်တွေ အပြင် ပရီးမီးယားလိဂ် မှာလည်း ၂၉၂ ပွဲ ကိုင်တွယ် ခဲ့ဖူးသူ မက်ကလန်တန်ဘတ် ဟာ သူ တွေ့ဆုံဖူးတဲ့ သူတွေထဲက အကြီးကြယ်ဆုံး ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁~ စီရော်နယ်ဒို
ကျန်တဲ့ သူတွေ အားလုံးထက် သူ့ကို နှစ်သက်တဲ့ အရာ တစ်ခုကတော့ အသင်းဘက်က စိတ်ဓာတ်ပိုင်း ခြေစွမ်းပိုင်း ကျဆင်း နေချိန်မှာ သူ့ရဲ့ ပြန်လည် မြှင့်တင်ပေးတဲ့ စွမ်းရည် ဖြစ်ပါတယ်။ ကျွန်တော် သူ့ကို ပရီးမီးယားလိဂ် မှာ ကိုင်တွယ် ခဲ့ဖူးပြီး အဲဒီနောက် ရီးရဲယ်မက်ဒရစ်ပေါ့။ သူဟာ အမြဲတမ်း ကယ်တင်ပေးလေ့ ရှိပါတယ်။ ကျွန်တော်ဟာ ပွဲတစ်ပွဲကို ချက်ချင်း အပြောင်းအလဲ လုပ်နိုင်တဲ့ အနှိုင်းမဲ့ ကစားသမား တစ်ဦးနဲ့ တစ်ကွင်းထဲမှာ ရှိခဲ့ဖူးတာပါ။

ကျွန်တော် သူနဲ့ ဆက်ဆံရေး ကောင်းပါတယ်။ ယူရို ၂၀၁၆ ဖိုင်နယ် အပြီး ကျွန်တော် ဆုတံဆိပ် တက်ယူတဲ့ အချိန်တုန်းက သူ ကျွန်တော့်ကို လာဖက် ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရခဲ့တဲ့ လေးစားမှု အတိုင်းအတာ ပါပဲ။ ဖိုင်နယ်မှာ သူ စောာစောစီးစီး ဒဏ်ရာ ရခဲ့တာကို ကျွန်တော် စိတ်ပျက် ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲမှာ ကြီးကြယ်တဲ့ ကစားသမားတစ်ဦးကို ဆုံးရှုံး လိုက်ရတာပဲ မဟုတ်လား။

ဒါပေမယ့် ကျွန်တော် သူ့ကို အခြားသူတွေနဲ့ တန်းတူပဲ ဆက်ဆံပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ ဆက်ဆံရေး ကောင်းတာလို့ ထင်ပါတယ်။ တစ်ပွဲမှာတုန်းက ကျွန်တော့် အဝတ်လဲခန်းထဲကို ဆုတောင်းစကားတွေ ပါနေတဲ့ သူ့ရဲ့ အကျီ ရောက်လာခဲ့ပါတယ်။ ကျွန်တော် ဒါကို မတောင်းခဲ့ပါဘူး။ ဒါဟာ ကောင်းမွန်တဲ့ လုပ်ဆောင်မှု ပါပဲ။ ရီးရဲယ်မက်ဒရစ် ပွဲစဉ်ကို တာဝန်ယူတုန်းက ဂိုးတစ်ဂိုးကို မှတ်မိနေပါသေးတယ်။ ထောင့်ကန်ဘော ကနေ ကာဆီးလက် ဘောလုံး ရသွားပြီး pass ၃ ခု နဲ့တင် သူ ဂိုးရသွားခဲ့ပါတယ်။ ကျွန်တော် ကွင်းတစ်ဝက်တောင် မရောက်သေးပါဘူး။ ဒါဟာ ရော်နယ်ဒို ကြီးကြယ်တဲ့ ကစားသမားတစ်ဦး လုပ်နိုင်စွမ်း ရှိတဲ့ အရာပါပဲ။ သူဟာ အရမ်းကို မြန်ပြီး အဆုံးသတ် တိကျပါတယ်။

မက်ဆီ

ကျွန်တော် မက်ဆီကို ပထမဦးဆုံး ကိုင်တွယ် တုန်းက သူ့ရဲ့ ခြေစွမ်းကို အတော် အံ့အားသင့်ခဲ့ ရပါတယ်။ ဘာကာ နဲ့ ပီအက်ဂျီ တို့ရဲ့ ပွဲစဉ် ဖြစ်ပြီး ‘oh my god, မယုံကြည်နိုင်စရာပဲ’ လို့ ကျွန်တော် တွေးခဲ့ပါတယ်။ ဒိုင်လူကြီးဟာ ဘောလုံးကိုပဲ ကြည့်နေရပါတယ်။ သူ့နဲ့ကျတော့ ဘောလုံးတောင် ပျောက်ရင် ပျောက်နေတက်ပါတယ်။ နောက်ခံလူတွေ ဘယ်လို ဖြစ်မလဲ ဆိုတာ ခန့်မှန်းကြည့်ပေါ့ဗျာ။ သူ ဘောလုံးရချိန်မှာ ကျွန်တော့်ရဲ့ အကဲဖြတ်မှုကို ပြောင်းခဲ့ရပါတယ်။ သူဟာ အရမ်းကို အလိမ်အခေါက် ကောင်းတာကြောင့် ပြိုင်ဘက်တွေဟာ သူ့ကို ပုံစံအမျိုးမျိုးနဲ့ တားဆီးကြပြီး တစ်ခါတစ်ရံ သူ့ရဲ့ ခြေထောက်ကို foul လုပ်ပြီး တစ်ခါတစ်ရံ သူ့ကို အပေါ်ပိုင်းကို foul လုပ်ပါတယ်။

ပီအက်ဂျီ နဲ့ ပွဲတုန်းကပဲ ပြိုင်ဘက် ခြေထောက်ကို နင်းခဲ့တဲ့ အတွက် ကျွန်တော် သူ့ကို သတိပေးခဲ့ပါတယ်။ ဒါပေမယ့် သူ ဘာမှ ပြန်မပြောပါဘူး။ သူဟာ ဘယ်တော့မှာ ပြန်စောဒကတက်တာ မလုပ်ပါဘူး။ ဒါဟာ သူပါပဲ။ ဒါပေမယ့် ဒိုင်လူကြီး တစ်ဦး အနေနဲ့ သူနဲ့ တစ်ကွင်းထဲမှာ ရှိဖို့ ဆန္ဒရှိပါတယ်။ ဘာလို့လဲ ဆိုတေ့ ဒီပွဲဟာ စပယ်ရှယ် ဖြစ်မယ် ဆိုတာ ကိုယ့်ဘက်က သိနေလို့ပါ။

လူးဝစ်ဆွာရက်

သူနဲ့ ပထမဦးဆုံး တွေ့ခဲ့တာက အိုင်ယက်မှာပါ။ သူ ၄ ဂိုးတောင် သွင်းခဲ့ပါတယ်။ ‘ကောင်းလိုက်တဲ့ ကစားသမား ၊ သူဟာ မယုံနိုင်စရာပဲ’ လို့ ကျွန်တော် သူငယ်ချင်းတွေကို ပြောဖြစ်ခဲ့ပါတယ်။ သူဟာ ဒီယေဂိုကော်စတာလိုမျိုး ညစ်ကျယ်ကျယ် လုပ်တာတွေ ရှိပါတယ်။ ဒါပေမယ့် သူဟာ အရည်အသွေး အတော် မြင့်မားသူပါ။ လီဗာပူး သူ့ကို ခေါ်ယူလိုက်တုန်းက ကျွန်တော် စိတ်လှုပ်ရှား ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ပရီးမီးယားလိဂ် က ရလိုက်တဲ့ အရမ်း ကောင်းတဲ့ ကစားသမား ဆိုတာ ကျွန်တော် သိနေလို့ပါပဲ။ သူ ညစ်ကျယ်ကျယ် ကစားတာတွေကိုလည်း ကိုယ့်ဘက်က ကိုင်တွယ် တက်ရပါမယ်။

သူဟာ စပိန် ဘာသာစကားနဲ့ ဟိုပြောဒီပြော အမြဲလုပ်တက် ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ကမ္ဘာပတ်ပြီး ဒိုင် လုပ်ခဲ့တာပါ။ ကျွန်တော် ဆဲတဲ့ စကားတွေကို သိပါတယ်။ ဒါ့ကြောင့် ကျွန်တော့် သူ့ကို ၁ ခွန်း ၂ ခွန်း ပြန်ပြောလိုက်တဲ့ အခါ သူ အတော် အံံံ့သြ ခဲ့ပါတယ်။ လူတွေက laws of the game ကို ပြောကြပါတယ်။ အိုကေပါ။ ဒါပေမယ့် ကျွန်တော့် အတွက် ကတော့ ပွဲနဲ့ ကစားသမားတွေကို management လုပ်ရတာ ပိုအရေးပါပါတယ်။ ပွဲရဲ့ အကောင်းဆုံး ဆိုတာတွေကို ထွက်ပေါ် လာအောင် ကူညီ ပေးရပါတယ်။ ဆွာရက်လို ကစားသမားတွေကို ဘယ်လို ကိုင်တွယ် ရမလဲ ဆိုတာ သိဖို့ လိုပါတယ်။ အကယ်၍ ဒီလို မလုပ်နိုင်ဘူး ဆိုရင် ကိုယ့်ကို ပြသနာ ပိုများ စေပါတယ်။

ကွန်ပနီ

ပရီးမီးယားလိဂ် မှာ မြင်ခဲ့ူးတဲ့ အကောင်းဆုံး ဗဟို နောက်ခံလူလို့ ဆိုနိုင်ပါတယ်။ ကျွန်တော့် သူ့ကို အများကြီး လေးစားပါတယ်။ သူဟာ ဒိုင်လူကြီး တွေကို အားပေးတက်တဲ့ အပြင် လေးစားမှု ရှိရှိ စကား ပြောပါတယ်။ ကျွန်တော် သူ့ကို ထုတ်ပယ် ခဲ့ဖူးပါတယ်။ တစ်ပွဲတုန်းက ကျွန်တော် ပထမပိုင်းမှာ အမှား လုပ်ခဲ့ပါတယ်။ ပထမပိုင်း အပြီး ပြန်ထွက်လာတော့ သူက “မက်..ကစားသမားတွေ အမှားလုပ်ကြသလို ဒိုင်လူကြီးလည်း အမှား ရှိတာ ပါပဲ..မေ့လိုက်ပါ။ လုပ်စရာ ရှိတာ လုပ်ပါ’ ဆိုပြီး ပြောခဲ့ပါတယ်။ သူက ဒီလို ကစားသမားမျိုးပါ။

ဘယ်ဂျီယံ နဲ့ အစ္စရေး ပွဲတုန်းက ကျွန်တော် သူ့ကို ထုတ်ပယ် ခဲ့ဖူးပါတယ်။ ဒါကို သူလက်ခံ ပါတယ်။ နောက်တစ်ပတ် ကြာတော့ မန်ချက်စတာဒါဘီမှာ သူနဲ့ ကျွန်တော် ပြန်တွေ့ ပါတယ်။ ပထမပိုင်းက အဖြစ်အပျက် တစ်ခု ထင်ပါတယ်။ သူ ခြေချော်ပြီး လျှောထိုးသလို ဖြစ်သွား ခဲ့တာပါ။ အဲဒီအချိန်က အတော်ဆိုးတဲ့ ပုံစံပါပဲ။ ကျွန်တော် လက်ထောက်ဆီကို သွားခဲ့ပြီး တိုင်ပင် ခဲ့ရာမှာ အဝါကတ်ပဲ ပြသင့်တယ်လို့ သူက ပြန်ပြော ခဲ့ပါတယ်။ ကွန်ပနီ ကတော့ ဒဏ်ရာကြောင့် လူစားလဲခဲ့ ရပါတယ်။ ဒါပေမယ့် သူ ကျွန်တော့်ဆီကို လာပြီး ‘ဒီအတွက် ကျေးဇူးတင်ပါတယ်။ တစ်ပတ်အတွင်း ဒုတိယ အနီကတ် မလိုပါဘူး။’ ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ် ကနေ ထွက်ခွာခဲ့ပြီးနောက် သူ့ရဲ့ နှုတ်ဆက်ပွဲကို လာကစား ပေးမလား ဆိုပြီး သူ ဖုန်းခေါ် ခဲ့ပါတယ်။ ကျွန်တော် တရုတ်မှာ ပွဲတစ်ပွဲကို ကိုင်တွယ် ရမှာ မို့လို့ ငြင်းပယ် ခဲ့ရပါတယ်။

ဂယ်ရီစပိ

ကျွန်တော် ပရီးမီးယားလိဂ် မှာ စတင် ခြေချ လာခါစက ဖိအား အတော် များခဲ့ပါတယ်။ ဒါပေမယ့် ဂယ်ရီဟာ ကျွန်တော့်ကို အများကြီး လွယ်ကူ စေခဲ့ပါတယ်။ သူဟာ ဆုံးဖြတ်ချက် တွေကို လှိုက်လဲှစွာ ချီးကျူး ခဲ့ပါတယ်။ အမှား လုပ်ခဲ့တယ် ဆိုရင်တောင် သူက ဒါကို ချန်ထား ခဲ့ဖို့ လာပြောပါတယ်။ သူဟာ တကယ့်ကို လူကြီးလူကောင်း ပါပဲ။ ကိုယ့်ကို မကူညီတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ဘယ်လီမီ လိုပေါ့။ သူဟာ ပွဲအတွင်း တောက်လျှောက်ကို ဆဲဆို နေတာပါပဲ။ ဒါဟာ ခက်ခဲပါတယ်။

လူတွေ ကတော့ ဂယ်ရီ ဒီလို လူကြီးလူကောင်း ပီသတာတွေကို သိကြမှာ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ ဒါဟာ ကစားသမားတွေ ပြုမူသင့်တဲ့ ပုံစံလို့ ယူဆပါတယ်။ ကြီးကြယ်တဲ့ ဘောလုံးသမားတွေဟာ အခြားသူတွေကို ကူညီတဲ့ အပြင် လူသား ပီသတယ် ဆိုတာ ပြသကြပါတယ်။ သူဟာ အရမ်း ကောင်းတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ကွင်းလယ် ကနေ ပွဲကို ကောင်းကောင်း ထိန်းကျောင်း ပေးသူ ဖြစ်ပြီး ဂိုးတွေ သွင်းယူ နိုင်သလို ခံစစ်ကိုလည်း ကူပေး နိုင်ပါတယ်။ ကျွန်တော် သူ့ကို တစ်ခါမှ အဝါကတ် မပြဖူးဘူးလို့ ထင်ပါတယ်။ သူဟာ ကျွန်တော်တို့ အားလုံး အတွက် စံပြပုဂ္ဂိုလ် ပါပဲ။

SPORTS MYANMAR