ချယ်လ်ဆီး အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့စဉ် က နာမည်ကြီး ဓာတ်ပုံ တပုံ အကြောင်း အမှတ်တရ အနေနဲ့ ပြန်ပြောင်း ပြောပြလာတဲ့ #ခရက်စပို

အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ဟာနန် ခရက်စပို ဟာ ၂၀၀၃ – ၂၀၀၄ ဘောလုံး ရာသီ မှာ အင်တာမီလန် အသင်း ကနေ ချယ်လ်ဆီး အသင်း ထံသို့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ၊ ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုလည်း ၂ကြိမ် ဆွတ်ခူး နိုင်ခဲ့ပါတယ် ။

ပေါ်တူဂီ လူမျိုး နည်းပြ ဟိုဆေး မော်ရင်ဟို စရောက်ရောက်ချင်း ရာသီ မှာတော့ ချယ်လ်ဆီး အတွက် သိပ်ပြီး ကစားခွင့် မရခဲ့ပေမယ့် ၊ ဒုတိယ ရာသီ မှာတော့ ခရက်စပို ဟာ ချယ်လ်ဆီး အသင်း အတွက် စုစုပေါင်း ပရီးမီးယားလိဂ် ပွဲ ၃၀ ကစားပေးခဲ့ကာ ၊ ၁၀ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။

ဒါကြောင့်မို့ ၂၀၀၅ – ၂၀၀၆ ဘောလုံး ရာသီ မှာ ခရက်စပို ဟာ ချယ်လ်ဆီး အသင်း ရဲ့ အောင်မြင်မှု မှာ ကြီးကျယ်တဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ထို နှစ်မှာ ချယ်လ်ဆီး အသင်း ဟာ ၂ထပ်ကွမ်း ပရီးမီးယားလိဂ် ချန်ပီယံဆု ကို အနီးကပ် ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် ကို ၈မှတ် အထိ ဖြတ်ကာ ရရှိခဲ့ခြင်း ဖြစ်ပါတယ် ။

ဖလား အပ်နှင်းပွဲ အခမ်းအနား အပြီးမှာတော့ ခရက်စပို ဟာ အဝတ်လဲခန်း ထဲမှာ သူ့ရဲ့ ပရီးမီးယားလိဂ် ဆုတံဆိပ် ကို အမြတ်တနိုး ကြည့်နေခဲ့ကာ ၊ ဒီ အခိုက်အတန့် ကို ဓာတ်ပုံဆရာ တယောက် က အမိအရ ရိုက်နိုင်ခဲ့ပါတယ် ။ ဒီ ဓာတ်ပုံ ဟာလည်း ၎င်း အတွက် နာမည်ကျော် ဓာတ်ပုံ တပုံ ဆိုရင်လည်း မမှားပါဘူး ။

ဒီ ဓာတ်ပုံ ဟာ သူ့ အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အပေါ် ဘယ်လောက်ထိ နှစ်သက် မြတ်နိုးတဲ့ အကြောင်း နဲ့ ဘယ်လောက် အထိ ပျော်ရွှင် ကြည်နူးမိတဲ့ အကြောင်း ဖော်ပြနေတယ် လို့ ခရက်စပို က အခုလို ရှင်းပြခဲ့ပါတယ် ။

ခရက်စပို က ” ဒီ ဓာတ်ပုံ ဟာ ကျွန်တော် ပရီးမီးယားလိဂ် ဆုတံဆိပ် နဲ့ ပတ်သက်ပြီး ဘယ်လောက် အထိ အားရ ကျေနပ်နေလဲ ဆိုတာကို ကောင်းကောင်း ဖော်ပြနေပါတယ် ။ တခြား သူတွေ ချန်ပီယံဆု အတွက် ဝိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး အောင်ပွဲ ခံနေကြချိန် မှာ ကျွန်တော် ဟာ တယောက်တည်း အဝတ်လဲခန်း ထဲမှာ ကိုယ့်ကိုယ်ကို ဂုဏ်ပြု နေခဲ့ပါတယ် ။ ”

” ဒါဟာ နည်းနည်းတော့ ထူးဆန်းတဲ့ အပြုအမူ လို့ ကျွန်တော့ ကို ထင်ကောင်း ထင်နိုင်ကြပါတယ် ။ ဒါပေမယ့် ကျွန်တော် ဒီ ဆုတံဆိပ် ကို ကြည့်မိတဲ့ အခါ စဉ်းစားလိုက်မိတာ က ‘ ငါ လုပ်နိုင်ခဲ့ပြီ ၊ ဘယ်လောက်ကောင်းလိုက်တဲ့ ဆုတံဆိပ်လဲ ‘ ဆိုပြီး တွေးပျော်ခဲ့မိပါတယ် ။ ဘောလုံး ရာသီ တခု မှာ ပြင်းပြင်းထန်ထန် ကြိုးစားတယ် ဆိုတာ ဒီလို အောင်မြင်မှု တွေ ရဖို့ အတွက်ပါ ။ ”

” အောင်မြင်မှု တွေ ဆိုတာ တသင်းလုံး တက်ညီလက်ညီ ပူးပေါင်းမှ ဖြစ်တာပါ ။ ဒီ အောင်မြင်မှု တွေမှာ နောက်ကွယ်က ပံ့ပိုးပေးတဲ့ ဂျာစီ စီစဉ်ပေးသူ ၊ အနှိပ်နှိပ်ပေးသူ ၊ ပရိသတ် တွေ အားလုံး ပါဝင်ပါတယ် ။ တကယ့် ပျော်ရွှင်စရာ အခိုက်အတန့်လေးလည်း ဖြစ်ပါတယ် ။ အောင်မြင်မှု တွေဟာ တချို့သော ကံကောင်းတဲ့ လူတွေ အတွက် ဖြစ်ပါတယ် ။ ”

” ဒါကြောင့်လည်း ကျွန်တော် ဟာ အသင်းဖော်တိုင်း ကို အောင်မြင်မှု ဟာ ဘယ်လောက်ထိ အပျော်တွေကို ပြန့်စေနိုင်လဲ ဆိုတာ ရှင်းပြဖို့ ကြိုးစားခဲ့ရခြင်း ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ဟာ ကိုယ့် အသင်း ကို တမူထူးခြားတဲ့ နည်းလမ်း နဲ့ ပွဲကို ချဉ်းကပ်စေချင်ခဲ့တာပါ ။ ကိုယ့်ရဲ့ ပြိုင်ဖက် တွေကို တလေးတစား ယှဉ်ပြိုင်ဖို့ပါ ။ ”

” ဒီလို ကြီးကျယ်တဲ့ အောင်မြင်မှုတွေကြောင့်ပဲ ခင်ဗျား ဟာ သတိမထားမိလိုက်ပဲ ၊ လူတွေရဲ့ အာရုံစိုက်ခြင်း ၊ အတုယူ လေးစားခြင်း တွေကို ရရှိလာတာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချယ်လ်ဆီး ကနေ ထွက်ခွာပြီးနောက်မှာတော့ ခရက်စပို ဟာ အသင်းဟောင်း အင်တာမီလန် ၊ ဂျီနိုအာ ၊ ပါးမား အသင်း တွေမှာ ဆက်လက် ကစားခဲ့ပါတယ် ။

SPORTS MYANMAR