ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာနိုင်မယ့် အသင်းဖော် အမည်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့မာတစ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ် က အသင်းဖော် တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ကမ္ဘာ့ အကောင်းဆံုံး ကစားသမား တစ်ဦး ဖြစ်လာ နိုင်လိမ့်မယ် လို့ ထင်မှတ် ထာကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ရပ်ရှ်ဖို့ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ 31 ပွဲထိ ကစား ပေးထား ခဲ့ရာမှာ ကိုယ်တိုင် 19 ဂိုး သွင်းယူ ထားနိုင် ခဲ့ပြီး အသင်းဖော် တွေ အတွက် 5 ကြိမ် အထိ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။ ဒါဟာ သူ့အတွက် တော့ ကစားသမား ဘဝ ရဲ့ အကောင်းဆုံး ဘောလုံး ရာသီ ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမယ့် သူဟာ နောက်ကျောမှာ အရိုးအက်တဲ့ ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့ ရတဲ့ အတွက် ဇန်နဝါရီ လ တုန်းက FA ဖလား ပြိုင်ပွဲ တတိယ အဆင့် မှာ ဝုလ်ဗ် အသင်း ကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ နောက်ပိုင်း အသင်း အတွက် ပြန်လည် ကစား ပေးခွင့် ဆုံးရှုံး ထားသူ ပဲ ဖြစ်ခဲ့ရ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ကမ္ဘာ့ အနှံ့ ကူးစက် ရောဂါ ပျံ့ပွာ နေခဲ့မှု တွေကြောင့် ဘောလုံး ပွဲစဉ် တွေကို ကစားခွင့် ခေတ္တ ရပ်နား ထားခဲ့ ရပါတယ် ။ ဒီလို အချိန် မှာ တစ်ကိုယ်တော် လေ့ကျင့်မှု တွေကို လုပ်ဆောင် နေခဲ့တဲ့ ရပ်ရှ်ဖို့ ဟာ ဒဏ်ရာ ပြသနာမှ အပြည့်အဝ ပြန်လည် သက်သာ ကောင်းမွန် လာခဲ့ ပါပြီ ။

လက်ရှိ ထွက်ပေါ် နေတဲ့ သတင်းတွေ အရတော့ ပရီးမီးယား လိဂ် ပြိုင်ပွဲ ကို အနည်းဆုံး ဇွန်လ အလယ် လောက်မှ ပြန်လည် ကျင်းပ နိုင်ဖွယ် ရှိနေတယ် လို့ သိရ ပါတယ် ။ ဒီလို အချိန် မှာတော့ Guardian သတင်း ဌာနမှ ယူနိုက်တက် အသင်း ရဲ့ အကောင်းဆုံး ကစားသမား က ဘယ်သူလဲ လို့ မေးမြန်း လိုက်ရာ …

” ကျွန်တော် တို့ အသင်း မှာ ရှေ့ဆက် တိုးတက် ကောင်းမွန် လာကြမယ့် လူငယ် ကစားသမား လေးတွေ အများကြီး ပါပဲ ။ ဒါပေမယ့် သူတို့ အားလုံးက အခုချိန် အထိ ထိပ်ဆုံး နေရာ တစ်ခု ကို မရောက်နိုင် ကြသေး ပါဘူး ။ အဲ့ဒီ ထဲမှာ မားကပ်စ် ရပ်ရှ်ဖို့ က ကစားတဲ့ နေရာ မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်နိုင်မယ့် စွမ်းရည် တွေကို ပိုင်ဆိုင် ထားသူ ပါပဲ ”

” သူဟာ အခု အချိန် အထိ ဆက်လက် တိုးတက် ကောင်းမွန် ဖို့ တာစူ နေသေးဆဲ ကစားသမား တစ်ဦး ပါပဲ ။ ထိပ်ဆုံး အဆင့် တစ်ခု ကို ရောက်ရှိ နိုင်ဖို့ လိုအပ် နေတဲ့ အရည်အသွေး တိုင်း သူ့ဆီ မှာ ရှိနေ ပါတယ် ” လို့ နီမန်ဂျာ မာတစ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဘောလုံး ပွဲစဉ် တွေကို ရပ်နားခြင်း မရှိခဲ့ သေးတဲ့ အချိန် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြိုင်ပွဲစုံ 11 ပွဲဆက် အထိ ရှုံးပွဲ မရှိ သေးတဲ့ မှတ်တမ်းကောင်း တစ်ရပ် ကို ပိုင်ဆိုင် ထားနိုင်ခဲ့ သလို 9 ပွဲ အထိ Clean Sheet ရယူ နိုင်ခဲ့တဲ့ မှတ်တမ်း ကိုလည်း ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။

အထူးသဖြင့် ယူနိုက်တက် ကို ဘရူနို ဖာနန်ဒက်စ် ရောက်ရှိ ခဲ့တဲ့ နောက်မှာ အသင်းရဲ့ ရလဒ် တွေဟာ တည်ငြိမ်မှု အားကောင်းခဲ့ ပါတယ် ။ သူဟာ ကစားပေး ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 9 ပွဲ အတွင်း 3 ဂိုးသွင်း ၊ 4 ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။ ဒီအတွက် မာတစ် က ပေါ်တူဂီ လက်ရွေးစင် ဟာ အသင်းဆီ ရောက်ရောက်ချင်း ရုတ်ချည်း တောက်ပ နိုင်လိမ့်မယ်လို့ မထင်မှတ် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ဟာ ပေါ်တူဂီ လိဂ်ကို စောင့်ကြည့်တတ်သူ ဖြစ်တဲ့ အတွက် သူဟာ ခြေစွမ်း ကောင်းတယ် ဆိုတာ သိရှိ နေခဲ့ ပါတယ် ။ ဒါပေမယ့် ပရီးမီးယား လိဂ်မှာ သူ အမြန်ဆုံး အထိုင်ကျ နိုင်ခဲ့တဲ့ အတွက် ကျွန်တော် တစ်ကယ်ပဲ အံ့သြမိ ပါတယ် ။ သူဟာ ကွင်းထဲ ယုံကြည်မှု တွေကို သယ်ဆောင် လာခဲ့သူ ပါပဲ ။ ဘောလုံး ရရှိတဲ့ အချိန် မှာ ဘာတွေ လုပ်ဆောင်ရ မလဲ ဆိုတာ သူ ကောင်းကောင်း သိပါတယ် ” လို့ မာတစ် က ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar