၅ ပွဲသာ ကစားပြီး တစ်နှစ်တာအကောင်းဆုံး အသင်းထဲ ပါ၀င်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

ဗြိတိန် ရဲ့ နာမည်ကျော် သတင်း ဌာန တစ်ခု ဖြစ်တဲ့ ဘီဘီစီ ဟာ လက်ရှိ ရပ်နား ထားတဲ့ ၂၀၁၉ – ၂၀၂၀ ပရီးမီးယားလိဂ် ဘောလုံး ရာသီ အတွက် Team of the Season ကို အွန်လိုင်း ကနေ ရွေးချယ် စေခဲ့ ပါတယ် ။ ဒီလို ရွေးချယ်ရာ မှာတော့ လက်ရှိ အမှတ်ပေး ဇယား ရဲ့ အဆင့် ၁ နေရာမှာ အခြား အသင်းတွေ ကို အမှတ် များစွာ ဖြတ်ပြီး ဦးဆောင် နေတဲ့ ယာဂင် ကလော့ ရဲ့ လီဗာပူး အသင်း က လွှမ်းမိုး ထားခဲ့ ပါတယ် ။

လီဗာပူး ဟာ အဲလစ်ဆွန် ဘက်ကာ ၊ ထရန့် အလက်ဇန်းဒါး အာနိုး ၊ ဗာဂျယ် ဗန်ဒိုက် ၊ အန်ဒရူး ရောဘတ်ဆန် ၊ ဂျော်ဒန် ဟန်ဒါဆန် ၊ မိုဟာမက် ဆာလာ နဲ့ ဆာဒီယို မာနေး တို့ ပါ၀င် ခဲ့ကြပြီး မန်ချက် စတာ စီးတီး အသင်း ကတော့ ဆာဂျီယို အဂွေရို နဲ့ ကီဗင် ဒီဘရိုင်း တို့ ပါ၀င် လာခဲ့ ကြပါတယ် ။

လက်စတာ စီးတီး နဲ့ ဒီရာသီ မှာ ပုံစံ ကောင်း ပြသ နေတဲ့ ခံစစ်မှုး ဆိုရန်ကူ ဟာလည်း ပရိသတ်တွေ ရွေးချယ် ပေးတဲ့ ဘီဘီစီ ရဲ့ တစ်ရာသီ အကောင်းဆုံး အသင်း စာရင်းမှာ ပါ၀င်နိုင် ခဲ့ပါတယ် ။ ဒီ စာရင်းမှာ ပရိသတ်တွေ အံ့အား သင့်ခဲ့ ရတဲ့သူ တစ်ဦးလည်း ပါ၀င် ခဲ့ ပါတယ် ။

သူကတော့ ဘရူနို ဖာနန်ဒက်စ် ပါပဲ ။ စပို့တင်း လစ္စဘွန်း ကနေ ဇန်နဝါရီ လ ကုန်ခါနီး ကမှ မန်ချက် စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ပရီးမီးယား လိဂ် မှာ ပွဲစဉ် ၅ ပွဲသာ ပါ၀င် ကစား ထားရ သူ ဖြစ်ပါတယ် ။

ဖာနန်ဒက်စ် ဟာ ယူနိုက်တက် ကို ရောက်ရောက်ချင်း အကျိုးပြု ခဲ့ပြီး အသင်း အတွက် ဖေဖော်ဝါရီလ ရဲ့ တစ်လတာ အကောင်းဆုံး ကစား သမား ဆု ကို ယူနိုက်တက် အသင်းမှာရော ပရီးမီးယားလိဂ် မှာပါ ဆွတ်ခူး ရရှိထား ခဲ့ပါတယ် ။ ဒါပေမယ့် ဒီလို ပါ၀င် လာမှု ကတော့ ပရိသတ်တွေ ကို အံ့အားသင့် စေခဲ့ ပါတယ် ။

ရှက်ဖီး ယူနိုက်တက် နဲ့ ဒီရာသီမှာ လက်စွမ်းတွေ ပြနေတဲ့ ဂိုး သမားလေး ဒီယန်း ဟန်ဒါဆင် ဟာ မဲပေးမှု ရဲ့ 37% ကို ရရှိ ခဲ့ ပေမယ့် လီဗာပူး ဂိုး သမား အဲလစ်ဆွန် ဘက်ကာ ကို တော့ မကျော် နိုင်ခဲ့ ပါဘူး ။ အာရွန် ၀မ် ဘစ်ဆာကာ ၊ ဟယ်ရီ မက်ဂွဲယား ၊ ဘန် ချီဝဲ နဲ့ ၀ုဗ် ရဲ့ ကော်နာ ကိုဒီ တို့ ဟာ ခံစစ် ၄ နေရာ အတွက် ဒုတိယ အကောင်းဆုံး မဲ ရရှိ သူတွေ ဖြစ်ခဲ့ကြ ပါတယ် ။

ကွင်းလယ်ပိုင်း မှာ ဒီဘရိုင်း ၊ ဖာနန်ဒက်စ် ၊ ဟန်ဒါဆင် တို့ ကို မယှဉ် နိုင်ဘဲ ကျန်ရစ် ခဲ့သူတွေ ကတော့ ဂျက် ဂရီလစ်ရှ် ၊ အာဒမာ ထရာအိုရေး ၊ ဂျိမ်းစ် မက်ဒီဆင် နဲ့ ၀ိုင်နယ်ဒမ်း တို့ပဲ ဖြစ်ပါတယ် ။ ရှေ့တန်း မှာလည်း အာဆင်နယ် တိုက်စစ်မှုး အော်ဘားမီးယန်း ၊ လီဗာပူး ရဲ့ ဖာမီနို နဲ့ မန်စီးတီး တောင်ပံ ကစား သမား ရာဟင်း စတာလင် တို့ ဟာ ပရိသတ်တွေ ရဲ့ မဲ ပေးမှု မှာ နံပါတ် ၁ နေရာကို မရရှိ ခဲ့ကြပါဘူး ။

ဘီဘီစီ ကနေ ပရိသတ်တွေကို ရွေးချယ် စေခဲ့တဲ့ ပရီးမီးယားလိဂ် ရဲ့ တစ်ရာသီအကောင်းဆုံး အသင်း –

အဲလစ်ဆွန် ဘက်ကာ
အာနိုး ၊ ဗန်ဒိုက် ၊ ဆိုရန်ကူ ၊ ရောဘတ်ဆန်
ဒီဘရိုင်း ၊ ဟန်ဒါဆင် ၊ ဖာနန်ဒက်စ်
ဆာလာ ၊ အဂွေရို ၊ မာနေး

SPORTS MYANMAR