ထူးခြားတဲ့ စည်းမျဉ်းကြောင့် ရွှေဖိနပ်ဆုကို တစ်ဦးတည်း ပိုင်ဆိုင်ခဲ့တဲ့ အမ်ဘာပေ

PSG အသင်းရဲ့ တိုက်စစ်မှုးလေး ကိုင်လီယန် အမ်ဘာပေ ဟာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွက် ပြင်သစ် လီဂူးဝမ်း ရဲ့ ဂိုးသွင်း ဘုရင် ဆု ကို ဆွတ်ခူး ရရှိ သွားခဲ့ တယ်လို့ သိရ ပါတယ် ။ ဘာပေ ဟာ ဘောလုံး ပွဲတွေ ရပ်နား ထားလိုက်စဉ် မှာ မိုနာကို တိုက်စစ်မှုး ဘန်ယက်ဒါ နဲ့ ဂိုး အရေ အတွက် တူညီ နေပေမယ့် ပြင်သစ် လီဂူး ရဲ့ အခြား လိဂ်တွေ နဲ့ မတူ ထူးခြားတဲ့ စည်းမျဉ်း သတ်မှတ်ချက် ကြောင့် ရွှေဖိနပ်ဆု ကို တစ်ဦးတည်း ရယူ ပိုင်ဆိုင် သွားခဲ့ ပါတယ် ။

ပြင်သစ် ဘောလုံး အဖွဲ့ချုပ် ဟာ လက်ရှိ ကမ္ဘာကြီး ကို ခြိမ်းခြောက် နေတဲ့ ကျန်းမာရေး ကပ်ဘေးဆိုး ကြီးကြောင့် ရပ်နား ထားတဲ့ ပြိုင်ပွဲ တွေ ကို ဆက်လက် မကျင်းပ တော့ဘဲ ရပ်နား လိုက်ဖို့ ဆုံးဖြတ် ခဲ့ ပါတယ် ။ ဒီလို ဆုံးဖြတ် ခဲ့တာ ကြောင့် အသင်းတွေ ရဲ့ အခြေ အနေတွေ ကို ရပ်နား လိုက်စဉ် က အတိုင်း ရယူပြီး ဆုံးဖြတ် ခဲ့ကြ ပါတယ် ။

ဒါကြောင့် PSG ဟာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွက် ပြင်သစ် လီဂူးဝမ်း ရဲ့ အမှတ်ပေး ချန်ပီယံ ဖြစ်လာ ခဲ့ရပြီး

ဂိုးသွင်း ဘုရင် ဆု မှာတော့ သွင်းဂိုး ၁၈ ဂိုး သွင်းယူ ထားတဲ့ အမ်ဘာပေ ဟာ အရေ အတွက် တူညီ နေတဲ့ မိုနာကို တိုက်စစ်မှုး ဘန်ယက်ဒါ ကို ကျော်ပြီး ရွှေဖိနပ်ဆု ကို ရယူ ခဲ့ ပါတယ် ။ ဘန်ယက်ဒါ နဲ့ ဘာပေ တို့ ဟာ သွင်းဂိုး ၁၈ ဂိုးစီ တူညီ နေကြပေမယ့် လီဂူးဝမ်း ရဲ့ စည်းမျဉ်း က ပြင်သစ်သားလေး ကို အသာရရှိ စေခဲ့ ပါတယ် ။

အဲ့ဒါကတော့ ကစားကွက် ကနေ ဂိုးသွင်းယူမှု ပါပဲ ။ ဘန်ယက်ဒါ ဟာ သူသွင်း ယူခဲ့တဲ့ ၁၈ ဂိုး အနက် ၁၅ ဂိုး ကိုသာ ကစားကွက် ကနေ သွင်းယူ ခဲ့တာ ဖြစ်ပြီး ပင်နယ်တီ ၃ ဂိုး ပါ၀င် ခဲ့ ပါတယ် ။ ဘာပေ ကတော့ သူ့ရဲ့ ၁၈ ဂိုး စလုံး မှာ ပင်နယ်တီ ကင်းစင် ခဲ့ပြီး ကစားကွက် ကနေ သာ သွင်းယူ ခဲ့တာ ကြောင့် အခုလို အသာ ရရှိ ပြီး ရွှေဖိနပ်ဆု ကို တစ်ဦးတည်း ဆွတ်ခူး သွားနိုင် ခဲ့တာပဲ ဖြစ် ပါတယ် ။

ဒါ့အပြင် ဘာပေ ဟာ ဘန်ယက်ဒါ ထက် Goals-per-game အချိုးမှာ လည်း သာလွန် ခဲ့ပြီး ပွဲ ၂၀ မှာ ၁၈ ဂိုး သွင်းယူ ခဲ့တာ ဖြစ်ကာ ဘန်ယက်ဒါ ထက် ၆ ပွဲ ပိုနည်း နေခဲ့ ပါတယ် ။ ဘာပေ ဟာ ပြီးခဲ့တဲ့ နှစ် တုန်းက လည်း လီဂူးဝမ်း ရဲ့ ရွှေဖိနပ် ဆု ကို ရယူ ခဲ့ပြီး ၂၉ ပွဲမျာ ၃၃ ဂိုး သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ပြင်သစ် လီဂူး ကလပ် အချို့ ကတော့ ပြိုင်ပွဲ ကို ရပ်နားပြီး တန်းဆင်း တန်းတက် စေတဲ့ ဆုံးဖြတ်ချက် အပေါ် မကျေ မနပ် ဖြစ်ခဲ့ကြ ပါတယ် ။ ရာသီ ပြီးဆုံး ဖို့ ၉ ပွဲ လောက် လိုသေးတာ ကြောင့် ဥရောပ ၀င်ခွင့် နဲ့ တန်းဆင်း တန်းတက် အခွင့် အရေးတွေ ဟာ ပြောင်းလဲ နိုင်သေးတာ ကြောင့် ဒီလို ဆုံးဖြတ်လိုက် မှု အပေါ် ဥပဒေ အရ ရင်ဆိုင် သွားဖို့ လည်း စဉ်းစား ထားကြ တယ်လို့ သိရ ပါတယ် ။

ပြင်သစ် ဘောလုံး အဖွဲ့ချုပ် ကတော့ လာမယ့် သြဂုတ် လ မှာ ရာသီသစ် ကို ပြန်လည် စတင်မယ် လို့လည်း သိရ ပါတယ် ။

SPORTS MYANMAR