” ရီးရဲလ်မက်ဒရစ် ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်တာကြောင့် ဘာစီလိုနာ ကို ချန်ပီယံအဖြစ် မသတ်မှတ်သင့်ပါဘူး ” – ကော်တွိုက်စ်

လတ်တလော ကမ္ဘာ တဝှမ်း ကို ရိုက်ခတ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ကြောင့် ဥရောပ တလွှားမှ ဘောလုံး ပြိုင်ပွဲ အားလုံး ကို ပြီးခဲ့တဲ့ မတ်လ အတွင်း က စပြီး ယာယီ ရပ်နားခဲ့ရပါတယ် ။ သို့ပေမယ့် လာမယ့်လ အတွင်းမှာတော့ ဒီ ပြိုင်ပွဲ တွေက တချို့ ကို ပြန်လည် စတင်ဖို့ အတွက် သက်ဆိုင်ရာ နိုင်ငံ ၊ လိဂ်တွေရဲ့ တာဝန်ရှိသူ တွေ အကောင်းဆုံး ကြိုးစား နေကြပါတယ် ။

လက်ရှိ ဥရောပ ထိပ်တန်း ၅လိဂ် ထဲမှာတော့ ပြိုင်ပွဲ ပြန်လည် စတင်ဖို့ အနီးစပ်ဆုံး အခြေအနေ မှာ ရှိနေတာ ကတော့ ဂျာမန် ဘွန်ဒက်စ်လီဂါ နဲ့ စပိန် လာလီဂါ တို့ ဖြစ်ပါတယ် ။ ၂လိဂ်လုံး ဟာ စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်တဲ့ ပွဲစဉ် တွေ ကျန်ရှိနေသေးသလို ၊ ဒီလိဂ် တွေရဲ့ Tempo အမြင့်ဆုံး အချိန်မှာမှ ယာယီ ရပ်နားခဲ့ရတာ ဖြစ်ပါတယ် ။

စပိန် မှာ ဆိုရင် ချန်ပီယံဆု အတွက် အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် တို့က အပြိုင် ဖြစ်နေကြပြီး ၊ လက်ရှိ အမှတ်ပေး ဇယားထိပ် မှာတော့ ဘာစီလိုနာ အသင်း ဟာ ရီးရဲလ်မက်ဒရစ် ကို ၂မှတ် အသာစီး ရကာ ဦးဆောင်လျက် ရှိပါတယ် ။

ဥရောပ မှ တချို့ လိဂ်ပြိုင်ပွဲ တွေက ဒီရာသီ ကို ချန်ပီယံမရှိ ၊ တန်းဆင်းတန်းတက် မရှိ ဖျက်သိမ်းလိုက်ကြသလို ၊ တချို့ ကလည်း ဇယားထိပ်ဆုံး က အသင်း ကို ချန်ပီယံ ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ အကယ်၍ သာ ဇယားထိပ်ဆုံး က အသင်း ကို ဖလားပေးဖို့ လာလီဂါ က ဆုံးဖြတ်ခဲ့ရင်တော့ ဘာစီလိုနာ က ချန်ပီယံ ဖြစ်မှာပါ

ဒါနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် ဂိုးသမား သီဘောက် ကော်တွိုက်စ် ကတော့ မျှတမှု မရှိဘူး လို့ ယူဆနေပြီး ၊ အကယ်၍ ဒီ ကပ်ဘေး မဖြစ်ခဲ့ရင် ချန်ပီယံဖြစ်ဖို့ အတွက် ရီးရဲလ်မက်ဒရစ် ဟာလည်း အလားအလာ အရမ်းကောင်းတဲ့ အသင်း ဖြစ်သလို ၊ ၎င်းတို့ဟာ ဘာစီလိုနာ ထက် ပိုကောင်းတဲ့ အသင်းလည်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ် ။

ကိုယ်ပိုင် YouTube ချန်နယ် ကနေ တဆင့် ကော်တွိုက်စ် က ” ဟုတ်ပါတယ် ။ ကျွန်တော် ကတော့ ဒီနှစ် ဘောလုံး ရာသီ ကို ပြီးဆုံးအောင် ကစားချင်ပါတယ် ။ ကျွန်တော် တို့ဟာ ဘာစီလိုနာ အသင်း နဲ့ ၂မှတ် အကွာမှာ ရပ်တည်နေပါတယ် ။ ဒါကြောင့်မို့ ချန်ပီယံ ဖြစ်ဖို့ အခြေအနေ အများကြီး ပေးနေပါသေးတယ် ။ “

” အကယ်၍ လက်ရှိ ကပ်ဘေး အခြေအနေ က မတိုးတက်ခဲ့ပဲ ဒီရာသီ လိဂ်ပြိုင်ပွဲ ကို ဖျက်သိမ်းလိုက်ရရင်တော့ ကျွန်တော် တို့ ကံဆိုးတယ် လို့ပဲ ဆိုရမှာပါ ။ ဥပမာ ပြောရရင် ပြင်သစ် မှာ ဒီရာသီ အတွက် အသင်း ၂သင်း တန်းဆင်းခဲ့ရပါတယ် ။ အကယ်၍ ဆက်ကစားခဲ့မယ် ဆိုရင် သူတို့ဟာ တန်းဆင်းရမယ့် အရေး ကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရှိပါတယ် ။ ဒီလို သတ်မှတ်လိုက်လို့ သူတို့လည်း သဘောကျမှာ မဟုတ်ပါဘူး ။ “

” နယ်သာလန် မှာ ဆိုရင် ဘယ် အသင်း မှ ချန်ပီယံ အသင်း ၊ တန်းဆင်း တန်းတက် အသင်း မရှိခဲ့ပါဘူး ။ ဒုတိယတန်း ကနေ တန်းတက်လာမယ့် အသင်း တွေ အတွက် ဒီ အခြေအနေ က နစ်နာတယ် လို့ ဆိုရမှာပါ ။ လာလီဂါ မှာလည်း ဘာစီလိုနာ ကို ချန်ပီယံ အဖြစ် သတ်မှတ်ပြီး ဒီရာသီ ကို ရပ်နားလိုက်မယ် ဆိုရင် ကျွန်တော် ကတော့ ဒီ ဆုံးဖြတ်ချက် ကို မှန်ကန်မှု ရှိတယ် ဆိုတာကို ဘယ်လိုမှ အဖြေရှာနိုင်မှာ မဟုတ်ပါဘူး ။ “

” ဘာစီလိုနာ နည်းပြ အနေနဲ့ ဆိုရင်လည်း ဒီ သတ်မှတ်ကျ က မှန်ကန်တယ် လို့ ထောက်ခံမှာ မဟုတ်ပါဘူး ။ ကျွန်တော် တို့ဟာ ဒီရာသီ အတွင်း သူတို့ နဲ့ ၂ကြိမ် ထိပ်တိုက် ရင်ဆိုင်ထားရာမှာ တကြိမ် မှာ အနိုင်ရခဲ့ပြီး ၊ တပွဲ ကို သရေ ကစားနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော် တို့ အကြားမှာတော့ ရမှတ် ၂မှတ် ကွာနေပါတယ် ။ ဒါကြောင့်မို့ သူတို့ကို ချန်ပီယံ အဖြစ် သတ်မှတ်မယ့် ကိစ္စ ကို ကျွန်တော် လုံးဝ ကန့်ကွက်ပါတယ် ။ “

” အင်္ဂလန် မှာ လီဗာပူး ကို ချန်ပီယံ အဖြစ် သတ်မှတ်ခဲ့မယ် ဆိုရင်တော့ ဒါကို ကျွန်တော် နားလည် ပေးလို့ ရပါတယ် ။ ဒါဆိုရင် တန်းတက် တန်းဆင်း အသင်း တွေကို ခင်ဗျား ဘယ်လို သတ်မှတ် ပေးမှာလဲ ? စီးပွားရေး စနစ် အရတော့ ဒီလို တန်းတက် တန်းဆင်း အသင်း တွေကို သတ်မှတ်ဖို့ ဆိုတာ အရမ်း ခက်ခဲပါလိမ့်မယ် ။ ရုပ်သံ က ဝင်ငွေတွေကလည်း ရှိနေပါတယ် ။ “

” လာမယ့် ဗုဒ္ဓဟူး နေ့မှာ ကျွန်တော် တို့မှာ ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်မယ် လို့တော့ သိရပါတယ် ။ တရားဝင်တော့ မဟုတ်သေးပေမယ့် သူတို့ဖက်က အတည်ပြုပြီ ဆိုရင်တော့ ကျွန်တော် လည်း ဆေးစစ်ဖို့ လာရပါမယ် ။ ဒီ ဆေးစစ်မှု ပြီးသွားလို့ အားလုံး အဆင်ပြေတယ် ဆိုရင် ကျွန်တော် တို့ အတွက် တယောက်ချင်းစီ သွားလို့တော့ ရပါပြီ ။ “

” ဒါပေမယ့် ဒီ ဆေးစစ်မှု ပြီးသွားတာ က အတူတူ လေ့ကျင့်လို့ ရပြီ လို့ မဆိုလိုသေးပါဘူး ။ ဒါဟာ ကလပ် အသင်း နဲ့ နိုင်ငံ အုပ်ချုပ်သူ တွေရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်နေပါသေးတယ် ။ သေချာတာကတော့ ယခု တပတ် အတွင်းမှာ ကျွန်တော် တို့ ဆေးစစ်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR