အမေများနေ့ လက်ဆောင်အဖြစ် မိခင်ကြီးကို မာစီဒီးကား လက်ဆောင်ပေးခဲ့တဲ့ ခရစ္စတီယာနို

ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ဘဝ မှာ မိခင် မာရီယာ ဒလောရက်စ် ဟာ အရေး အပါဆုံးလို့ ပြောနိုင် ပါတယ် ။ ဘောလုံး ထက်တောင် အရေးပါ မှာပါ ။ ငယ်စဉ် ကတည်းက ဖခင် ဆုံးပါး သွားတဲ့ ရိုနယ်ဒို အတွက်တော့ မိခင်ကြီး ဟာ တစ်ဦးတည်း သော တွယ်တာ စရာ ဖြစ်ခဲ့ပြီး အခု လို အခြေအနေ ရောက်လာ သည်အထိ ဖြည့်ဆည်း ပေးခဲ့တဲ့ သူလည်း ဖြစ်ခဲ့ ပါတယ် ။ ဒါကြောင့် ရိုနယ်ဒို ဟာ မိခင် ကို အလွန် ချစ်မြတ်နိုး ခဲ့ပြီး ဒီ ကိစ္စ ဟာ နာမည်ကျော် မော်ဒယ် အိုင်ရီနာရှက် နဲ့ ပြတ်စဲ ခဲ့ရတဲ့ အကြောင်း အရင်း ဖြစ်လာ စေခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ မိခင် ဟာ ယခုနှစ် အစောပိုင်း တုန်းက ရုတ်တရက် နှလုံး ဖောက် ခဲ့တာ ကြောင့် ဆေးရုံးကို အမြန် ပို့ဆောင် ခဲ့ရ ပေမယ့် ပြန်လည် သက်သာ လာခဲ့ ပါတယ် ။ လက်ရှိ မှာတော့ ပေါ်တူဂီ မှာ မိသားစု နဲ့ အတူ နေထိုင် ပြီး ကြောက်မက်ဖွယ် ကပ်ရောဂါ ဆိုးကြီး ကို ရှောင်ရှား နေတဲ့ မာရီယာ ဒလောရက်စ် ကို ရိုနယ်ဒို က အကောင်းဆုံး လက်ဆောင် တစ်ခု ပေးအပ် ခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ မှာ ကျရောက် ခဲ့တဲ့ ပေါ်တူဂီ နိုင်ငံရဲ့ အမေများ နေ့မှာ ရိုနယ်ဒို ဟာ မိခင်ကြီး အတွက် အသစ် စက်စက် မာစီဒီးကား တစ်စီး ကို လက်ဆောင် အဖြစ် ပေးအပ် သွားခဲ့တယ် လို့ သိရ ပါတယ် ။ အသက် ၆၅ နှစ် ရှိပြီ ဖြစ်တဲ့ ရင်သွေးငယ် ၄ ဦး ရဲ့ မိခင်ကြီး မာရီယာ ဟာ သားဖြစ်သူရဲ့ လက်ဆောင်ကို ၀မ်းသာစွာ လက်ခံယူ ခဲ့ပြီး ဆိုရှယ် မီဒီယာ ပေါ်မှာ ပြန်လည် မျှ ဝေ သွားခဲံ ပါတယ် ။

“ဒီနေ့ ရခဲ့တဲ့ လက်ဆောင် တွေ အတွက် ကျွန်မ ကလေးတွေ ကို ကျေးဇူးပါ လို့ ပြောချင် ပါတယ် ။ မိခင် များနေ့ မှာ မိခင်တွေ အားလုံး ပျော်ရွှင် ပါစေလို့လည်း ဆုမွန်ကောင်း တောင်းအပ် ပါတယ်” လို့ မာရီယာ ဒလောရက်စ် က သူ့ရဲ့ Instagram မှာ ဖော်ပြပြီး သူမ ရဲ့ ပရိသတ် ၂.၂ သန်း ကို သိရှိစေခဲ့ ပါတယ် ။

ခရစ္စတီယာနို ဟာ လည်း သူ့ရဲ့ ကိုယ်ပိုင် ဆိုရှယ် မီဒီယာ အကောင့်တွေ က တဆင့် အမေ ဖြစ်သူ မာရီယာ အပြင် သူ့ရဲ့ ရင်သွေးငယ် ၄ ဦး တို့အထဲက တစ်ဦးရဲ့ မိခင် ဖြစ်တဲ့ ဇနီးသည် ဂျော်ဂီနာ ရိုဒရီဂွက် အတွက် ကိုလည်း ဆုမွန်ကောင်း တောင်း ပေးသွားခဲ့ ပါတယ် ။

“ကျွန်တော့ ရဲ့ အထူး စပါယ်ရှယ် အမျိုး သမီး ၂ ယောက် အတွက် ပျော်ရွှင် စရာ အမေများနေ့ ဖြစ်ပါစေ လို့ ဆုတောင်း ပေးလိုက်ပါတယ်” လို့ မိခင် မာရီယာ ၊ ဇနီးသည် ဂျော်ဂီနာ တို့ရဲ့ ဓါတ်ပုံ တွေ နဲ့ အတူ ရိုနယ်ဒို က ရေးသားပြီး ဆုမွန်ကောင်း တောင်းပေး သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ အမ ဖြစ်သူ ကာတီယာ အယ်ဗာရို ကလည်း ဆိုရှယ်မီဒီယာ ပေါ် က တဆင့် သူမ ရဲ့ ပရိသတ်တွေ ကို မာရီယာ အပေါ် ထားရှိတဲ့ ချစ်ခြင်း မေတ္တာကို သိမြင် အောင် ဖော်ပြ သွားခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ လက်ရှိ မှာတော့ ပေါ်တူဂီ ကနေ အီတလီ ကို ပြန်လာ နိုင်ဖို့ ကြိုးစား လျက် ရှိနေ ပါတယ် ။

ရိုနယ်ဒို ပိုင်ဆိုင် တဲ့ ကိုယ်ပိုက် ဂျက်လေယာဉ် ဟာ စပိန် နိုင်ငံ မှာ ရှိနေပြီး လေကြောင်း ပျံသန်းခွင့်တွေ ပိတ်ပင် ထားမှု ကြောင့် တိုက်စစ်မှုးကြီး ကို လာရောက် မခေါ်ဆောင် နိုင်ခဲ့ ပါဘူး ။ ဒါကြောင့် ရိုနယ်ဒို ဟာ ခရီးသည်တင် လေကြောင်းလိုင်းကို အားကိုး ခဲ့ရပြီး ခရီးစဉ် ကြန့်ကြာမှု ကြောင့် ယနေ့ မှသာ အီတလီ ကို ပြန်လာ နိုင်မယ် လို့ ကြားသိရ ပါတယ် ။

SPORTS MYANMAR