စီရော်နယ်ဒို ချိုးဖျက်လိုနေတဲ့ မှတ်တမ်း တစ်ခုကို ပြောပြလိုက်တဲ့ ဂယ်ရီနဗီး

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးက ပေါ်တူဂီစတား ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ အဓိက ရည်မှန်းချက်ဟာ ဘရာဇီး ဂန္တဝင် ပီလီ ရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ် နိုင်ဖို့ ဖြစ်တယ်လို့ ယုံကြည် နေပါတယ်။ အသက် ၃၅ နှစ် အရွယ် ရော်နယ်ဒို ဟာ စပို့တင်းလစ္စဘွန်း ၊ မန်ယူနိုက်တက် ၊ ရီးရဲယ်မက်ဒရစ် နဲ့ ဂျူဗင်တပ် (လက်ရှိ) တို့မှာ ကစားသမားဘ၀ ကို ဖြတ်သန်း ခဲ့ပြီး ပွဲပေါင်း ၈၃၈ ပွဲမှာ ၆၂၆ ဂိုး သွင်းယူ ထားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဖလား ငါးကြိမ် ၊ အမှတ်ပေးဖလား များစွာ ဆွတ်ခူး ထားနိုင်ခဲ့ပြီး ဘလွန်းဒီအောဆု ကိုလည်း ၅ ကြိမ် ဆွတ်ခူး ထားခဲ့ကာ ဘောလုံး သမိုင်း တစ်လျှောက် အကြီးကြယ်ဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ထားခြင်း ခဲ့ခဲ့ရကာ ပြီးခဲ့တဲ့ ရာသီ ကလည်း ဂျူဗင်တပ်မှာ စီးရီးအေ ဖလား ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ရော်နယ်ဒို နဲ့ အတူ အိုးထရပ်ဖို့ဒ်မှာ ၆ နှစ်ကြာ အတူ တွဲဖက် ကစား ခဲ့တဲ့ နဗီးက သူ့ရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်းဟာ ဘရာဇီး ဂန္တဝင် ပီလီ ကို ကျော်ဖြတ်ဖို့ အတွက် ပစ်မှတ် ထားထားတယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။ ဘရာဇီး ဂန္တဝင် ပီလီဟာ သူ့ရဲ့ ကစားသမား ဘ၀ မှာ ၆၉၄ ဂိုး သွင်းကာ ၆၅၀ ဂိုး သွင်းယူ ထားခဲ့ပြီး တရားမဝင် ခြေစမ်းပွဲတွေ ပါဝင် နေတဲ့ ၎င်းရဲ့ မှတ်တမ်းကတော့ ၁၃၆၃ ပွဲမှာ ၁၂၈၁ ဂိုး ဖြစ်ပါတယ်။

နဗီးက ရော်နယ်ဒို ဟာ သူ့ရဲ့ ကစားသမား ဘ၀ ကနေ အနား မယူမီ ပီလီ ရဲ့ ၆၅၀ သွင်းဂိုး မှတ်တမ်းကို ကျော်ဖြတ် နိုင်ဖို့ ပစ်မှတ် ထားနေတယ်လို့ ပြောသွားပါတယ်။

နဗီးက “ဒါဟာ စွဲလမ်းမှု တစ်ခုပါ။ သူဟာ ဂိုးသွင်းဖို့ အတွက် အသေအလဲ စွဲလမ်းတဲ့သူ ဖြစ်ပြီး နေ့တိုင်း ကိုယ့်ကိုကိုယ် မောင်းနှင်ကာ တက်နိုင်သမျှ ကြံ့ခိုင်မှု ပြည့်၀ နေအောင် လုပ်ဆောင်ပါတယ်။ ကျွန်တော် ကတော့ သူဟာ နှစ်တိုင်း နှစ်တိုင်း သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကျမှုကို မြှင့်တင်ကာ တိုးတက်အောင် လုပ်ခဲ့တယ်လို့ ထင်ပါတယ်။

သူ ဘောလုံးကို ဆက်ကစား ချင်နေသေးတယ် ဆိုတာ ကျွန်တော့် ဘက်က သံသယ မရှိပါဘူး။ ဂျေမီကာရေဂါ က မီနာဟာ အသက် ၄၀ လောက်ထိ ဆက်ကစား သွားချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် ကတော့ ရော်နယ်ဒိုဟာ ပီလီရဲ့ ကိန်းဂဏန်းကို ကျော်ဖြတ်ဖို့ အစီအစဉ် ရှိတယ်လို့ ထင်ပါတယ်။ သူ့အနေနဲ့ ပီလီရဲ့ သွင်းဂိုး မှတ်တမ်းကို ကျော်ဖြတ် ချင်နေမယ်လို့ ကျွန်တော် လုံး၀ ယုံကြည်ပါတယ်။ ဒါဟာ သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အရာလို့ ကျွန်တော် ထင်ပါတယ်။

သူဟာ သမိုင်း တစ်လျှောက် အကြီးကြယ်ဆုံး ကစားသမား ဖြစ်ချင်တာပါ။ ဒါဟာ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ပါ။ အကယ်၍ သမိုင်းတစ်လျှောက် အကြီးကြယ်ဆုံး ဖြစ်ချင်တယ် ဆိုရင် သူကစားခဲ့တဲ့ အသင်းတိုင်းမှာ ဖလားတွေ ဆွတ်ခူးပြီး အောင်မြင်မှု ရရှိရမယ် ဆိုတာ သူ နားလည် ထားခဲ့ပါတယ်။” လို့ ပြောသွား ပါတယ်။

SPORTS  MYANMAR