10 ပွဲ ကစားပြီး 8 ဂိုး သွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက် လူငယ် ကွင်းလယ် ကစားသမားလေးကို အထူးချီးကျူး လိုက်တဲ့ ဖရက်ဒ်

ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပုံစံကောင်းတွေ ဆက်တိုက် ပြသ ထားနိုင် ခဲ့တဲ့ ကွင်းလယ် ကစား သမား ဖြစ်သူ ဖရက်ဒ် က အသက် 19 နှစ် အရွယ် လူငယ် ကွင်းလယ် ကစားသမားလေး ဖြစ်တဲ့ ဂျိမ်းစ် ဂါနာ ဟာ အထင်ကြီးဖွယ် ကောင်းတဲ့ ခြေစွမ်း တွေကို ပိုင်ဆိုင် ထားကြောင်း ၊ သူ့ရဲ့ အနာဂတ် ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ဆက်လက် တောက်ပ လိမ့်မယ် လို့ ယုံကြည်ကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက မန်ချက်စတာ ယူနိုက်တက် တို့ ယူရို ပါလိဂ် ပွဲစဉ် အဖြစ် ပါတီဇန် ဘဲလ်ဂရိတ် အသင်း ကို ရင်ဆိုင် ယှဉ်ပြိုင် ကစားခဲ့ ရတဲ့ ပွဲစဉ် တုန်းက ဂျိမ်းစ် ဂါနာ ဟာ နည်းပြ ဆိုးလ်ရှား လက်အောက် မှာ စီနီယာ အသင်း အတွက် ပထမဆုံး အကြိမ် ပါဝင် ကစားခွင့် ရရှိ ခဲ့သူ တစ်ဦးပဲ ဖြစ်ခဲ့ ပါတယ် ။

အဲ့ဒီနောက် သူဟာ စီနီယာ အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် တွေမှာ အမြဲလို ပါဝင်ခွင့် ရရှိ ထားခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ စီနီယာ ကစားသမား ဖြစ်တဲ့ မက် တော်မီနေး ရဲ့ လမ်းစဉ် ကို လိုက်ပြီး သိပ် မကြာခင် အနာဂတ် တစ်ခု မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ စီနီယာ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်လာ လိမ့်မယ် လို့ ထင်ကြေး ပေးခံ ရသူလည်း ဖြစ်ခဲ့ ပါတယ် ။

ဂျိမ်းစ် ဂါနာ ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ပရီးမီးယား လိဂ် 2 မှာ ယူနိုက်တက် အသင်း အတွက် အထူး ခြေစွမ်းကောင်း တွေကို ပြသ ထားနိုင် ခဲ့တဲ့ ထိပ်တန်း အဆင့် ကစားသမား တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ သူဟာ အသင်း အတွက် 10 ပွဲ ကစား ပေးပြီး 8 ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ဖရက်ဒ် က သူ့ရဲ့ စွမ်းရည် တွေကို နှစ်ခြိုက် နေပြီး အခုလို ချီးကျုး စကားတွေ ဆိုသွား ခဲ့တာပဲ ဖြစ်ခဲ့ ပါတယ် ။

ပထမဆုံး အနေ နဲ့ လက်ရှိ ဘောလုံး ရာသီ အတွင်း ယူနိုက်တက် စီနီယာ အသင်း မှာ ကစား နေပြီး ပုံစံ ကောင်းတွေ ဆက်တိုက် ပြသ နေခဲ့ ကြတဲ့ အကယ်ဒမီ ထွက် ကစားသမား နှစ်ဦး ဖြစ်သူ မာဆွန် ဂရင်းဝုဒ် နဲ့ ဘရန်ဒန် ဝီလီယံ တို့ အကြောင်း အမေး ခံလိုက် ရတဲ့ အချိန် မှာတော့ …

” သူတို့ တွေဟာ ခမ်းနားတဲ့ လူငယ် ကစားသမား လေးတွေ ပါပဲ ။ ယူနိုက်တက် အသင်း ဟာ အကယ်ဒမီ ထွက် လူငယ် တွေကို နေရာပေး ကစား စေခြင်းကို အရေး ပါတဲ့ အခန်း ကဏ္ဍ တစ်ခု အဖြစ် ထားရှိ ထားပါတယ် ။ အကယ်ဒမီ ထွက် ကစား သမား တွေနဲ့ အတူ ယူနိုက်တက် တို့ အထူး အောင်မြင် ခဲ့တဲ့ သမိုင်းကောင်း တွေလည်း ရှိနေ ခဲ့တယ် လေ ”

” ဒါက အသင်း ရဲ့ သမိုင်းကြောင်း ကို ပိုမို ခမ်းနား စေခဲ့တဲ့ အတွက် အကယ်ဒမီ မှ လူငယ် တွေကို နေရာ ပေးရေး ဆိုတာ ဒီ အသင်း အတွက် အရမ်း ကို အရေးပါ လှပါတယ် ။ သူတို့ လေး တွေဟာ တစ်ကယ့်ကို ကောင်းမွန် တဲ့ ကစားသမား လေးတွေ ဖြစ်ကြပြီး အနာဂတ် မှာ တစ်ကယ့်ကို အလားအလာ ကောင်းတဲ့ ကစားသမား တွေ ဖြစ်လာ ကြပါ လိမ့်မယ် ”

” သူတို့ အားလုံးက တစ်ကယ့်ကို ခြေစွမ်း ကောင်းတဲ့ လူငယ် ကစားသမား လေးတွေ ပါပဲ ။ အဲ့ဒီ ထဲမှာ ကျွန်တော့် ကို အထင်ကြီး လိုစိတ် အများဆုံး ဖြစ်စေ ခဲ့တာ ကတော့ ဂျိမ်းစ် ဂါနာ ပါပဲ ။ သူဟာ ကျွန်တော် နဲ့ ကစားတဲ့ နေရာ တူညီ နေလို့ အခုလို ချီးကျူး နေတာ မဟုတ်ရ ပါဘူး ။ သူဟာ ပွဲ ကစား ချိန် အတွင်း ဘောလုံး ရရှိတဲ့ အခါ တွေမှာ ဘယ်လို လုပ်ဆောင် ရမလဲ ဆိုတဲ့ အမြင် ရှိသူ ကစားသမား တစ်ဦး ပါ ”

 

” သူဟာ တစ်ကယ့်ကို ကြီးမားတဲ့ အလားအလာ ကောင်းတွေ ပိုင်ဆိုင် ထားသူ တစ်ဦး ပါပဲ ။ သူဟာ အမြင် ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ရုံသာ မက ဆုံးဖြတ်ချက် ကောင်းမွန် လှသူ တစ်ဦးလည်း ဖြစ်ပါတယ် ။ သူ့ရဲ့ ဂိုးပေါက် ကန်ချက်တွေ က ကောင်းလှ သလို ဘောလုံး ပေးပို့မှု တွေလည်း အထင်ကြီး စရာ ပါပဲ ။ သူဟာ ကျွန်တော် တစ်ကယ်ပဲ နှစ်ခြိုက် မိတဲ့ ကစားသမားလေး တစ်ဦး ပါ ” လို့ ဖရက်ဒ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar