ယူနိုက်တက် အသင်းမှာ နံပါတ် 1 ဂျာစီကို မရွေးချယ်ပဲ နံပါတ် 19 ဂျာစီကို ရွေးချယ်ခဲ့ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို ဖွင့်ဟလိုက်တဲ့ ဗန်ဒါဆား

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် အချစ်တော် ဂိုးသမား တစ်ဦး ဖြစ်တဲ့ အက်ဒ်ဝင် ဗန်ဒါဆား က အိုးလ် ထရပ်ဖို့ဒ် ဆီကို ပြောင်းရွှေ့ ခဲ့စဉ် တုန်းက နံပါတ် တစ် ဂျာစီ ကို ဝတ်ဆင် ခဲ့တဲ့ တင် ဟောင်းဝက်ဘ် ကို လေးစား သမှု ထားရှိ ခဲ့တဲ့ အတွက်ကြောင့် အဆိုပါ နံပါတ် ကို မရွေးချယ် ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

နယ်သာလန် လက်ရွေးစင် ဂိုးသမား ဟောင်း ဖြစ်တဲ့ အက်ဒ်ဝင် ဗန်ဒါဆား ဟာ 2005 ခုနှစ် တုန်းက ဖူလ်ဟမ် အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပေါင် 2 သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူ တစ်ဦးပဲ ဖြစ်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ နည်းပြ ဆာ အဲလက်စ် ဖာဂူဆန် လက်အောက်မှာ နံပါတ် တစ် ဂိုးသမား ဖြစ်ခဲ့ရ ပါတယ် ။

အက်ဒ်ဝင် ဗန်ဒါဆား ဟာ အေဂျက်ဇ် အသင်း အတွက် ပထမဆုံး အကြိမ် အဖြစ် စတင် ပွဲထွက် ကစား ခဲ့စဉ် တုန်းက နံပါတ် 12 ဂျာစီ ကို ဝတ်ဆင် ခဲ့သူပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် သူဟာ နံပါတ် တစ် ဂျာစီ ကို ဝတ်ဆင် ခဲ့ရ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် အသင်း ဆီကို ပြောင်းရွှေ့ ခဲ့တဲ့ အချိန် မှာတော့ သူဟာ သမိုင်းဝင် နံပါတ် တစ် ဂျာစီ ကို မရွေးချယ်ခဲ့ ပါဘူး ။

အဆိုပါ အချိန် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နပါတ် တစ် ဂိုးသမား ဖြစ်သူ တင် ဟောင်းဝက်ဘ် ဟာ နံပါတ် တစ် ဂျာစီ ကို ဝတ်ဆင်သူ ဖြစ်ခဲ့ ပါတယ် ။ ဒါ့ကြောင့် သူဟာ နံပါတ် တစ် ဂျာစီ ပိုင်ရှင် ကို လေးစားတဲ့ အနေ နဲ့ အဆိုပါ နံပါတ် ကို မလိုချင် ခဲ့တာ ဖြစ်ကြောင်း ဗန်ဒါဆား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အဲ့ဒီ အရင် ဘောလုံး ရာသီ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂိုးပေါက် မှာ တင် ဟောင်းဝက်ဘ် ရှိနေ ခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် အသင်း ဖက်က ကျွန်တော့် ကို နံပါတ် တစ် ဦးစားပေး ဂိုးသမား အဖြစ် နေရာ ပေးဖို့ ရွေးချယ် ခေါ်ယူ ခဲ့ ပါတယ် ”

” ဒီအတွက် ကျွန်တော် ဟာ တင်ရဲ့ ကျောနံပါတ် ဖြစ်တဲ့ နံပါတ် တစ် ဂျာစီ ကို သူ့ဆီက နေပြီး မယူလို ချင်ခဲ့ ပါဘူူ ။ ကျွန်တော့် အတွက် ကတော့ အသင်း ရဲ့ ဂိုးပေါက် အရှေ့ မှာ လက်စွမ်း ကောင်းတွေ ပြသ နိုင်ရေး ကသာ အရေး အကြီးဆုံး အရာ ဖြစ်ခဲ့ ပါတယ် ” လို့ ဗန်ဒါဆား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ရာသီ မှာတော့ တင် ဟောင်းဝက်ဘ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကနေ အဲ့ဗာတန် အသင်း ဆီကို ပြောင်းရွှေ့ ထွက်ခွာ သွားတဲ့ အခါ ကျမှ ဗန်ဒါဆား ဟာ လစ်လပ် သွားတဲ့ နံပါတ် တစ် ဂျာစီ ကို ဝတ်ဆင်ရင်း 2011 ခုနှစ် အထိ ကစား ပေးခဲ့ ပါတယ် ။

အဆိုပါ အချိန် ကာလ အတွင်း မှာတော့ သူဟာ ယူနိုက်တက် ဂိုးပေါက် အရှေ့ မှာ အရမ်း ကို တာဝန် ကျေခဲ့တဲ့ အပြင် ချန်ပီယံ လိဂ် အပါအဝင် ဆု ဖလားတွေ များစွာ ကို ရရှိ စေရေး မှာ အရေး ပါတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ ရတဲ့ အတွက် အထူး ချစ်ခင် ခဲ့ကြပြီး ဂန္ဓဝင် ကစားသမား တစ်ဦး အဖြစ် ဆက်ဆံ ခဲ့ကြ ပါတယ် ။

အခုလည်း မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂျာစီ ဟောင်းကို ဝတ်ဆင်ပြီး လူမှု ကွန်ယက် အထက် မှာ ပုံတင် ခဲ့တဲ့ ဗန်ဒါဆား ကို ယူနိုက်တက် ပရိသတ် တစ်ဦး က …

” ဒီပုံဟာ ငါ့ရဲ့ တစ်နေ့တာ ကို ပြည့်စုံ ကောင်းမွန် စေခဲ့ ပါပြီ ။ မန်ချက်စတာ ကနေ အချစ်တွေ များစွာ ပို့ဆောင် ပေးလိုက် ပါတယ် ” လို့ မှတ်ချက် ပေးခဲ့ပြီး နောက် တစ်ဦး ကတော့ သူ စောင့်ကြည့် ခဲ့ဖူး သမျှထဲ ဗန်ဒါဆား က အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင်း ချီးမွမ်း သွားခဲ့လိုက် ပါတယ် ။

” ငါ သိခဲ့ သမျှ ထဲမှာ တော့ မင်းဟာ အကောင်းဆုံး ဂိုးသမား ပါပဲ ဗန်ဒါဆား ရေ ။ မင်းက အိုလီဗာ ခန်း ၊ ပီတာ ရှမိုက်ကယ် တို့နဲ့ အဆင့် တူတဲ့ လက်စွမ်း ပိုင်ဆိုင် ထားသူ တစ်ဦး ပါပဲ ” လို့ ချီးမွမ်း သွားခဲ့ ပါတယ် ။

#Sports_Myanmar