မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ လီဗာပူး ကို အားပေးခဲ့တဲ့ ပွဲတစ်ပွဲ အကြောင်း ပြန်ပြောင်းပြောပြခဲ့တဲ့ ကာရေဂါ

မန်ချက် စတာ ယူနိုက်တက် နဲ့ လီဗာပူး တို့ ဟာ အင်္ဂလန် ရဲ့ ပြိုင်ဆိုင်မှု အပြင်း ထန်ဆုံး အသင်းတွေ ဖြစ်သလို အောင်မြင်မှု အများဆုံး အသင်းတွေ လည်း ဖြစ်ခဲ့ကြ ပါတယ် ။ ၁၉၉၀ မတိုင် ခင် က လီဗာပူး ဟာ အင်္ဂလန် ရဲ့ ဆုဖလား အများဆုံး နဲ့ အောင်မြင်မှု အရှိဆုံး အသင်း အဖြစ် ရပ်တည် နေခဲ့ ပေမယ့် ဆာအဲလက်စ် ဖာဂူဆန် ရောက်ရှိလာပြီး နောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ လီဗာပူး ကို ပုခုံးချင်း ယှဉ် နိုင်တဲ့ အထိ ရောက်ရှိ လာခဲ့ ပါတယ် ။

ဒီလို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ သလို ၂ ဖက် အသင်း ကစား သမားတွေ ဟာ လည်း တစ်သင်းကို တစ်သင်း မုန်းတီး ခဲ့ကြ ပေမယ့် လီဗာပူး အသင်း ကို မန်ချက်စတာ ယူနိုက်တက် ကစား သမားတွေ အားပေး ခဲ့တဲ့ ပွဲတစ်ပွဲ ရှိခဲ့ ကြောင်း့ ဂျေမီ ကာရေဂါ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး နဲ့ ၂၀၀၅ ချန်ပီယံ လိဂ် ဖလားကို ဆွတ်ခူး ခဲ့တဲ့ ဂန္ထဝင် နောက်ခံလူ ကာရေဂါ က ယူနိုက်တက် ကစား သမားတွေ ဟာ လီဗာပူး အသင်း 2007 ခုနှစ် ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် မှာ ချဲလ်ဆီး အသင်း ကို အနိုင် ရရှိ ခဲ့တဲံ အတွက် ဝမ်းမြောက် ဝမ်းသာ အောင်ပွဲ ခံခဲ့ ကြတယ် လို့ ဝိန်းရွန်းနီ ဆီက ပြန်ကြား ခဲ့ရ ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး နဲ့ ချဲလ်ဆီး တို့ ဟာ 2007 ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဆီးမီး ဖိုင်နယ် အဆင့် ကို တက်ရောက် နိုင်ခဲ့ကြပြီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ ရင်ဆိုင် တွေ့ခဲ့ ကြကာ မန်ချက်စတာ ယူနိုက်တက် ကတော့ စီးရီးအေ ကလပ် အေစီမီလန် နဲ့ ဆုံတွေ့ခဲ့ ပါတယ် ။

လီဗာပူး ဟာ ဒုတိယ အကျော့ ကို မန်ချက်စတာ ယူနိုက်တက် ထက် တစ်ရက် စော ကစား ခဲ့ပြီး ချဲလ်ဆီး နဲ့ ၂ ကျော့ပေါင်း ရလဒ် သရေ ဖြစ်နေခဲ့တာ ကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းကာ အနိုင် ရရှိ ခဲ့တာ ဖြစ်ပါတယ် ။ ကာရေဂါ က မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ ဟာ ဟိုဆေး မော်ရင်ဟို ရဲ့ ချဲလ်ဆီး ကို သူတို့ အနိုင် ယူခဲ့တာကြောင့် အောင်ပွဲခံ ခဲ့ကြတယ်လို့ ဂျွန်တယ်ရီ နဲ့ အင်တာဗျုး အစီအစဉ်မှာ ပြန်ပြောင်း ပြောပြသွား ခဲ့ပါတယ် ။

“ဝိန်း ( ရွန်းနီ ) က ဒီအကြောင်း ကို ပြောပြ ခဲ့တာပါ ။ 2007 တုန်းက နဲ့ တူပါတယ် ။ ကျွန်တော်တို့ က ချဲလ်ဆီး နဲ့ ကစားပြီး သူတို့ က အေစီမီလန် နဲ့ ကစား ခဲ့ရ ပါတယ် ။ မီလန် က သူတို့ ကို အနိုင်ယူ သွားခဲ့ပြီး ကျွန်တော်တို့ က ဒုတိယ အကျော့ မှာ အရင် ကစားရတဲ့ ပွဲဖြစ်ခဲ့ ပါတယ်”

“ပင်နယ်တီ အဆုံး အဖြတ် ကန်ချိန် မှာ မန်ချက်စတာ ယူနိုက်တက် ကစား သမားတွေ ဟာ ဟိုတယ် မှာ လီဗာပူး ဘက်ကို အတူတူ အားပေး ခဲ့ကြပြီး အနိုင် ရချိန် မှာ အောင်ပွဲခံ ခဲ့ကြတယ် လို့ ဝိန်း က ပြောပြ ခဲ့ ပါတယ်”

“ဒါဟာ လီဗာပူး – မန်ချက်စတာ ယူနိုက်တက် အားပြိုင်မှု ကို နားလည်တဲ့ သူတစ်ယောက် အတွက်တော့ ထူးဆန်း နေမှာပါပဲ ။ ဒါပေမယ့် အမှန်တကယ် မှာတော့ ဒီ နိုင်ပွဲ ကို ယူနိုက်တက် ကစား သမားတွေ ပျော်ရွှင် ခဲ့တာ ဟာ ချဲလ်ဆီး အသင်း ဘယ်လောက် ကြောက်ဖို့ ကောင်းတယ် ဆိုတာ ကို သွယ်ဝိုက် ဖော်ပြ ခဲ့တာပါပဲ” လို့ ကာရေဂါ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး ဟာ ဗိုလ်လုပွဲ မှာ ၂၀၀၅ ခုနှစ် တုန်းက အံ့ဖွယ် ပြန်လည် နိုးထမှု နဲ့ အနိုင် ရခဲ့တဲ့ အေစီမီလန် နဲ့ ပြန်ဆုံ ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီ တစ်ကြိမ် မှာတော့ အေစီမီလန် ဟာ လီဗာပူး ကို ပြန်လည် လက်စားချေ ခဲ့ပြီး ဖိလစ်ပို အင်ဇာဂီ ရဲ့ ဂိုးတွေ နဲ့ အနိုင် ရကာ ဗိုလ်စွဲသွားခဲ့ ပါတယ် ။

ဆီမီး ဖိုင်နယ် ကနေ လှည့်ပြန် ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ ကတော့ ၂၀၀၈ ပြိုင်ပွဲ မှာ ဖိုင်နယ် တက်ခဲ့ ကြပြီး ပထမဆုံး All-English Final ဖြစ်စေ ခဲ့ကာ ပင်နယ်တီ အဆုံး အဖြတ် မှာ မန်ချက်စတာ ယူနိုက်တက်က အနိုင် ရ ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

SPORTS MYANMAR