ကလပ်တွေကို နည်းလမ်း ၂ ခု ပေးကာ ရွေးချယ်ခိုင်းလိုက်ပြီ ဖြစ်တဲ့ UEFA နဲ့ . . . . နံနက်ခင်း သတင်းများ

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ကတော့ လက်ရှိ ရပ်နား ထားတဲ့ အမှတ်ပေး ပြိုင်ပွဲတွေ ကို သတ်မှတ် ထားတဲ့ ရက်စွဲ အမီ ပြန်လည် မစတင် နိုင်ပါက ပြိုင်ပွဲ ကို ဖျက်သိမ်း သည် ဖြစ်စေ တစ်ကျော့ကန် Play-off ပွဲစဉ် တွေဖြင့် ဥရောပ ဝင်ခွင့် နဲ့ တန်းဆင်း တန်းတက် အသင်းတွေ ကို ဆုံးဖြတ်တဲ့ နည်းလမ်း ဖြစ်စေ ၊ တစ်ခုခု ကို ရွေးချယ် ရလိမ့်မယ် လို့ အသိပေး ထားတယ် လို့ ယမန်နေ့ အစည်းအဝေး အပြီး မှာ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဒါ့အပြင် ရွှေ့ဆိုင်း လိုက်ရတဲ့ ယူရို ၂၀၂၀ ကို ၂၀၂၁ ခုနှစ် ထဲမှာ ကျင်းပမှာ ဖြစ်ပေမယ့် အမည် ကတော့ ယူရို ၂၀၂၀ လို့သာ ခေါ်တွင် စေမယ်လို့လည်း သိရ ပါတယ် ။

ပြင်သစ် ထိပ်သီး ကလပ် PSG ဟာ ရီးရဲ မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှုး ကာရင် ဘန်ဇီးမား ကို ရာသီ အကုန်မှာ ထွက်ခွာ တော့မယ့် ဝါ၇င့် တိုက်စစ်မှုးကြီး ကာဗာနီ ရဲ့ နေရာကို အစားထိုး ဖို့ ပြင်ဆင် ထားတယ် လို့ ကြားသိရ ပါတယ် ။

ရိုးမား မှာ အငှား သွား ကစား နေတဲ့ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှုး စမောလင်း ကတော့ လာမယ့် ရာသီ ဥရောပ ဝင်ခွင့် ရရှိ မလား ဆိုတဲ့ အနေ အထား အပေါ် မူတည်ပြီး ရိုးမား ကို အပြီးသတ် ပြောင်းရွှေ့ဖို့ ကို စဉ်းစား သွားမယ် လို့ သိရ ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ဟာ ဆီရီယာလီယွန် နိုင်ငံ အတွင်း မှာ ရှိတဲ့ ကျန်းမာရေး လုပ်ဆောင် မှုတွေ မှာ အသုံးပြု ဖို့ ကျန်းမာရေး မျက်နှာဖုံး ၆ သောင်း ကျော် လှူဒါန်း မယ့် ချဲလ်ဆီး ကစား သမား ရူဒီဂါ ရဲ့ အစီအစဉ် မှာ ပူးပေါင်း ပါဝင် ခဲ့တယ် လို့ ကြားသိရ ပါတယ် ။

မန်စီးတီး တိုက်စစ်မှုးလေး ဂျေဆူး ကလည်း ဘရာဇီး မှာ ရှိတဲ့ သူတွေ အတွက် အစား အသောက် တန်ပေါင်း များစွာ ကို ဝယ်ယူ လှူဒါန်း ခဲ့တယ်လို့ သိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြကြီး မော်ရင်ဟို ကတော့ အစား အသောက်တွေ လိုက်လံ ဝေငှ တဲ့ နေရာမှာ လုပ်အား ပေးကူ သွားမယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ ကတော့ ဘရက်စီယား ကွင်းလယ် ကြယ်ပွင့်လေး ဆန်ဒရို တိုနယ်လီ ကို အခြား အသင်းတွေ ထက် လက်ဦးမှု ရယူဖို့ ပြင်ဆင် နေပြီး ပေါင် ၅၃ သန်း အပြင် လူငယ် ကစား သမား ၂ ဦး ကိုပါ အလိုက် ထည့်ပေး ပြီး ကမ်းလှမ်း ဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

ဂျာမန် ကလပ် RB လိုက်ပ်ဇစ် တိုက်စစ်မှုး တီမို ဝါနာ ကတော့ လီဗာပူး သာ သူ့ရဲ့ စာချုပ် ဖျက်သိမ်း ကြေး ပေးချေ ခေါ်ယူ နိုင်မယ့် အချိန် ( ယခု လ မကုန်ခင်ထိ ) အတွင်းမှာ ခေါ်ယူဖို့ လှုပ်ရှားခဲ့ ပါက အန်ဖီးလ် ကို လာရောက် ကစားဖို့ အဆင်သင့် ဖြစ် နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

စီးရီးအေ ကလပ် အင်တာ မီလန် ဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကို စိတ်ဝင်စား လာခဲ့ပြီး တိုက်စစ်မှုး မော်ရို အီကာဒီ ကို ရောင်းချ ရတဲ့ ငွေ နဲ့ ကမ်းလှမ်း သွားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

ဒေါ့မွန် အသင်း ကတော့ ချဲလ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် တို့ က စိတ်ဝင်စား နေတဲ့ တောင်ပံ ကစား သမားလေး ဂျေဒန် ဆန်ချို ကို အသင်းမှာ ဆက်ရှိနေဖို့ အတွက် ဆွဲဆောင် သိမ်းသွင်း နိုင်မယ်လို့ ယုံကြည် ထားပြီး တစ်နှစ် ကို ပေါင် ၉ သန်း ရရှိစေမယ့် စာချုပ်သစ် ကိုလည်း ပြင်ဆင် ထားပြီး ဖြစ်တယ်လို့ သိရ ပါတယ် ။

ချဲလ်ဆီး နည်းပြ လမ်းပတ် ဟာ ဂိုးသမား ကီပါ ကို ရောင်းထုတ် လိုပေမယ့် လက်ရှိ အချိန်ထိ စပိန်သား ကို ဝယ်ယူလိုတဲ့ အသင်း မရှိ သေးဘူးလို့ သိရ ပါတယ် ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ အတွင်းက နောဝှစ်ချ် နဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာ ပွဲကြည့်စင်ပေါ် ကို တက်ပြီး ပရိသတ် နဲ့ ရန်ဖြစ် ခဲ့တဲ့ စပါး ကွင်းလယ်လူ အဲရစ် ဒိုင်ယာ ကို အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA က စွဲချက် တင်လိုက်ပြီ ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် လက်ထောက် နည်းပြ ကီရန် မက်ကန်နာ ကတော့ မေလ ထဲ မှာ လေ့ကျင့်ခန်း ပြန်လည် စတင် နိုင်ဖို့ မျှော်လင့် ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဂျာမနီ ရဲ့ တက်သစ်စ လူငယ် ဂိုးသမားလေး အလက်ဇန်းဒါး နူဘယ် ရောက်ရှိ လာတော့မှာ ဖြစ်ပေမယ့် ဝါရင့် ဂိုး သမားကြီး နူအာ သာ လာမယ့် ရာသီ အတွက် နံပါတ် ၁ ဂိုး သမား အဖြစ် ဆက်လက် ရှိနေဦးမှာ ဖြစ်တယ် လို့ ဘိုင်ယန်မြုးနစ် နည်းပြ ဟန်ဆီ ဖလစ် က ဆိုသွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ရာကီတစ် ထွက်ခွာ သွားခဲ့ ပါက ဘိုင်ယန် ကွင်းလယ် ကစား သမား တိုလစ်ဆို ကို ခေါ်ယူ အစားထိုးဖို့ စောင့်ကြည့်နေတယ် လို့ သိရ ပါတယ် ။

နာပိုလီ အသင်း ကတော့ ခံစစ်မှုး ကိုလီဘာလေ ကို ရောင်းထုတ် ဖြစ်ခဲ့ပါက ဘာစီလိုနာ နောက်ခံလူ ဆယ်မြူရယ် အမ်တီတီ နဲ့ အစားထိုး သွားဖို့ အစီအစဉ် ရေးဆွဲ နေတယ် လို့ ကြားသိရ ပါတယ် ။

SPORTS MYANMAR