သူ့ဟာ စစ်မှန်တဲ့ ရော်နယ်ဒိုပါလို့ ပြောကြားလိုက်ပြီး စီ ရော်နယ်ဒိုကို ပါးပါးလေး ပုတ်လိုက်တဲ့ ဘရာဇီး ဂန္ဓဝင် ရော်နယ်ဒို

ကမ္ဘာ့ အကောင်းဆုံး ဘောလုံး ကစားသမား တစ်ဦး အဖြစ် ပေါ်တူဂီ လက်ရွေးစင် ဖြစ်တဲ့ ခရစ္စတီယာနို ပေါ်ထွက် လာတဲ့ နောက် ဘောလုံး အားကစား လောက မှာ ရော်နယ်ဒို ဆိုတဲ့ နာမည် ဟာ ပရိသတ် တွေ အကြား တစ်ခါတလေ အမြင် မှားမှု တွေကို ဖြစ်ပေါ် စေခဲ့ ပါတယ် ။

ဒီအတွက် မြန်မာ နိုင်ငံ မှာတော့ ဘရာဇီး လက်ရွေးစင် ဟောင်း ရော်နယ်ဒို ကို ရော်နယ်ဒို ( ဘရာဇီး ) ဒါမှမဟုတ် ဒိုကြီး ဆိုတဲ့ နာမည် နဲ့ ခေါ်ဆိုခဲ့ ကြပြီး ပေါ်တူဂီ လက်ရွေးစင် ကိုတော့ ခရစ္စတီယာနို ၊ စီ ရော်နယ်ဒို ၊ CR 7 ( သို့မဟုတ် ) ဒိုလေး ဆိုတဲ့ နာမည် နဲ့ အလွယ်တကူ ပိုင်းခြား သိရှိ ခဲ့ကြ ပါတယ် ။

 

ဘရာဇီး လက်ရွေးစစ် တိုက်စစ် ကစားသမား ဟောင်း ရော်နယ်ဒို ကတော့ အသက် 21 နှစ် အရွယ် မတိုင်မီ မှာပဲ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို 3 ကြိမ် အထိ ရရှိ ထားခဲ့ ပေမယ့် အခု အချိန် မှာတော့ ပေါ်တူဂီ လက်ရွေးစင် က အဆိုပါ မှတ်တမ်း ကို ကျော်ဖြတ် ပြသွားခဲ့ ပါပြီ ။

အခုတော့ အီတလီ လက်ရွေးစင် အသင်း နဲ့ အတူ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဖေဘီယို ကန်နာဗားရိုး နဲ့ ပြုလုပ် ခဲ့တဲ့ အင်စတာ ဂရမ် မှ အင်တာဗျူး အစီအစဉ် မှာ ဘရာဇီး လက်ရွေးစင် ရော်နယ်ဒိုက သူကသာ စစ်မှန်တဲ့ ရော်နယ်ဒို ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ခရစ္စတီယာနို အတွက်တော့ ကျွန်တော်သာ စစ်မှန်တဲ့ ရော်နယ်ဒို ဖြစ်တယ် ဆိုတာ မကြာခန ကြားသိ ရတာ ပျင်းစရာ တောင် ကောင်းနေ လောက် ပါပြီ ။ လူတွေ ဟာ ဒါကို နှိုင်းယှဉ် လို့ မရနိုင် ပါဘူး ”

” ခရစ္စတီယာနို ဟာ သူ့ရဲ့ သွင်းဂိုး တွေနဲ့ ရရှိ ခဲ့တဲ့ အောင်မြင်မှု တွေကြောင့် ဘောလုံး လောက ရဲ့ သမိုင်းကြောင်း မှာ ထင်ကျန် နေမယ့် သူ တစ်ဦး ပါ ။ သူဟာ မက်ဆီ လိုပဲ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် ဘောလုံး သမိုင်း မှာ ထင်ကျန် နေပါ လိမ့်မယ် ” လို့ ဒိုကြီး က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဘရာဇီး လက်ရွေးစင် ရော်နယ်ဒို ဟာ ကစားသမား ဘဝ အတွင်း နိုင်ငံ့ လက်ရွေးစင် အသင်း နဲ့ အတူ ကမ္ဘာ့ ဖလား ဆုကို 1994 ၊ 2002 ခုနှစ် တွေမှာ ဆွတ်ခူး ထားနိုင်ခဲ့ သလို 1998 ခုနှစ် မှာလည်း ဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့ပြီး ဒုတိယ ရရှိ ခဲ့ ပါတယ် ။

1998 ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာတော့ ရော်နယ်ဒို ဟာ လက်ရွေးစင် အသင်း အတွက် အစပိုင်းမှာ မပါဝင် နိုင်ခဲ့ ပေမယ့် နောက်ပိုင်း မှာတော့ ဒဏ်ရာ ကနေ သက်သာ လာပြီး ပါဝင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် မှာတော့ ဇီဒန်း ဦးဆောင် ခဲ့တဲ့ ပြင်သစ် လက်ရွေးစင် အသင်း ကို ရှုံးနိမ့် ခဲ့ရ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဒိုကြီး ရော ဒိုလေး ပါ ရီးယဲ မက်ဒရစ် အသင်း အတွက် ကိုယ်စီ ကစား ပေးခဲ့ ကြပြီး စီ ရော်နယ်ဒို ကတော့ ချန်ပီယံ လိဂ် 4 ကြိမ် အပါအဝင် ဆု ဖလား အောင်မြင်မှု တွေနဲ့ တစ်ကိုယ်တော် ဆု တံဆိပ် တွေကို ပိုမို ရယူ နိုင်ခဲ့ ပါတယ် ။

သူတို့ နှစ်ဦး အကြား ကြီးမားတဲ့ ခြားနားချက် တစ်ခု ကတော့ စီ ရော်နယ်ဒို ဟာ ကစားသမား ဘဝ အတွင်း ဒဏ်ရာ ပြသနာ တွေကို တက်နိုင် သလောက် နည်းပါးအောင် လုပ်ဆောင် နိုင်ခဲ့ ပေမယ့် ဘရာဇီး ရော်နယ်ဒို ကတော့ ဒူး ဒဏ်ရာ ပြသနာ တွေကို အတော်လေး ခံစား ခဲ့ရ ပါတယ် ။

လက်ရှိ အချိန် မှာတော့ အီတလီ ထိပ်သီး ဂျူဗင်တပ် အသင်း မှာ ကစား နေတဲ့ စီ ရော်နယ်ဒို ဟာ အသက် 35 နှစ် ရှိနေ ခဲ့ပြီ ဖြစ်ပေမယ့် ခြေစွမ်း ပိုင်းတွေ ဆိုင်ရာ တွေမှာ ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့ပြီး စီးရီးအေ မှာ 22 ပွဲ ကစား ပေးထား ခဲ့ရာ 21 ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။

#Sports_Myanmar