လီဗာပူးသာ လျှင်လျှင်မြန်မြန် တိုးတက်လာမှု မရှိခဲ့ဘူးဆိုရင် ရာထူးကနေ ထုတ်ပယ် ခံရနိုင်တယ်လို့ ဝန်ခံလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က သူ့ရဲ့ လီဗာပူး နည်းပြ ဘ၀ အစောပိုင်းမှာ ရာထူကနေထုတ်ပယ် ခံရမှာကို ကြောက်ရွံ့မိခဲ့ကြောင်းဝန်ခံပြောဆိုသွားခဲ့ပါတယ်။ကလော့ဟာလီဗာပူးကို ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်း အဖြစ်ပုံလောင်းနိုင်ခဲ့ပြီးလီဗာပူးဟာပြီးခဲ့တဲ့ ၁၀ လအတွင်း ချန်ပီယံလိဂ် ဖလား ၊ စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကိုဆွတ်ခူး နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကလော့ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ လီဗာပူးကို တစ်ရာသီလုံး ရမှတ် ၅ မှတ်သာ ဆုံးရှုံး ထားခဲ့တဲ့ အထိ အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီးအန်ဖီးကလပ်ဟာ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ လိုတဲ့ အချိန်မှာ ဒုတိယ နေရာက မန်စီးတီး ကို ၂၅ မှတ်ထိ ဖြတ်ထား နိုင်ခဲ့ပြီး နှစ် ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလား ကို ဆွတ်ခူး နိုင်ရန် နောက်ထပ် အမြင့်ဆုံး ရမှတ် ၆ မှတ်သာ လိုပါတော့တယ်။

ဒါပေမယ့် ကလော့ဟာသူဟာဒီအသင်းကိုတည်ဆောက်ဖို့အတွက်အချိန်လိုအပ်မယ် ဆိုတာ သိထား ခဲ့တယ်လို့ ဖွင့်ဟ လိုက်ပြီး ဒါကိုကလပ်အသင်းပိုင်ရှင်တွေဖြစ်ကြတဲ့ FSG ဘက်က သဘောပေါက်အောင် လုပ်နိုင်ရန် ဖိအားဒဏ်ကို ခံစား ခဲ့ရတယ်လို့ ဝန်ခံ ခဲ့ပါတယ်။

ကလော့ က “ကျွန်တော် ဒီအသင်းကို နေ့ချင်းညချင်း ပြင်ဆင် နိုင်မှာ မဟုတ်ဘူး ဆိုတာ ရှင်းရှင်း လင်းလင်း သိခဲ့ ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ကို အချိန်တစ်ခု ပေးရန် တောင်းဆို ခဲ့ရ ပါတယ်။ လီဗာပူးကို မကိုင်မီ ကျွန်တော့်ရဲ့ နည်းပြ ဘ၀ မှာ ကျွန်တော် တစ်ကြိမ် တစ်ခါမှ ထုတ်ပယ် ခံခဲ့ရခြင်းမရှိပါဘူး။ဒါ့ကြောင့်ကျွန်တော့်မှာ ဒါနဲ့ ပက်သက်ပြီး အတွေ့အကြုံ မရှိပါဘူး။

ဒါပေမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ်ဟာ မတူညီတဲ့ level ဆိုတာ ကျွန်တော် သိပါတယ်။ အကယ်၍ ကျွန်တော် လျှင်လျှင်မြန်မြန် ရလဒ်ကောင်းတွေ ရအောင် မလုပ် ထားနိုင်ဘူး ဆိုရင်ကျွန်တော်ရာထူးကနေထုတ်ပယ်ခံရမှာပါ။ဒါ့ကြောင့်လည်း အကယ်၍ ကျွန်တော် လာမည့် ၄ နှစ် လီဗာပူးမှာ ဆက်ရှိနေ ခဲ့မယ်ဆိုရင်အသင်းကို ဆုဖလား တစ်လုံးတော့ ရယူ ပေးနိုင်မှာလို့ ပြောခဲ့တာပါ။ ကျွန်တော် အချိန် ၄ နှစ် တောင်းဆို ခဲ့တာ မဟုတ်ပါဘူး။ အချိန် အနည်းငယ် ပေးဖို့ပဲ တောင်းဆို ခဲ့တာပါ။ ကျွန်တော်တို့ အချိန် ရခဲ့ပါတယ်။

ကောင်းမွန်တဲ့ အရာ ကတော့ ၆ ပွဲ ၇ ပွဲ ၈ ပွဲ အပြီးလောက်မှာ သူတို့ဟာ အသင်းရဲ့ အခြေအနေကိုအကောင်းမြင်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့လမ်းကြောင်းမှန်ပေါ် ရောက်နေတယ် ဆိုတာကို သူတို့ သဘောပေါက် ခဲ့ကြ ပါတယ်။ အဲဒီ အချိန် ကနေ စပြီး သူတို့ အသင်းနဲ့ ပက်သက်ပြီး တစ်စက္ကန့်တောင် မေးခွန်း မထုတ် ခဲ့ပါဘူး။

သူတို့ဟာ ယုံကြည်မှု အပြည့်ပေး ခဲ့ပြီး ငါတို့ လမ်းကြောင်းမှန် ပေါ်မှာ ရှိနေမယ် ဆိုရင် အရာအားလုံး အိုကေ လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလို ခက်ခဲတဲ့ လိဂ်မှာ တစ်စုံတစ်ရာ အောင်မြင်မှု ရနိုင်မလား ဆိုတာ ဘယ်သူသိမှာလဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီပုံစံအတိုင်း ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့် ဆီဗီလာ ၊ စီးတီး နဲ့ ရီးရဲယ် တို့ကို ရှုံးနိမ့် ခဲ့ပြီးနောက် ဖိုင်နယ်တွေမှာ ရှုံးခဲ့တာကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်မတွေး တော့ပါဘူး။ Pundits တွေက အကယ်၍ သူ လာမည့် ဖိုင်နယ် မနိုင်ခဲ့ဘူး ဆိုရင် သူတို့ တစ်စုံတစ်ရာ ပြောင်းရမယ်လို့ ပြောခဲ့ ကြပါတယ်။ ဒီလိုမျိုး ရှိပါတယ်။ ဒီလိုမျိုး ဖြစ်လာမယ်လို့ ဘယ်သူမှ စိတ်ထဲကတော့ တွေးမိမှာ မဟုတ်ပါဘူး။” လို့ ဆိုသွား ပါတယ်။

ကလော့ဟာ ၂၀၁၅ အောက်တိုဘာလ မှာ ဘရန်ဒန်ရော်ဂျာရဲ့ နည်းပြရာထူးကို လွှဲပြောင်းရယူခဲ့တာဖြစ်ပြီးလီဗာပူးကို၃နှစ်အတွင်းယူရိုပါလိဂ်ဖလားဖိုင်နယ်၊လိဂ်ဖလား ဖိုင်နယ် နဲ့ ချန်ပီယံလိဂ် ဖလား ဖိုင်နယ်တွေကိုပို့ဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ဒုတိယ နေရာနဲ့သာ ကျေနပ် ခဲ့ရသလို ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ် မှာလည်းရမှတ် ၉၇မှတ်ထိရခဲ့ပေမယ့်လည်းတစ်မှတ်တည်းနဲ့ကပ်ကာအမှတ်ပေးဖလားကိုလက် လွှတ် ခဲ့ရပါတယ်။

ဒါပေမယ့် ဂျာမန် နည်းပြဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဖိုင်နယ်ကို နောက်တစ်ကြိမ် တက်ရောက် နိုင်အောင် လုပ်ပေး နိုင်ခဲ့ပြီး မက်ဒရစ် မှာ ကျင်းပ ခဲ့တဲ့ ဖိုင်နယ် မှာ လီဗာပူးဟာ တော့တင်ဟမ် ကို ၂-၀ နဲ့ နိုင်ကာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလား ကို သိမ်းပိုက် နိုင်ခဲ့ ပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ဒီရာသီမှာ ယူအီးအက်ဖ်အေ စူပါဖလား ၊ ကလပ် ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူး ထားနိုင် ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ကိုလည်း သိမ်းပိုက် နိုင်ရန် လက်တကမ်း အကွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ယူအီးအက်ဖ်အေ နဲ့ Europe’s 55 national associations တို့ video conference နဲ့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့ပြီးလိဂ်ပြိုင်ပွဲတွေကိုလာမည့်ဇွန်မှာ ပြန်လည်စတင်နိုင်အောင်ကြိုးပမ်းသွားဖို့သဘောတူညီခဲ့ကြပါတယ်။ပရီးမီးယားလိဂ် ကလပ်တွေ ကလည်း ဒီရာသီကို လာမည့်ဇူလိုင်၃၁မှာအပြီးသတ်ကစားနိုင်အောင် ရည်ရွယ် ထားကြတယ်လို့ သိရပါတယ်။

SM