လာမည့်ရာသီ လီဗာပူး ပထမအသင်းကြီးမှာ နေရာရလာမယ့် ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါ က လီဗာပူး ရဲ့လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့နီကိုဝီလျံနဲ့ကာတစ်ဂျုံး တို့ဟာ လာမည့် ရာသီ လီဗာပူး ပထမ အသင်းကြီးမှာ နေရာ ရလာနိုင်တယ်လို့ မှတ်ချက် ပေးသွား ပါတယ်။ အဆိုပါ ကစားသမား ၂ ဦးဟာ ဒီရာသီ မှာလည်းစီနီယာ အသင်းကြီး အတွက် ပွဲစဉ်အချို့ကစားခွင့်ရခဲ့ပြီးနည်းပြယာဂန်ကလော့ဟာရှုံးထွက် ဖလား ပြိုင်ပွဲ တွေမှာ ကလပ် ရဲ့ လူငယ် ကြယ်ပွင့် တွေကို ယုံကြည်စွာ နေရာပေး ကစား ခဲ့ပါတယ်။

ဝီလျံ နဲ့ ဂျုံး တို့ နှစ်ဦးဟာ ကာရာဘောင်းဖလား ပွဲစဉ် အချို့ အပြင် ၊ အဲဗာတန် ၊ ရှရူဘူရီ နဲ့ ချဲလ်ဆီး တို့နဲ့ ကစားခဲ့တဲ့အက်ဖ်အေဖလားပွဲစဉ်တွေမှာလည်းဝင်ရောက် ကစားခွင့် ရခဲ့ပါတယ်။ ၎င်းတို့ရဲ့ အကောင်းဆုံး အခိုက်အတန့်ကတော့မာဆေးဆိုက် ပြိုင်ဘက် အဲဗာတန် ကို လီဗာပူး တို့ အနိုင် ရရှိ ခဲ့တဲ့ အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ်ပဲဖြစ်ပြီးအဆိုပါပွဲမှာလီဗာပူးဟာကာတစ်ဂျုံးရဲ့လှပတဲ့အဝေးကန်ချက် နဲ့ နောက်တဆင့် တက်ခဲ့ ပါတယ်။

ကာရေဂါကတော့ ဂျုံး နဲ့ဝီလျံတို့ဟာလက်ရှိမှာနောက်တဆင့်ကိုခြေလှမ်းလှမ်းနိုင်ပြီး ကလော့ရဲ့ အနာဂတ် အစီအစဉ် မှာ ကြီးကြီးမားမား ပါဝင် လာနိုင်တယ်လို့ ခံစား မိနေ ပါတယ်။

ကာရေဂါက “အဲဗာတန် နဲ့ ပွဲမှာ ကစား ခဲ့တဲ့ သူတို့ရဲ့ ခြေစွမ်းဟာ ဒီရာသီ သူတို့ ပြသခဲ့တဲ့ အကောင်းဆုံး သက်သေ တွေထဲက တစ်ခုပါ။ လူငယ် ကစားသမား တော်တော်များများ ရှိရာမှာ အားလုံးဟာ ပထမ အသင်းကြီးဆီကို ရောက်သွား နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီထဲက ကစားသမား ၁ ဦး ၂ ဦးဟာ နောက်တစ်ဆင့် ကို တက်လှမ်းခွင့် ပေးဖို့ အသင့် ဖြစ်နေပြီ ဆိုတာ သက်သေ ပြထား ခဲ့ပါတယ်။

နီကိုဝီလီယံ နဲ့ ကာတစ်ဂျုံးတို့ဖြစ်နိုင်ပါတယ်။ဂျုံးဟာလက်ရှိလီဗာပူးရဲ့ကွင်းလယ်ကို တစ်စုံတစ်ရာ အားဖြစ် စေနိုင်ပါတယ်။ လီဗာပူးရဲ့ကွင်းလယ်ကစားသမား တွေဟာ ပြေးလွှား ကစား နိုင်ရ ပါမယ်။ သူတို့ရဲ့ ကွင်းလယ်တည်ဆောက်ပုံကိုကြည့်လိုက်ပါ။ အမြဲတမ်းမြင့်မားတဲ့စွမ်းရည်လိုအပ်ပါတယ်။ကျွန်တော်ကတော့ဒါဟာယာဂနကလော့ အတွက် အရေးပါဆုံး အရာလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ကာတစ်ဂျုံး လီဗာပူးကို ထပ်မံ ပေါင်းထည့် ပေးနိုင်တဲ့ အရာ ဖြစ်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ဂျုံးဟာ ဒီရာသီ လီဗာပူး လူငယ် အသင်းမှာလည်း ထူးချွန်စွာခြေစွမ်းပြကစားနေတာ ငြင်းမရ ပါဘူး။ ဒါကို အက်ဖ်အေဖလား ပွဲစဉ်တွေမှာ လီဗာပူး အသင်းကြီး အတွက် ခြေစွမ်းပြ ပေးခဲ့ပြီး သူ့ရဲ့ အလားအလာ ဘယ်လောက် ရှိသလဲ ဆိုတာ ပြသ ခဲ့ပါတယ်။

ဒါ့အပြင် အလက်ဇန်းဒါးအာနိုး နေရာမှာ ကစားတဲ့ ညာနောက်ခံလူ နီကိုဝီလီယံ ကလည်း ပရိတ်သတ်တွေကို မျက်စိ ကျစေခဲ့တဲ့ ကစားသမား ဖြစ်ပြီး ကာရေဂါက ဝီလျံဟာ အလက်ဇန်းဒါးအာနိုး ရဲ့ ပွဲထွက် ကစားသမား နေရာကို စိန်ခေါ် နိုင်စွမ်း ရှိတဲ့ အရည်အသွေးတွေ ပိုင်ဆိုင် ထားတယ်လို့ မှတ်ချက် ပေးခဲ့ ပါတယ်။

ကာရေဂါက “ကျွန်တော် ကတော့ ထရန် အတွက် နီကိုဝီလျံ ဟာ လူငယ် အသင်း ကနေ ပေါ်ထွက် လာခဲ့ပါတယ်။ သူဟာ ကလော့ ရဲ့ ယုံကြည်မှုကို ရထား ခဲ့ပါတယ်။ ကျွန်တော် ကတော့ ဝီလျံဟာ ထရန့်ရဲ့ အရန် ဒါမှမဟုတ် သူဒဏ်ရာ ရတဲ့ အခါ ဒီနေရာကို ဝင်ဖြည့် ကစား နိုင်လောက်အောင် ကောင်းတယ် ဆိုတာ ပြသ ထားခဲ့ပြီးပြီလို့ ကျွန်တော် ယူဆ ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SPORTS MYANMAR